အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ကွင်းထဲမှာ မကစားရခင်မှာ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ဟာ နည်းပြချင်း စကားစစ်ထိုးမှုတွေ ပြုလုပ်နေရပြီ ဖြစ်ပါတယ်။
ချယ်ဆီးနည်းပြ လမ်းပတ်က ယူနိုက်တက်ဟာ VAR အဆုံးအဖြတ်များမှာ မျက်နှာသာ ပေးမှု ခံရလေ့ ရှိတယ်လို့ ထောက်ပြလိုက်ပြီး နည်းပြ ဆိုးရှားကလည်း ယူနိုက်တက် တကယ်တမ်း VAR ကြောင့် နစ်နာခဲ့ရတဲ့ ရမှတ်တွေလည်း ရှိကြောင်း ပြန်လည်း ရှင်းလင်း တုန့်ပြန်သွားခဲ့ပါတယ်။
လက်ရှိ ယူနိုက်တက် တိုက်စစ်ဟာ အစွမ်းထက်မြက်လွန်းပြီး အင်္ဂလန်မှာ အကောင်းဆုံးလို့ ဆိုနိုင်ကြောင်း ချယ်ဆီးနည်းပြ လမ်းပတ်က ချီးကျူးမှု ပြုခဲ့သေးပြီး ယူနိုက်တက် အသင်းသားတွေကို သတိကြီးထားပြီး ရင်ဆိုင်ဖို့ ၎င်းရဲ့ ချယ်ဆီးကစားသမားတွေအား လမ်းပတ်က တိုက်တွန်းခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ လွှမ်းမိုးနေတဲ့ လီဗာပူး၊ မန်စီးတီး အသင်းတို့ကို လိုက်မှီဖို့ဆို ယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ နည်းပြ ဆိုးရှားက ယုံကြည်နေပြီး လွန်ခဲ့တဲ့ တစ်နှစ်ကထက်စာရင် များစွာကို တိုးတက်ခဲ့ပြီလို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ လက်ရှိ ယူနိုက်တက်ရဲ့ သုံးယောက်တွဲ တိုက်စစ် ရက်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်တို့ဟာ တချိန်က ဘာစီလိုနာရဲ့ နာမည်ကျော် MSN သုံးယောက် အတွဲလိုပဲ ထက်မြက်နေကြောင်း ချီးကျူးခဲ့ပါတယ်။
ယူနိုက်တက် တိုက်စစ်မှူး အစ်ဟာလို ကတော့ အက်ဖ်အေဖလား ဆီမီးအဆင့်မှာ ချယ်ဆီးကို အနိုင်ယူ ဖြတ်ကျော်ပြီး ဖလား အရယူဖို့ ရည်မှန်းချက်ထားကာ စိတ်အားထက်သန်နေပါတယ်။
ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ တိုရီနို မှ အီတလီသား တိုက်စစ်မှူး အင်ဒရီယာ ဘယ်လော့တီကို အင်တာမီလန် အသင်းကလည်း စိတ်ဝင်စားနေပြီး နှစ်သင်းလုံးဟာ ဖီအိုရင်တီးနား ကမ်းလှမ်းထားတဲ့ ယူရို သန်း ၄၀ ထက် ပိုတဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
တိုက်စစ်မှူး မာရှယ်ဟာ ယူနိုက်တက်မှာ ကွင်းလယ်က ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ရဲ့ ထောက်ပံ့ကူညီမှု ကောင်းတွေ ရနေရင် ပြိုင်ဘက်တိုင်း ကြောက်ရွံ့ရတဲ့ တကယ့် နံပါတ် ၉ ဂိုးမုဆိုး တစ်ယောက် ဖြစ်လာမယ်လို့ သရဲနီဟောင်း ဆာဟာက သုံးသပ်လိုက်ပါတယ်။
Zawgyi – အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ ကြင္းထဲမွာ မကစားရခင္မွာ ယူနိုက္တက္နဲ႕ ခ်ယ္ဆီးအသင္းတို႔ဟာ နည္းျပခ်င္း စကားစစ္ထိုးမႈေတြ ျပဳလုပ္ေနရျပီ ျဖစ္ပါတယ္။
ခ်ယ္ဆီးနည္းျပ လမ္းပတ္က ယူနုိက္တက္ဟာ VAR အဆံုးအျဖတ္မ်ားမွာ မ်က္နွာသာ ေပးမႈ ခံရေလ့ ရွိတယ္လို႔ ေထာက္ျပလိုက္ျပီး နည္းျပ ဆိုးရွားကလည္း ယူနုိက္တက္ တကယ္တမ္း VAR ေၾကာင့္ နစ္နာခဲ့ရတဲ့ ရမွတ္ေတြလည္း ရွိေၾကာင္း ျပန္လည္း ရွင္းလင္း တုန္႔ျပန္သြားခဲ့ပါတယ္။
လက္ရွိ ယူနိုက္တက္ တိုက္စစ္ဟာ အစြမ္းထက္ျမက္လြန္းျပီး အဂၤလန္မွာ အေကာငး္ဆံုးလို႔ ဆိုနုိင္ေၾကာင္း ခ်ယ္ဆီးနည္းျပ လမ္းပတ္က ခ်ီးက်ဴးမႈ ျပဳခဲ့ေသးျပီး ယူနိုက္တက္ အသင္းသားေတြကို သတိၾကီးထားျပီး ရင္ဆိုင္ဖို႔ ၄င္းရဲ႕ ခ်ယ္ဆီးကစားသမားေတြအား လမ္းပတ္က တိုက္တြန္းခဲ့ပါတယ္။
ပရီးမီးယားလိဂ္မွာ လႊမ္းမိုးေနတဲ့ လီဗာပူး၊ မန္စီးတီး အသင္းတို႔ကို လိုက္မွီဖို႔ဆို ယူနုိက္တက္ဟာ လမး္ေၾကာင္းမွန္ေပၚမွာ ရွိေနတယ္လို႔ နည္းျပ ဆိုးရွားက ယံုၾကည္ေနျပီး လြန္ခဲ့တဲ့ တစ္နွစ္ကထက္စာရင္ မ်ားစြာကို တိုးတက္ခဲ့ျပီလို႔ ေျပာဆိုခဲ့ပါတယ္။
ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ကေတာ့ လက္ရွိ ယူနုိက္တက္ရဲ႕ သံုးေယာက္တြဲ တိုက္စစ္ ရက္ဖို႔ဒ္၊ မာရွယ္၊ ဂရင္း၀ုဒ္တို႔ဟာ တခ်ိန္က ဘာစီလိုနာရဲ႕ နာမည္ေက်ာ္ MSN သံုးေယာက္ အတြဲလိုပဲ ထက္ျမက္ေနေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။
ယူနိုက္တက္ တိုက္စစ္မွဴး အစ္ဟာလို ကေတာ့ အက္ဖ္ေအဖလား ဆီမီးအဆင့္မွာ ခ်ယ္ဆီးကို အနုိင္ယူ ျဖတ္ေက်ာ္ျပီး ဖလား အရယူဖို႔ ရည္မွန္းခ်က္ထားကာ စိတ္အားထက္သန္ေနပါတယ္။
ယူနိုက္တက္ ပစ္မွတ္ထားေနတဲ့ တိုရီနို မွ အီတလီသား တိုက္စစ္မွဴး အင္ဒရီယာ ဘယ္ေလာ့တီကို အင္တာမီလန္ အသင္းကလည္း စိတ္၀င္စားေနျပီး ႏွစ္သင္းလံုးဟာ ဖီအိုရင္တီးနား ကမ္းလွမ္းထားတဲ့ ယူရို သန္း ၄၀ ထက္ ပိုတဲ့ ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ ျပင္ဆင္ေနပါတယ္။
တိုက္စစ္မွဴး မာရွယ္ဟာ ယူနုိက္တက္မွာ ကြင္းလယ္က ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္တို႔ရဲ႕ ေထာက္ပံ့ကူညီမႈ ေကာင္းေတြ ရေနရင္ ျပိဳင္ဘက္တိုင္း ေၾကာက္ရြံ႕ရတဲ့ တကယ့္ နံပါတ္ ၉ ဂိုးမုဆိုး တစ္ေယာက္ ျဖစ္လာမယ္လို႔ သရဲနီေဟာင္း ဆာဟာက သံုးသပ္လိုက္ပါတယ္။