ယူနိုက်တက်နဲ့ အတွေ့မှာ ချယ်ဆီး ခံစားသွားစေနိုင်လောက်တဲ့ မဟာ အားနည်းချက် နှစ်နေရာ

ချယ်ဆီး တိုက်စစ်မှူဟောင်း ခရစ္စ ဆက်တန်ကတော့ ယူနိုက်တက်နဲ့ ကစားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ချယ်ဆီးအသင်းရဲ့ အားနည်းတဲ့ နှစ်နေရာက လန်ဒန်ကလပ်ကို ခံစားသွားစေအောင် လုပ်သွားနိုင်တယ်လို့ သတိပေး ထောက်ပြခဲ့ပါတယ်။ ဆက်တန် ဆိုလိုတဲ့ နှစ်နေရာကတော့ ဗဟိုခံစစ်နဲ့ ကွင်းလယ်ပဲ ဖြစ်ပါတယ်။

” ဖရန့်လမ်းပတ်ဟာ အမှားများလွန်းတဲ့ ဒေးဗစ် လူးဝစ်ကို ဒီရာသီ အစမှာ အာဆင်နယ်ကို ရောင်းထုတ်ခဲ့တယ်။ ဒါပေမယ့် အခုထိ သူ့ရဲ့ ဗဟိုခံစစ် ဦးစားပေး အတွဲကို မသတ်မှတ်နိုင်သေးဘဲ ရှိနေတယ်။ ”

” ဒီရာသီမှာ ကျနော်တို့ ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ အတူ တွဲ ပွဲထွက်လာတဲ့ ချယ်ဆီး ဗဟိုခံစစ်ကို မြင်ခဲ့ဖူးတယ်။ ဒါ့အပြင် ခရစ္စတန်ဆန်နဲ့ ဇူးမားလည်း တွဲ ကစားတယ်။ ဇူးမားနဲ့ တိုမိုရီ ရောပဲ အစရှိသဖြင့်ပေါ့။ ဒါပေမယ့် အဆင့် ၁၀ အတွင်းက ဘယ်အသင်းကမှ ချယ်ဆီး ပေးထားတဲ့ ဂိုး ၄၉ ဂိုးလောက် ပေး မထားရဖူးဘူး။ ဒါက ချယ်ဆီးရဲ့ မဟာ အားနည်းချက် ရှိတဲ့ နေရာ ဖြစ်တယ်။ ဒါကို သူတို့ ကာကွယ်ဖို့ လိုအပ်တယ်။

ကွင်းလယ်မှာဆို ကန်တေက တံကောက်ကြော ဒဏ်ရာ ကြောင့် နောက်ဆံုံး သုံးပွဲ လွဲထားတယ်။ ဒီ ဆီမီးဖိုင်နယ် ပွဲကိုလည်း လွဲဦးမယ်။ ဒါကြောင့် ချယ်ဆီး ကွင်းလယ်မှာက စိုးရိမ်စရာပါ။ ခံစစ် အတွက် ကွင်းလယ်ကနေ ကူညီဖို့ ချယ်ဆီး စီစဉ်ရပါလိမ့်မယ်။ ဒါက ဂျော်ျဂျင်ဟို ပိုင်တဲ့ ကိစ္စ မဟုတ်သလို ကိုဗာဆစ်လည်း မရပါဘူး။ တကယ်တမ်းက ကန်တေပဲ ပိုင်နိုင်တဲ့ ကိစ္စပါ။ ” လို့ ဆက်တန်က ထောက်ပြခဲ့ပါတယ်။

ကန်တေ မပါဝင်နိုင်တဲ့ အပြင် ချယ်ဆီးကွင်းလယ်မှာ ဘီလီ ဂေးလ်မားကလည်း ဒူးဒဏ်ရာက သက်သာနေဆဲ ဖြစ်လို့ ပါဝင် ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

အက်ဖ်အေ ဆီမီးပွဲ အတွက် ယူနိုက်တက် ဘက်က တူရမ်ဇီဘီ၊ ဖီးလ်ဂျုံးစ် တို့ ပါဝင်နိုင်မှာ မဟုတ်တဲ့ အပြင် လုခ်ရှောနဲ့ ဘရန်ဒန် ဝီလီယံတို့လည်း မသေချာသေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ချယ်ဆီး အနေနဲ့ ဒီညပွဲမှာ ယူနိုက်တက်ကိုသာ ကျော်ဖြတ်နိုင်ရင် သြဂုတ် ၁ ရက်နေ့မှာ အာဆင်နယ်နဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး တိုက္စစ္မွဴေဟာင္း ခရစၥ ဆက္တန္ကေတာ့ ယူနုိက္တက္နဲ႕ ကစားရမယ့္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္မွာ ခ်ယ္ဆီးအသင္းရဲ႕ အားနည္းတဲ့ နွစ္ေနရာက လန္ဒန္ကလပ္ကို ခံစားသြားေစေအာင္ လုပ္သြားနုိင္တယ္လို႔ သတိေပး ေထာက္ျပခဲ့ပါတယ္။ ဆက္တန္ ဆိုလိုတဲ့ နွစ္ေနရာကေတာ့ ဗဟိုခံစစ္နဲ႕ ကြင္းလယ္ပဲ ျဖစ္ပါတယ္။

” ဖရန္႔လမ္းပတ္ဟာ အမွားမ်ားလြန္းတဲ့ ေဒးဗစ္ လူး၀စ္ကို ဒီရာသီ အစမွာ အာဆင္နယ္ကို ေရာင္းထုတ္ခဲ့တယ္။ ဒါေပမယ့္ အခုထိ သူ႔ရဲ႕ ဗဟိုခံစစ္ ဦးစားေပး အတြဲကို မသတ္မွတ္နုိင္ေသးဘဲ ရွိေနတယ္။

ဒီရာသီမွာ က်ေနာ္တို႔ ရူဒီဂါနဲ႕ ခရစၥတန္ဆန္တို႔ အတူ တြဲ ပြဲထြက္လာတဲ့ ခ်ယ္ဆီး ဗဟိုခံစစ္ကို ျမင္ခဲ့ဖူးတယ္။ ဒါ့အျပင္ ခရစၥတန္ဆန္နဲ႕ ဇူးမားလည္း တြဲ ကစားတယ္။ ဇူးမားနဲ႕ တိုမိုရီ ေရာပဲ အစရွိသျဖင့္ေပါ့။ ဒါေပမယ့္ အဆင့္ ၁၀ အတြင္းက ဘယ္အသင္းကမွ ခ်ယ္ဆီး ေပးထားတဲ့ ဂိုး ၄၉ ဂိုးေလာက္ ေပး မထားရဖူးဘူး။ ဒါက ခ်ယ္ဆီးရဲ႕ မဟာ အားနည္းခ်က္ ရွိတဲ့ ေနရာ ျဖစ္တယ္။ ဒါကို သူတို႔ ကာကြယ္ဖို႔ လိုအပ္တယ္။

ကြင္းလယ္မွာဆို ကန္ေတက တံေကာက္ေၾကာ ဒဏ္ရာ ေၾကာင့္ ေနာက္ဆံံုး သံုးပြဲ လြဲထားတယ္။ ဒီ ဆီမီးဖိုင္နယ္ ပြဲကိုလည္း လြဲဦးမယ္။ ဒါေၾကာင့္ ခ်ယ္ဆီး ကြင္းလယ္မွာက စိုးရိမ္စရာပါ။ ခံစစ္ အတြက္ ကြင္းလယ္ကေန ကူညီဖို႔ ခ်ယ္ဆီး စီစဥ္ရပါလိမ့္မယ္။ ဒါက ေဂ်ာ္်ဂ်င္ဟို ပိုင္တဲ့ ကိစၥ မဟုတ္သလို ကိုဗာဆစ္လည္း မရပါဘူး။ တကယ္တမ္းက ကန္ေတပဲ ပိုင္နိုင္တဲ့ ကိစၥပါ။ ” လို႔ ဆက္တန္က ေထာက္ျပခဲ့ပါတယ္။

ကန္ေတ မပါ၀င္နုိင္တဲ့ အျပင္ ခ်ယ္ဆီးကြင္းလယ္မွာ ဘီလီ ေဂးလ္မားကလည္း ဒူးဒဏ္ရာက သက္သာေနဆဲ ျဖစ္လို႔ ပါ၀င္ ကစားနုိင္ဦးမွာ မဟုတ္ပါဘူး။

အက္ဖ္ေအ ဆီမီးပြဲ အတြက္ ယူနိုက္တက္ ဘက္က တူရမ္ဇီဘီ၊ ဖီးလ္ဂ်ံဳးစ္ တို႔ ပါ၀င္နုိင္မွာ မဟုတ္တဲ့ အျပင္ လုခ္ေရွာနဲ႕ ဘရန္ဒန္ ၀ီလီယံတို႔လည္း မေသခ်ာေသးတဲ့ အေနအထားမွာ ရွိေနပါတယ္။ ခ်ယ္ဆီး အေနနဲ႕ ဒီညပြဲမွာ ယူနုိက္တက္ကိုသာ ေက်ာ္ျဖတ္နုိင္ရင္ ၾသဂုတ္ ၁ ရက္ေန႔မွာ အာဆင္နယ္နဲ႕ ဗိုလ္လုပြဲ ကစားရမွာ ျဖစ္ပါတယ္။