ဇာတ်ရှိန်မြင့်ဦးမယ့် ရော်နယ်ဒို ပွဲဦးထွက်၊ ဟာဇက်ရဲ့ ဆုံးဖြတ်ချက်၊ ဆာအဲလက်စ်လို လုပ်နေတဲ့ တန်ဟက်နဲ့ ညနေခင်း ထူးခြား ဘောလုံးသတင်းများ

ခရစ္စတယ် ပဲလေ့စ်အသင်းဟာ ယူနိုက်တက် အသင်းထံမှ ဝမ်ဘစ်ဆာကာကို ပြန်မခေါ်ယူနိုင်ဘူးဆိုရင် ဂါလာတာ ဆာရေးက ဆာချာ ဘိုဝေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

အဲရစ်တန်ဟက်ဟာ အိုးလ်ထရက်ဖို့ဒ်က ရွှေရောင်နေ့ရက်တွေဆီ ပြန်လည်ခေါ်ဆောင်ဖို့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ အစီအစဉ်ကို အသုံးချပြီး အနာဂတ်ကို ချီတက်နေတာ ဖြစ်တယ်လို့ အင်္ဂလန် သတင်းတွေမှာ သုံးသပ်နေပါတယ်။

ရုန်းကန်နေရတဲ့ အဲဗာတန်နဲ့ ဆောက်သမ်တန်တို့ဟာ အသင်းကို အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ဘန်လေ နည်းပြဟောင်း ရှောင်ဒိုင်ချီကို ခန့်အပ်ဖို့ စောင့်ကြည့်နေပါတယ်။

လီဗာပူးနဲ့ အာဆင်နယ် အသင်းတို့ ချိတ်ဆက်ခြင်း ခံနေရပေမယ့် ဒီကလန်ရိုက်စ်ကို ဒီ ဇန်နဝါရီမှာ ရောင်းချမှာ မဟုတ်ကြောင်း ဒေးဗစ်မိုယက်စ်က ပြောဆိုခဲ့ပါတယ်။

နယူးကာဆယ်၊ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ လိဒ်စ်တို့ဟာ ဇန်နဝါရီမှာ ဘန် ဘရီရက်တန်ဒီယက်ကို ခေါ်ယူဖို့ စိတ်ဝင်စား ပေမယ့် ဘလက်ဘန်းရဲ့ခေါ်ဈေး ပေါင် ၁၅သန်း ပေးချေဖို့ အဆင်သင့် မရှိနေပါဘူး။

ချယ်ဆီးဟာ လိုက်ပ်ဇစ် တောင်ပံကစားသမား ဒါနီအော်လ်မိုအကြောင်း မေးမြန်းစုံစမ်းခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆလော့တီဟာ ဂျူ့ဒ်ဘယ်လင်ဟမ်ရဲ့ အရည်အသွေးတွေကို ချီးကျူးခဲ့ပေမယ့် ကလပ်မှာ ရှိပြီးသား လူငယ်ကွင်းလယ်လူတွေကိုပဲ ဆက်သုံးလို့ရသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

အီဒင်ဟာဇက်ဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမယ့် ဘောလုံးရာသီဝက် ဒီ ဇန်နဝါရီမှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာ မသွားဖို့ ဆုံးဖြတ်ထားပါတယ်။

ယူနိုက်တက်ဟာ အယ်နာဆာ တိုက်စစ်မှူး ဗင်းဆင့် အဘူဘာကာကို အငှားခေါ်ယူဖို့ ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။

မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဖာလန်မန်ဒီကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

မူဒရစ်ဟာ အာဆင်နယ်နဲ့ ချယ်ဆီးကြား ဗျာများနေရတာကြောင့် ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းကြား ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။

ချယ်ဆီးအသင်းက ရာသီကုန် ထိပ်ဆုံးလေးသင်းထဲ မဝင်ဘူးဆိုရင်တောင် တော့ဒ်ဘိုးလီက ဂရေဟမ်ပေါ်တာကို ထုတ်ပယ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။