ယူနိုက်တက် ကို သတိထားဖို့ ချယ်ဆီးအသင်းသားတွေအား လမ်းပတ် ကြိုတင် သတိပေးချက်ထုတ်

ချယ်ဆီးအသင်း နည်းပြ ဖရန့်လမ်းပတ်ကတော့ ဒီတစ်ပတ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် မတိုင်ခင်မှာပဲ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေကို သတိထားကြဖို့ ချယ်ဆီးအသင်းသားတွေအား သတိပေးမှု ပြုလုပ်သွားခဲ့ပါတယ်။

လမ်းပတ်ရဲ့ ချယ်ဆီးဟာ တနင်္ဂနွေနေ့ ဝင်ဘာလေကွင်းကြီးမှာ ယူနိုက်တက်နဲ့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးဟာ ဒီရာသီ ယူနိုက်တက်နဲ့ ဆုံထားသမျှ ပွဲစဉ်တိုင်း အနိုင်မရသေးဘဲ ရှိနေပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ဘောလုံးပွဲတွေ ပြန်စတင်တည်းက ရှုံးပွဲ မရှိသေးဘဲ ပုံစံကောင်း ရနေတာကြောင့် လမ်းပတ်ဟာ ယူနိုက်တက် တိုက်စစ် သုံးယောက် ဖြစ်တဲ့ ရက်ဖို့ဒ်၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ ခြိမ်းခြောက်မှု အပြင် ဇန်နဝါရီကမှ ခေါ်ယူထားတဲ့ ဖာနန်ဒက်စ်ကိုလည်း စိုးရိမ်နေပါတယ်။

” ယူနိုက်တက် သိပ်ကောင်းကောင်း ကစားနေတယ်ဆိုတာ ကျနော်တို့ သိကြပါတယ်။ သူတို့ ရှေ့က တိုက်စစ်သုံးယောက် အတွဲက သိပ် အစွမ်းထက်နေပြီး လက်ရှိ အင်္ဂလန်မှာတော့ အကောင်းဆုံး တိုက်စစ် အတွဲ လို့ ကိန်းဂဏန်းတွေ ကြည့်လိုက်ရုံနဲ့ သိသာနေပါတယ်။ ဒါ့အပြင် ဇန်နဝါရီက ရောက်လာခဲ့တဲ့ ဖာနန်ဒက်စ်ကလည်း သူတို့ကို လုံး၀ ခြားနားသွားစေခဲ့တယ်။

ဒီအသင်းမှာ တစ်ဦးချင်း ထူးချွန်သူတွေ ရှိပြီးသား ဖြစ်တဲ့ အပြင် အခုလို အားသာချက်တွေ ထပ်ရထားတော့ ပို အစွမ်းထက်နေပါပြီ။ ဒါကို ကျနော်တို့ ကောင်းကောင်း သိတယ်။ ဒါပေမယ့် ကျနော်တို့ကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိတယ်။ ဒီတော့ သူတို့ ခြိမ်းခြောက်မှုတွေကို ယှဉ်ဖို့ သတိကြီးကြီးနဲ့ ပြင်ဆင်ရမှာပါ။ ” လို့ လမ်းပတ်က ပွဲကြိုမှာ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ နှစ်သင်းထဲက ဒီဆီမီးဖိုင်နယ် ပွဲစဉ် အနိုင်ရတဲ့ အသင်းဟာ သြဂုတ်လ ၁ ရက်နေ့မှာတော့ တဖက်ပွဲစဉ် အာဆင်နယ်နဲ့ မန်စီးတီး ပွဲစဉ်က နိုင်လာတဲ့ အသင်းနဲ့ ဗိုလ်လုပွဲ ထိပ်တိုက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း နည္းျပ ဖရန္႔လမ္းပတ္ကေတာ့ ဒီတစ္ပတ္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္ မတိုင္ခင္မွာပဲ ျပိဳင္ဘက္ မန္ခ်က္စတာ ယူနိုက္တက္ ကစားသမားေတြကို သတိထားၾကဖို႔ ခ်ယ္ဆီးအသင္းသားေတြအား သတိေပးမႈ ျပဳလုပ္သြားခဲ့ပါတယ္။

လမ္းပတ္ရဲ႕ ခ်ယ္ဆီးဟာ တနဂၤေႏြေန႔ ၀င္ဘာေလကြင္းၾကီးမွာ ယူနိုက္တက္နဲ႕ ရင္ဆိုင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးဟာ ဒီရာသီ ယူနိုက္တက္နဲ႕ ဆံုထားသမွ် ပြဲစဥ္တိုင္း အနုိင္မရေသးဘဲ ရွိေနပါတယ္။

ဒါ့အျပင္ ယူနိုက္တက္ဟာ ေဘာလံုးပြဲေတြ ျပန္စတင္တည္းက ရွံဳးပြဲ မရွိေသးဘဲ ပံုစံေကာင္း ရေနတာေၾကာင့္ လမ္းပတ္ဟာ ယူနိုက္တက္ တိုက္စစ္ သံုးေယာက္ ျဖစ္တဲ့ ရက္ဖို႔ဒ္၊ မာရွယ္နဲ႕ ဂရင္း၀ုဒ္တို႔ ျခိမ္းေျခာက္မႈ အျပင္ ဇန္န၀ါရီကမွ ေခၚယူထားတဲ့ ဖာနန္ဒက္စ္ကိုလည္း စိုးရိမ္ေနပါတယ္။

” ယူနိုက္တက္ သိပ္ေကာင္းေကာင္း ကစားေနတယ္ဆိုတာ က်ေနာ္တို႔ သိၾကပါတယ္။ သူတို႔ ေရွ႕က တိုက္စစ္သံုးေယာက္ အတြဲက သိပ္ အစြမ္းထက္ေနျပီး လက္ရွိ အဂၤလန္မွာေတာ့ အေကာင္းဆံုး တုိက္စစ္ အတြဲ လို႔ ကိန္းဂဏန္းေတြ ၾကည့္လိုက္ရံုနဲ႕ သိသာေနပါတယ္။ ဒါ့အျပင္ ဇန္န၀ါရီက ေရာက္လာခဲ့တဲ့ ဖာနန္ဒက္စ္ကလည္း သူတို႔ကို လံုး၀ ျခားနားသြားေစခဲ့တယ္။

ဒီအသင္းမွာ တစ္ဦးခ်င္း ထူးခၽြန္သူေတြ ရွိျပီးသား ျဖစ္တဲ့ အျပင္ အခုလို အားသာခ်က္ေတြ ထပ္ရထားေတာ့ ပို အစြမ္းထက္ေနပါျပီ။ ဒါကို က်ေနာ္တို႔ ေကာင္းေကာင္း သိတယ္။ ဒါေပမယ့္ က်ေနာ္တို႔ကလည္း ကုိယ့္ကိုယ္ကို ယံုၾကည္မႈ အျပည့္ ရွိတယ္။ ဒီေတာ့ သူတို႔ ျခိမ္းေျခာက္မႈေတြကို ယွဥ္ဖို႔ သတိၾကီးၾကီးနဲ႕ ျပင္ဆင္ရမွာပါ။ ” လို႔ လမ္းပတ္က ပြဲၾကိဳမွာ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႕ ယူနုိက္တက္တို႔ နွစ္သင္းထဲက ဒီဆီမီးဖိုင္နယ္ ပြဲစဥ္ အနိုင္ရတဲ့ အသင္းဟာ ၾသဂုတ္လ ၁ ရက္ေန႔မွာေတာ့ တဖက္ပြဲစဥ္ အာဆင္နယ္နဲ႕ မန္စီးတီး ပြဲစဥ္က နုိင္လာတဲ့ အသင္းနဲ႕ ဗိုလ္လုပြဲ ထိပ္တိုက္ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။