လီဗာပူးဆိုရင် လူငယ်ဖလားတောင် မျက်နှာသာမပေးဖို့ ဆာအဲလက်စ် တွန်အားပေးမှုကို ဆိုးရှား ပြော
UNICODE – အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲကြိုမှာတော့ ယူနိုက်တက်မန်နေဂျာ ဆိုးရှားက အတိတ်က ဆာအဲလက်စ်ရဲ့ ဆုဖလား ဆာလောင်မှုတွေကို ထုတ်ပြောပြီး အသင်းသားတွေကို သွေးနွေးပေးလိုက်ပါတယ်။
ဆိုးရှားကတော့ ဆာအဲလက်လစ်က ဆုဖလားနဲ့ ပက်သက်လာရင် လူငယ်ဖလားတောင် အလွတ်ပေးလိုစိတ် ရှိတာ မဟုတ်ဘူးလို့ ဆိုတယ်။ ဒါကိုတော့ သူ့ရဲ့ ယူနိုက်တက် အရန်အသင်း မန်နေဂျာဘဝ ပထမဆုံးပွဲကို ပြန်ပြောင်းပြောမှုနဲ့အတူ အသင်းသားတွေကို တာဝန်ယူစိတ်ရှိဖို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။
ဆိုးရှားက “ တာဝန်ယူမှုဆိုတဲ့ စကားလုံးနဲ့ ပြောရမယ်ထင်ပါတယ်။ ဆုဖလားတွေအတွက် တိုက်ခိုက်ဖို့က ယူနိုက်တက် ကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက် တာဝန်နဲ့ ဝတ္တရားပဲဖြစ်ပါတယ်။ ဆုဖလားတွေအတွက် ပျော်ရွှင်တတ်မှုမှာ ဆာအဲလက်စ်ကလွဲလို့ အခြား နောက်တစ်ဦးကို မမြင်ဖူးပါဘူး။
ကျနော်ရဲ့ အရန်အသင်း မန်နေဂျာဘဝ ပထမဆုံးပွဲဖြစ်တဲ့ လန်ရှိုင်းယား စီနီယာဖလားမှာ လီဗာပူးနဲ့ ရင်ဆိုင်ရစဉ် ဆာအဲလက်စ်က ကျနော်ပွဲကို လာကြည့်ခဲ့တာ မှတ်မိသေးတယ်။ ပထမပိုင်းမှာ ၁-၀ နဲ့ အရေးနိမ့်နေတာကြောင့် ပွဲချိန်တစ်ဝက်အပြီးမှာ သူက ကျနော်ရဲ့ အခန်းတံခါးကို လာခေါက်ခဲ့တယ်။ လီဗာပူးကို ရင်ဆိုင်ပြီး အနိုင်ရတာပဲ လိုချင်တယ်လို့ ပြောခဲ့တယ်။ ကျနေ်ာတို့ နိုင်အောင် ကစားနိုင်ခဲ့ပါတယ်။
အနိုင်ရလဒ်ကို အလေ့အကျင့်တစ်ခုလို ယူနိုင်စွမ်း ရှိတာက ကျနေ်ာတို့ရဲ့ ကစားသမားတွေအတွက် အရမ်းကို ကြီးမားတဲ့ ကိစ္စ ဖြစ်ပါတယ်။ အသင်းအတွက်နဲ့ ဘယ်ကစားသမားအတွက် မဆို ပထမဆုံး ဆုဖလား ကိုင်မြှောက်ရတာက အရမ်းကောင်းတဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။
ရာသီစကတည်းက ကျနေ်ာတို့က အဝေးကြီး လာခဲ့ရတာဖြစ်ပြီး ဆုဖလားတွေ အနိုင်ရလိုတယ်။ ကျနေ်ာတို့က လက်ရှိ အသင်းကို ဆုဖလားတွေ အနိုင်ရတဲ့ အသင်းအဖြစ် တည်ဆောက်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါကို အက်ဖ်အေဖလားကနေ စတင်ပိုထက် ပိုကောင်းတဲ့ အခွင့်အရေး မရှိတော့ပါဘူး ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။
ဆာအဲလက်စ် လက်ထက်မှာ ယူနိုက်တက်ဟာ အမှတ်ပေးဖလား ၁၃ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ စူပါဖလား၊ ကလပ်များ ကမ္ဘာဖလားတို့ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ZAWGYI – အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲကြိုမှာတော့ ယူနိုက်တက်မန်နေဂျာ ဆိုးရှားက အတိတ်က ဆာအဲလက်စ်ရဲ့ ဆုဖလား ဆာလောင်မှုတွေကို ထုတ်ပြောပြီး အသင်းသားတွေကို သွေးနွေးပေးလိုက်ပါတယ်။