လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ခါသီးပြိုင်ဘက်တစ်သင်း ထပ်တိုးရင်ဆိုင်ရမယ့် ယူနိုက်တက်

UNICODE – ယူနိုက်တက်အတွက် လီဗာပူး၊ မန်စီးတီးတို့လို ပြိုင်ဘက်တစ်သင်း နောက်ရာသီမှာ ထပ်တိုးလာခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီ ချန်ပီယံရှစ် ချန်ပီယံအဖြစ် လိဒ်ယူနိုက်တက်က အောင်မြင်သွားခဲ့ပြီဖြစ်ပြီး ၂၀၀၃-၂၀၀၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ်အဖြစ် လိဒ်ယူနိုက်တက်ဟာ တန်းပြန်တက်ခွင့် ရခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်အနောက်မြောက်ပိုင်း ဒါဘီပြိုင်ဘက်နဲ့ လာမယ့်ရာသီ ထိပ်တိုက်ပြန်တွေ့ပြီဖြစ်ပါတယ်။

လိဒ်နဲ့ မန်ချက်စတာဒေသတွေဟာ ၆၄ ကီလိုမီတာပဲ ကွာဝေးတာဖြစ်ပြီး အတိတ်ကတည်းက ဒီနှစ်သင်းရဲ့ ပြိုင်ဆိုင်မှု ပြင်းထန် ကြမ်းတမ်းတာကို ပြောစရာတောင် မလိုပါဘူး။ အင်္ဂလန်အနောက်မြောက်ပိုင်း လန်ကတ်ရှိုင်းယားနဲ့ ယော့ရှိုင်းယား ဒေသနှစ်ခုက အသင်းတွေ ထိပ်တိုက်တွေ့တဲ့ ဒါဘီကိုတော့ Roses rivalry လို့လည်း ခေါ်တွင်ခဲ့ကြပါတယ်။

လိဒ်က ယူနိုက်တက်ကို အငြိုးအတေးထားမှုတွေလည်း ရှိပါတယ်။ အဲ့တာကတော့ သူတို့အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ ကန်တိုနာနဲ့ ဖာဒီနန်တို့ကို ယူနိုက်တက်က ခေါ်ယူခဲ့ခြင်းကြောင့်လည်း ပါဝင်ပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့တဲ့ ပွဲတွေက အတော်လေး ပြင်းထန်ခဲ့ပေမယ့် ၂၀၀၄ မှာ လိဒ်အသင်း တန်းဆင်းခဲ့တဲ့နောက် ယူနိုက်တက်ရဲ့ ဒါဘီပြိုင်ဘက်တစ်သင်း ပျောက်ကွယ်နေခဲ့တာပါ။

၁၆ နှစ်အကြာ ပိုင်ရှင်တွေ အဆက်ဆက်၊ မန်နေဂျာတွေ အဆက်ဆက် ပြောင်းလဲအပြီးမှာ လိဂ်ဝမ်းထိ တန်းဆင်းခဲ့ရတဲ့ လိဒ်အသင်းက ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တာဖြစ်တယ်။ လိဒ်အသင်းဟာ ယူနိုက်တက်ရဲ့ မဟာပြိုင်ဘက်ကြီး ၄ သင်းထဲက တစ်သင်းအဖြစ်လည်း စာရင်းဝင်ထားတာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္အတြက္ လီဗာပူး၊ မန္စီးတီးတို႔လို ျပိဳင္ဘက္တစ္သင္း ေနာက္ရာသီမွာ ထပ္တိုးလာခဲ့ျပီျဖစ္ပါတယ္။

ဒီရာသီ ခ်န္ပီယံရွစ္ ခ်န္ပီယံအျဖစ္ လိဒ္ယူႏုိက္တက္က ေအာင္ျမင္သြားခဲ့ျပီျဖစ္ျပီး ၂၀၀၃-၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပရီးမီးယားလိဂ္ကို ပထမဆံုးအၾကိမ္အျဖစ္ လိဒ္ယူႏုိက္တက္ဟာ တန္းျပန္တက္ခြင့္ ရခဲ့ျပီျဖစ္ပါတယ္။ ဒါေၾကာင့္ အဂၤလန္အေနာက္ေျမာက္ပိုင္း ဒါဘီျပိဳင္ဘက္နဲ႔ လာမယ့္ရာသီ ထိပ္တိုက္ျပန္ေတြ႔ျပီျဖစ္ပါတယ္။

လိဒ္နဲ႔ မန္ခ်က္စတာေဒသေတြဟာ ၆၄ ကီလိုမီတာပဲ ကြာေဝးတာျဖစ္ျပီး အတိတ္ကတည္းက ဒီႏွစ္သင္းရဲ႕ ျပိဳင္ဆိုင္မႈ ျပင္းထန္ ၾကမ္းတမ္းတာကို ေျပာစရာေတာင္ မလိုပါဘူး။ အဂၤလန္အေနာက္ေျမာက္ပိုင္း လန္ကတ္ရိႈင္းယားနဲ႔ ေယာ့ရိႈင္းယား ေဒသႏွစ္ခုက အသင္းေတြ ထိပ္တိုက္ေတြ႔တဲ့ ဒါဘီကိုေတာ့ Roses rivalry လို႔လည္း ေခၚတြင္ခဲ့ၾကပါတယ္။

လိဒ္က ယူႏုိက္တက္ကို အျငိဳးအေတးထားမႈေတြလည္း ရွိပါတယ္။ အဲ့တာကေတာ့ သူတို႔အသင္းရဲ႕ အေကာင္းဆံုး ကစားသမားေတြျဖစ္တဲ့ ကန္တိုနာနဲ႔ ဖာဒီနန္တို႔ကို ယူႏုိက္တက္က ေခၚယူခဲ့ျခင္းေၾကာင့္လည္း ပါဝင္ပါတယ္။ ဒီႏွစ္သင္း ထိပ္တိုက္ေတြ႔တဲ့ ပြဲေတြက အေတာ္ေလး ျပင္းထန္ခဲ့ေပမယ့္ ၂၀၀၄ မွာ လိဒ္အသင္း တန္းဆင္းခဲ့တဲ့ေနာက္ ယူႏုိက္တက္ရဲ႕ ဒါဘီျပိဳင္ဘက္တစ္သင္း ေပ်ာက္ကြယ္ေနခဲ့တာပါ။

၁၆ ႏွစ္အၾကာ ပိုင္ရွင္ေတြ အဆက္ဆက္၊ မန္ေနဂ်ာေတြ အဆက္ဆက္ ေျပာင္းလဲအျပီးမွာ လိဂ္ဝမ္းထိ တန္းဆင္းခဲ့ရတဲ့ လိဒ္အသင္းက ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာခဲ့တာျဖစ္တယ္။ လိဒ္အသင္းဟာ ယူႏုိက္တက္ရဲ႕ မဟာျပိဳင္ဘက္ၾကီး ၄ သင္းထဲက တစ္သင္းအျဖစ္လည္း စာရင္းဝင္ထားတာ ျဖစ္ပါတယ္။