အခု ဘယ်အဆင့်နေနေ ရာသီကုန်ရင် အာဆင်နယ်က အဆင့် ၃ ပဲလို့ ခန့်မှန်းလိုက်တဲ့ ဂယ်ရီနဗီး

မြောက်လန်ဒန် ဒါဘီမှာ စပါးကို ၂-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် အာဆင်နယ်ဟာ ဇယားထိပ်မှာ မန်စီးတီးကို ၈ မှတ် ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အစောပိုင်းပွဲမှာ မန်စီးတီးက ယူနိုက်တက်ကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့တာကြောင့် ရမှတ် ကွာဟချက်က အခုလို ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဘောလုံးရာသီ ထက်ဝက်တောင် မကုန်သေးတာမို့ ဘာဖြစ်လာမယ် ဆိုတာတွေက စိတ်လှုပ်ရှားစွာ ဆက်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးက အာဆင်နယ်ဟာ ရာသီကုန်မှာ ချန်ပီယံ မဖြစ်နိုင်သလို မန်ချက်စတာ ယူနိုက်တက်ရဲ့ အောက်ကနေပဲ ရာသီသိမ်းလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ဂယ်ရီနဗီးက ‘ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်စတာတုန်းကလည်း ကျနော် အဲ့လိုမျိုး ပြောခဲ့ဖူးပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် အနိုင်မရနိုင်ဘူး။ မန်စီးတီးပဲ အနိုင်ရမှာပါ။ နောက်ပြီး မန်ယူနိုက်တက်က ဒုတိယနေရာက ရာသီသိမ်းပါလိမ့်မယ်။ ဒီလိုပြောရင် အာဆင်နယ် ပရိသတ်တွေ စိတ်ဆိုးကြဦးမယ်ဆိုတာ ကျနော် သိပါတယ် ‘ လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

လာမယ့်အပတ် စူပါဆန်းဒေးမှာတော့ အာဆင်နယ်ဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရမယ်ဆိုရင် ထိပ်ဆုံး ၄ သင်းထဲက မန်ချက်စတာကလပ်ကို ရာသီဝက်အပြီး ၁၂ မှတ်ထိ အပြတ်ဖြတ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။