ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (19/07/20)

ယူနိုက်တက်ဟာ အကယ်ဒမီထွက် တိုက်စစ်မှူးလေး မေဆန် ဂရင်းဝုဒ်ကို လက်ရှိ လုပ်ခရဲ့ နှစ်ဆ တိုးပေးပြီး သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် ပြင်ဆင်နေပါတယ်။ တကယ်တော့ ယူနိုက်တက်က ဂရင်းဝုဒ်ကို လွန်ခဲ့တဲ့ ၉ လ လောက်ကပဲ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ထိုစဉ်က တစ်ပတ် လုပ်ခ ပေါင် ၈၀၀ သာ ရနေတဲ့ တိုက်စစ်မှူးလေးကို လစာ ပေါင် ၂ သောင်းခွဲထိ တိုးမြှင့်ပေးခဲ့ပါတယ်။

လက်ရှိ ယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းပရိသတ်တွေ မျှော်လင့် တောင့်တနေခဲ့တဲ့ ဟီးရိုး ကစားသမားပဲ ဖြစ်ကြောင့် ပေါလ်အင့်စ်က ထောက်ပြ ချီးကျူးလိုက်ပါတယ်။

ပရီးမီးယားလိဂ်မှ ပြိုင်ဘက်ကလပ် ချယ်ဆီးအသင်းထက် အရင် လက်ဦးမှု ယူပြီး ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ်ကို ယူနိုက်တက်တို့ ခေါ်ယူသင့်ကြောင်း လီဗာပူး ကစားသမားဟောင်းကြီး ဂျွန်ဘန်းစ်က တိုက်တွန်းထောက်ပြသွားခဲ့ပါတယ်။

ဒီည ယူနိုက်တက်နဲ့ အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ်ပွဲ အနိုင် အရှုံး ရလဒ်ဟာ ပရီးမီးယားလိဂ် ထိပ်သီးလေးသင်း ဝင်ကာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် ကြိုးစား ဆုပ်ကိုင်နေတဲ့ အသင်း အနေအထား အပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ကြောင်း ချယ်ဆီးနည်းပြ လမ်းပတ်က ဆိုခဲ့ပါတယ်။

ယူနိုက်တက် အနေနဲ့ တန်းဆင်းဖို့ နီးစပ်နေတဲ့ ဝက်ဖို့ဒ်အသင်းမှ ဆီနီဂေါသား တောင်ပံတိုက်စစ်သမား ဆား ကို ခေါ်ယူသင့်ကြောင့် နဗီးလ်က အကြံပြု တိုက်တွန်းလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘရာဇီးကြယ်ပွင့် ရိုနယ်ဒင်ဟို ကို ခေါ်ယူဖို့ ငွေကြေးအမြောက်အများ ကာ ကမ်းလှမ်းဖို့ ကြိုးစားခဲ့ကြောင်း အသင်း စီအီးအိုဟောင်း ပီတာကန်ညွန်က ဖွင့်ဟလိုက်ပါတယ်။

အက်ဖ်အေဖလား ပွဲစဉ်ဟာ ယူနိုက်တက် အသင်းသားတွေ အတွက် လိဂ်မှာ ထိပ်သီးလေးသင်း ဝင်ဖို့ ပြိုင်ပွဲဝင် ကြိုးစားနေရတာကို ခေတ္တ မေ့ဖျောက်ကာ ဆုဖလား မျှော်လင့်ချက် အတွက် ကစားဖို့ ဖြစ်လာခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူနုိက္တက္ဟာ အကယ္ဒမီထြက္ တိုက္စစ္မွဴးေလး ေမဆန္ ဂရင္း၀ုဒ္ကို လက္ရွိ လုပ္ခရဲ႕ နွစ္ဆ တိုးေပးျပီး သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုရန္ ျပင္ဆင္ေနပါတယ္။ တကယ္ေတာ့ ယူနုိက္တက္က ဂရင္း၀ုဒ္ကို လြန္ခဲ့တဲ့ ၉ လ ေလာက္ကပဲ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာ ျဖစ္ျပီး ထိုစဥ္က တစ္ပတ္ လုပ္ခ ေပါင္ ၈၀၀ သာ ရေနတဲ့ တိုက္စစ္မွဴးေလးကို လစာ ေပါင္ ၂ ေသာင္းခြဲထိ တိုးျမွင့္ေပးခဲ့ပါတယ္။

လက္ရွိ ယူနုိက္တက္မွာ ေျခစြမ္းျပေနတဲ့ ကြင္းလယ္ကစားသမား ဘရူနို ဖာနန္ဒက္စ္ဟာ အသင္းပရိသတ္ေတြ ေမွ်ာ္လင့္ ေတာင့္တေနခဲ့တဲ့ ဟီးရိုး ကစားသမားပဲ ျဖစ္ေၾကာင့္ ေပါလ္အင့္စ္က ေထာက္ျပ ခ်ီးက်ဴးလိုက္ပါတယ္။

ပရီးမီးယားလိဂ္မွ ျပိဳင္ဘက္ကလပ္ ခ်ယ္ဆီးအသင္းထက္ အရင္ လက္ဦးမႈ ယူျပီး ၀က္စ္ဟမ္း ကြင္းလယ္ ကစားသမား ဒီကလန္ ရိုက္စ္ကို ယူနိုက္တက္တို႔ ေခၚယူသင့္ေၾကာင္း လီဗာပူး ကစားသမားေဟာင္းၾကီး ဂၽြန္ဘန္းစ္က တိုက္တြန္းေထာက္ျပသြားခဲ့ပါတယ္။

ဒီည ယူနိုက္တက္နဲ႕ အက္ဖ္ေအ ဖလား ဆီမီးဖိုင္နယ္ပြဲ အနိုင္ အရွံဳး ရလဒ္ဟာ ပရီးမီးယားလိဂ္ ထိပ္သီးေလးသင္း ၀င္ကာ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရရွိေအာင္ ၾကိဳးစား ဆုပ္ကိုင္ေနတဲ့ အသင္း အေနအထား အေပၚ သက္ေရာက္မႈ ရွိမွာ မဟုတ္ေၾကာင္း ခ်ယ္ဆီးနည္းျပ လမး္ပတ္က ဆိုခဲ့ပါတယ္။

ယူနုိက္တက္ အေနနဲ႕ တန္းဆင္းဖို႔ နီးစပ္ေနတဲ့ ၀က္ဖို႔ဒ္အသင္းမွ ဆီနီေဂါသား ေတာင္ပံတိုက္စစ္သမား ဆား ကို ေခၚယူသင့္ေၾကာင့္ နဗီးလ္က အၾကံျပဳ တုိက္တြန္းလိုက္ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ ဘရာဇီးၾကယ္ပြင့္ ရိုနယ္ဒင္ဟို ကို ေခၚယူဖို႔ ေငြေၾကးအေျမာက္အမ်ား ကာ ကမ္းလွမ္းဖို႔ ၾကိဳးစားခဲ့ေၾကာင္း အသင္း စီအီးအိုေဟာင္း ပီတာကန္ညြန္က ဖြင့္ဟလိုက္ပါတယ္။

အက္ဖ္ေအဖလား ပြဲစဥ္ဟာ ယူနုိက္တက္ အသငး္သားေတြ အတြက္ လိဂ္မွာ ထိပ္သီးေလးသင္း ၀င္ဖို႔ ျပိဳင္ပြဲ၀င္ ၾကိဳးစားေနရတာကို ေခတၱ ေမ့ေဖ်ာက္ကာ ဆုဖလား ေမွ်ာ္လင့္ခ်က္ အတြက္ ကစားဖို႔ ျဖစ္လာခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။