ကွင်းပြောင်းမယ့် PSG၊ သက်တမ်းတိုးတော့မယ့် ဂါနာချို၊ ဆိုးရှားကို ကျေးဇူးတင်တဲ့ ဟာလန်းနဲ့ ယနေ့ နံနက်ခင်း သတင်းများ

တီမိုဗာနာက ချယ်ဆီးထံ ပြောင်းလာဖို့ များနေတဲ့ လိုက်ပ်ဇစ်မှ အသင်းဖော် အန်ကွန်ကူ အား စတန်းဖို့ဘရစ်ချ်မှာ ကြုံရနိုင်တဲ့ ကောင်းတာရော ဆိုးတာကိုပါ ပြောပြ သတိပေးထားတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ Parc des Princes ကွင်းကနေ စွန့်ခွာပြီး အိမ်ကွင်းအသစ် အဖြစ် စတာဒီ ဒီဖရန့်စ်ကွင်းကို ဝယ်ယူနိုင်ဖွယ် ရှိပါတယ်။

အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုအပြီး မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ပထမဆုံး ဘောလုံးအင်္ကျီကို ပေါင် ၃၈,၄၀၀ နဲ့ ရောင်းချခဲ့ရပါတယ်။

ဘောလုံးလောကရဲ့ စည်းကမ်းချမှတ်သူတွေဟာ ဒီနေ့ ဝင်ဘာလေ အစည်းအဝေးမှာ ဘောလုံးပွဲတွေအတွင်း အချိန်ဆွဲမှု တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ်အသစ်တွေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့ရဲ့ စိတ်ဝင်စားမှုခံယူနေရပေမယ့် ဂါနာချိုဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ စာချု့ပ်သစ်အရ ဂါနာချိုဟာ လုပ်ခ တစ်ပတ် ၃ သောင်း ရရှိမယ် လို့ သိရပါတယ်။

စတီဗင်ဂျရတ်ဟာ နိုင်ငံအသင်းနည်းပြတဲ့ အတွေ့အကြုံ မရှိတာကြောင့် ပိုလန်လက်ရွေးစင် နည်းပြ အလုပ်နဲ့ လွဲရဖို့ ရှိပါတယ်။

ဟာလန်းဟာ သူ့ကို ဂိုးသွင်းခြင်း သင်ကြားပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် အိုလီဂန်နာဆိုးရှားကို အများကြီး ကျေးဇူးတင်တဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်ဟာ အပိုဖြစ်နေတဲ့ ကစားသမားများစွာအတွက် ကမ်းလှမ်းမှုတွေကို စဉ်းစားပေးဖို့ အဆင်သင့်ဖြစ်နေပြီး ဖီးဂျုံးစ်ကို ရောင်းထုတ်ဖို့ ကြိုးစားနေပါတယ်။

ဆော်ဒီ စီးပွားရေးသမားတစ်ယောက်ဟာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ထိပ်တိုက်တွေ့မယ့်ပွဲကို ကြည့်ဖို့အတွက် VIP လက်မှတ်ကို ပေါင် ၂.၁သန်း ပေးဝယ်ခဲ့ပါတယ်။

အဲဗာတန်ဟာ မာကို အာနူနိုဗစ်ကို ခေါ်ယူဖို့ ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ဘိုလော့ညာထံ ဆက်သွယ်စုံစမ်းခဲ့ပါတယ်။