ဘောလုံး ရာသီ ပြီးဆုံးရင် ချယ်ဆီးနဲ့ ယူနိုက်တက်တို့သာ အဆင့် ၃ နဲ့ ၄ နေရာ အတွင်း တင်ကျန်ရစ်နိုင်မယ်လို့ ရော်ဘီ ဆားဗေ့ချ်နဲ့ ဖာဒီနန်တို့က သုံးသပ်ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ညက ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အနီးစပ်ဆုံး ဆက်လက် ဖိအားပေး နိုင်ခဲ့ပေမယ့် နည်းပြ ဆိုးရှားက အသင်း တိုက်စစ်သမားတွေရဲ့ ယုံကြည်မှု လျော့ပါးနေမှုတွေကို ထောက်ပြခဲ့ပြီး သတိပေးခဲ့ပါတယ်။
ဒီတပတ် တနင်္ဂနွေ ယှဉ်ပြိုင် ကစားကြမယ့် ယူနိုက်တက်နဲ့ ချယ်ဆီးတို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ယူနိုက်တက်ကသာ ပေးဂိုး မရှိ အနိုင်ရသွားနိုင်ပြီး တဖက်မှာလည်း စီးတီးက အာဆင်နယ်ကို ကျော်ဖြတ်ကာ မန်ချက်စတာ ဒါဘီ ဗိုလ်လုပွဲ ဖြစ်သွားနိုင်တယ်လို့ လော်ရိုးက သုံးသပ်ထားပါတယ်။
၂၀၂၀ ထဲ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ကစားသမား စာရင်းမှာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်က လီဗာပူးမှ ဆာလက်နဲ့ ပူးတွဲ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။ မာရှယ်က ဒီနှစ်ထဲ လိဂ်ဂိုး ၁၀ ဂိုး သွင်းယူထားပါတယ်။
ပဲလေ့စ်နဲ့ ပွဲမှာ ခက်ခဲတဲ့ကြားက ယူနိုက်တက် အနိုင်ရလဒ် ယူနိုင်ခဲ့တာကြောင့် အသင်းသားတွေ အနေနဲ့ ပြုံးပျော်ခွင့် ရှိပြီ ဖြစ်ကြောင်း ဆိုးရှားက ချီးကျူးစကားလည်း ဆိုခဲ့ပါတယ်။
ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ အသင်း အတွက် အစားထိုးလို့ မရတဲ့ ကစားသမား ဖြစ်တာကြောင့် ရအောင် ထိန်းသိမ်းထားဖို့ ပဲလေ့စ်နဲ့ ပွဲအပြီးမှာ ဖာဒီနန်က သတိပေး တိုက်တွန်းလိုက်ပါတယ်။
ပဲလေ့စ် တိုက်စစ်မှူး ဇာဟာကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့တဲ့ ခံစစ်မှူး ဝမ် ဘစ်ဆာကာ က ဗဟိုခံစစ်နေရာမှာ ပြောင်းလဲ ကစားနိုင်စွမ်း ရှိကြောင်း သက်သေပြထားပြီလို့ Goal သတင်းဌာနက သုံးသပ်သွားပါတယ်။
Zawgyi – ေဘာလံုး ရာသီ ျပီးဆံုးရင္ ခ်ယ္ဆီးနဲ႕ ယူနုိက္တက္တို႔သာ အဆင့္ ၃ နဲ႕ ၄ ေနရာ အတြင္း တင္က်န္ရစ္နုိင္မယ္လို႔ ေရာ္ဘီ ဆားေဗ့ခ်္နဲ႕ ဖာဒီနန္တို႔က သံုးသပ္ေျပာဆိုခဲ့ပါတယ္။
ယူနုိက္တက္ဟာ ညက ခရစၥတယ္ပဲေလ့စ္နဲ႕ ပြဲမွာ ၂-၀ နဲ႕ အနုိင္ရခဲ့ျပီး ခ်န္ပီယံလိဂ္၀င္ခြင့္ အတြက္ အနီးစပ္ဆံုး ဆက္လက္ ဖိအားေပး နုိင္ခဲ့ေပမယ့္ နည္းျပ ဆိုးရွားက အသင္း တိုက္စစ္သမားေတြရဲ႕ ယံုၾကည္မႈ ေလ်ာ့ပါးေနမႈေတြကို ေထာက္ျပခဲ့ျပီး သတိေပးခဲ့ပါတယ္။
ဒီတပတ္ တနဂၤေႏြ ယွဥ္ျပိဳင္ ကစားၾကမယ့္ ယူနုိက္တက္နဲ႕ ခ်ယ္ဆီးတို႔ရဲ႕ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္မွာ ယူနုိက္တက္ကသာ ေပးဂိုး မရွိ အနုိင္ရသြားနုိင္ျပီး တဖက္မွာလည္း စီးတီးက အာဆင္နယ္ကို ေက်ာ္ျဖတ္ကာ မန္ခ်က္စတာ ဒါဘီ ဗိုလ္လုပြဲ ျဖစ္သြားနုိင္တယ္လို႔ ေလာ္ရိုးက သံုးသပ္ထားပါတယ္။
၂၀၂၀ ထဲ ပရီးမီးယားလိဂ္ သြင္းဂိုး အမ်ားဆံုး ကစားသမား စာရင္းမွာ ယူနုိက္တက္ တိုက္စစ္မွဴး မာရွယ္က လီဗာပူးမွ ဆာလက္နဲ႕ ပူးတြဲ ထိပ္ဆံုးကေန ရပ္တည္ေနပါတယ္။ မာရွယ္က ဒီနွစ္ထဲ လိဂ္ဂိုး ၁၀ ဂိုး သြင္းယူထားပါတယ္။
ပဲေလ့စ္နဲ႕ ပြဲမွာ ခက္ခဲတဲ့ၾကားက ယူနိုက္တက္ အနုိင္ရလဒ္ ယူနုိင္ခဲ့တာေၾကာင့္ အသင္းသားေတြ အေနနဲ႕ ျပံဳးေပ်ာ္ခြင့္ ရွိျပီ ျဖစ္ေၾကာင္း ဆိုးရွားက ခ်ီးက်ဴးစကားလည္း ဆိုခဲ့ပါတယ္။
ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ အသင္း အတြက္ အစားထိုးလို႔ မရတဲ့ ကစားသမား ျဖစ္တာေၾကာင့္ ရေအာင္ ထိန္းသိမ္းထားဖို႔ ပဲေလ့စ္နဲ႕ ပြဲအျပီးမွာ ဖာဒီနန္က သတိေပး တိုက္တြန္းလိုက္ပါတယ္။
ပဲေလ့စ္ တိုက္စစ္မွဴး ဇာဟာကို ေကာင္းစြာ ထိန္းခ်ဳပ္နိုင္ခဲ့တဲ့ ခံစစ္မွဴး ၀မ္ ဘစ္ဆာကာ က ဗဟိုခံစစ္ေနရာမွာ ေျပာင္းလဲ ကစားနုိင္စြမ္း ရွိေၾကာင္း သက္ေသျပထားျပီလို႔ Goal သတင္းဌာနက သံုးသပ္သြားပါတယ္။