အာဆင်နယ်က တကယ်လို့သာ မူဒရစ် ကို ခေါ်ယူရေး မအောင်မြင်ခဲ့ရင် ချယ်ဆီး ကစားသမားဟောင်း ဖြစ်တဲ့ ရီးရဲလ် ကွင်းလယ် အီဒင် ဟာဇက် ဘက်ကို ဦးလှည့် ကြိုးစားလာနိုင်တယ် လို့ သတင်း ထွက်ပေါ်လာပါတယ်။
ဒီအပတ် စနေနေ့ မန်ချက်စတာ ဒါဘီအတွက် မထင်မှတ်ထားတဲ့ လူစာရင်းကို ပွဲထုတ်လာနိုင်ကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာက အရိပ်အမြွက် ပေးခဲ့ပါတယ်။
နယ်သာလန် တိုက်စစ်မှုး ဗက်ဟော့စ်ဟာ အငှားကလပ် ဘက်ဆစ်တပ်နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ယူနိုက်တက်နဲ့ လာရောက် ပူးပေါင်းဖို့ မန်ချက်စတာ သို့ လာနေပြီ ဖြစ်ပါတယ်။ ဘက်ဆစ်တပ်က စာချုပ်ဖျက်သိမ်းတဲ့ အတွက် လျော်ကြေး ယူရို ၃ သန်း ရခဲ့တယ် လို့ သိရပါတယ်။

ချယ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုဟာ ရာသီကုန်မှာ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပြီး လန်ဒန်ကလပ်နဲ့ သက်တမ်း မတိုးတော့ဘဲ အလွတ်နဲ့ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
ဘောလုံး ကစားခြင်းကနေ အနားယူလိုက်ပြီ ဖြစ်တဲ့ ဂါရတ်ဘေးကို ဥရောပရဲ့ ထိပ်တန်း ဂေါ့ဖ်အဖွဲ့အစည်းဟာ ကြိုဆိုသွားမှာဖြစ်ပြီး ဂျီယန်ဖရန်ကို ဇိုလာ၊ ရော်ဘီဖောင်လာ၊ အန်ဒရူး စထရာယက်၊ ဒါမွန်ဟေးလ်တို့လို အားကစား ဂန္တဝင်တွေနဲ့ ယှဉ်ပြိုင်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ စတုတ်စီးတီးမှာ အငှားချထားတဲ့ လီယမ် ဒီလပ်ကို ပြန်လည်ခေါ်ယူသွးဖို့ စဉ်းစားနေပါတယ်။
အက်သလက်တီကို မက်ဒရစ်ကနေ ချယ်ဆီးအသင်းထံ ကနဦး အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်သမား ဂျာအိုဖိလစ်ဟာ ချယ်ဆီးနဲ့ လေ့ကျင့်ရေး ဆင်းနေပြီ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ အသင်းရဲ့ ဝင်ငွေထွက်ငွေ မျှတစေဖို့ ကြယ်ပွင့်ကစားသမားများစွာကို ရှင်းထုတ်ပစ်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။

အာဆင်နယ် စိတ်ဝင်စားတယ် သတင်းထွက်နေတဲ့ ဘာစီလိုနာ ကစားသမား ဒီပေး ကို အက်သလက်တီကို မက်ဒရစ်က ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
ချယ်ဆီးအနေနဲ့ ဂရေဟမ်ပေါ်တာကို ထုတ်ပယ်မယ်ဆိုရင် ပိုချက်တီနိုက ချယ်ဆီးနည်းပြသစ် ဖြစ်လာဖို့ အသင့် ရှိနေပါတယ်။ ပိုချက်တီနိုဟာ မနှစ်က ပီအက်စ်ဂျီ နဲ့ လမ်းခွဲတည်းက အသင်းလက်မဲ့ ဖြစ်နေပါသေးတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အေဂျက်ကနေ အန်တိုနီကို ခေါ်ယူနိုင်ဖို့ မတန်တဆ ဈေး ပိုပေးခဲ့ရတယ်ဆိုတာ အိုးလ်ထရက်ဖို့ဒ် အကြီးအကဲတွေက နားလည်ထားခဲ့ပြီး ဖြစ်ပါတယ်။

အာဆင်နယ် ကနေ ၂၀၂၀ မှာ ထွက်ခွာသွားတဲ့ လူငယ် အသင်းခေါင်းဆောင်ဟောင်း ရော်ဘီဘာတန်ဟာ ဒိုင်နမို ဇာဂရက် အသင်းနဲ့ စာချုပ် ဖျက်သိမ်းလိုက်ပါတယ်။ ဘာတန် ဟာ ၂ကြိမ် အငှားထွက် ကစားခဲ့သေးပြီး ဇာဂရက် အတွက်တော့ ၁၇ ပွဲ ကစားထားခဲ့ပါတယ်။
ဘာကာကိုယိုကိုဟာ အေစီမီလန်နဲ့ အငှားစာချုပ်ကို အဆုံးသတ်ပြီး တခြားနေရာ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေပါတယ်။
