ချယ်ဆီးတိုက်စစ်သမား ဝီလီယံကို ခေါ်ယူဖို့ အာဆင်နယ် အရေးသာစေမယ့် အဆုံးအဖြတ် ကိစ္စ ရှိနေ

ချယ်ဆီး တောင်ပံတိုက်စစ်သမား ဝီလီယံကို ခေါ်ယူဖို့ အာဆင်နယ်က အကြိုသဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်မယ့် အလားအလာကောင်းတွေ ရှိနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဘရာဇီးသားက ရာသီကုန်မှာ ချယ်ဆီးနဲ့ စာချုပ်ကုန်ပြီ ဖြစ်ပြီး သက်တမ်းတိုး ညှိနှိုင်းမှုများကို ပြီးခဲ့တဲ့ လကုန်တည်းက ရပ်နားခဲ့ပြီး ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဝီလီယံကို ထိန်းသိမ်းထားဖို့ အလိုရှိပေမယ့် ဘရာဇီးသားက ချယ်ဆီး ကမ်းလှမ်းခဲ့တဲ့ ၁၂လ သက်တမ်းတိုးထက် ပိုမိုတဲ့ ကာလရှည် စာချုပ် အလိုရှိခဲ့ပါတယ်။

ဝီလီယံက လန်ဒန်မှာ ပျော်ရွှင်နေပြီး သူ့အိမ်လို ဖြစ်နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒါက အာဆင်နယ် အတွက် အချက်ပေးလိုက်သလို ဖြစ်နေပြီး အပြောင်းအရွှေ့ စရိတ် များများ မရှိတဲ့ အာဆင်နယ် အတွက် ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရနိုင်မယ့် ဝီလီယံကို လိုလားနေပါတယ်။

ဝီလီယံက အာဆင်နယ်အသင်းထံ ပြောင်းသွားတဲ့ ခံစစ်မှူး ဒေးဗစ်လူးဝစ်နဲ့လည်း ဘရာဇီးသားချင်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကြောင့် အမ်းမရိတ်ထံ ရောက်သွားဖို့ အလားအလာကောင်း ရှိလာတာပါ။ ဂန်းနားတွေကလည်း ဝီလီယံကို ၂နှစ် ဒါမှမဟုတ် ၃ နှစ် သက်တမ်းရှိ စာချုပ်နဲ့ ကမ်းလှမ်းလိုတာကြောင့် အဆင်ပြေဖို့ နီးစပ်နေပါတယ်။

ESPN က သတင်းထောက် နီကိုလာ အဆိုအရ အာဆင်နယ်အသင်းဟာ ဘရာဇီးတိုက်စစ်သမား အတွက် သွားဖို့ အဖြစ်နိုင်ဆုံး နေရာ ဖြစ်နေပြီလို့ သိရပါတယ်။

ဝီလီယံကို ချိတ်ဆက်နေတဲ့ အသင်းတွေထဲ ပီအက်စ်ဂျီ၊ ဒေါ့မွန်နဲ့ လီဗာပူးတို့လည်း ပါဝင်နေပြီး လန်ဒန်မှာ ဆက်နေဖို့ အခွင့်အရေး ပေးနိုင်တာက အာဆင်နယ်အသင်းပဲ ရှိနေပါတယ်။ ဒါကြောင့် လန်ဒန် မြို့ခံ ဖြစ်တာနဲ့ ဒေးဗစ်လူးဝစ် ရှိနေတာက ဝီလီယံ အပြောင်းအရွှေ့မှာ အာဆင်နယ် အတွက် သော့ချက် ဖြစ်လာနိုင်ပါတယ်။

Zawgyi – ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား ၀ီလီယံကို ေခၚယူဖို႔ အာဆင္နယ္က အၾကိဳသေဘာတူညီမႈ စာခ်ဳပ္ ခ်ဳပ္ဆိုနိုင္မယ့္ အလားအလာေကာင္းေတြ ရွိေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဘရာဇီးသားက ရာသီကုန္မွာ ခ်ယ္ဆီးနဲ႕ စာခ်ဳပ္ကုန္ျပီ ျဖစ္ျပီး သက္တမ္းတိုး ညွိနိႈင္းမႈမ်ားကို ျပီးခဲ့တဲ့ လကုန္တည္းက ရပ္နားခဲ့ျပီး ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ၀ီလီယံကို ထိန္းသိမ္းထားဖို႔ အလိုရွိေပမယ့္ ဘရာဇီးသားက ခ်ယ္ဆီး ကမ္းလွမ္းခဲ့တဲ့ ၁၂လ သက္တမ္းတိုးထက္ ပိုမိုတဲ့ ကာလရွည္ စာခ်ဳပ္ အလိုရွိခဲ့ပါတယ္။

၀ီလီယံက လန္ဒန္မွာ ေပ်ာ္ရႊင္ေနျပီး သူ႔အိမ္လို ျဖစ္ေနျပီ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။ ဒါက အာဆင္နယ္ အတြက္ အခ်က္ေပးလိုက္သလို ျဖစ္ေနျပီး အေျပာင္းအေရႊ႕ စရိတ္ မ်ားမ်ား မရွိတဲ့ အာဆင္နယ္ အတြက္ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရနိုင္မယ့္ ၀ီလီယံကို လိုလားေနပါတယ္။

၀ီလီယံက အာဆင္နယ္အသင္းထံ ေျပာင္းသြားတဲ့ ခံစစ္မွဴး ေဒးဗစ္လူး၀စ္နဲ႕လည္း ဘရာဇီးသားခ်င္း ရင္းနွီးတဲ့ ဆက္ဆံေရး ရွိတာေၾကာင့္ အမ္းမရိတ္ထံ ေရာက္သြားဖို႔ အလားအလာေကာင္း ရွိလာတာပါ။ ဂန္းနားေတြကလည္း ၀ီလီယံကို ၂နွစ္ ဒါမွမဟုတ္ ၃ နွစ္ သက္တမ္းရွိ စာခ်ဳပ္နဲ႕ ကမ္းလွမ္းလိုတာေၾကာင့္ အဆင္ေျပဖို႔ နီးစပ္ေနပါတယ္။

ESPN က သတင္းေထာက္ နီကိုလာ အဆုိအရ အာဆင္နယ္အသင္းဟာ ဘရာဇီးတိုက္စစ္သမား အတြက္ သြားဖို႔ အျဖစ္နုိင္ဆံုး ေနရာ ျဖစ္ေနျပီလို႔ သိရပါတယ္။

၀ီလီယံကို ခ်ိတ္ဆက္ေနတဲ့ အသင္းေတြထဲ ပီအက္စ္ဂ်ီ၊ ေဒါ့မြန္နဲ႕ လီဗာပူးတို႔လည္း ပါ၀င္ေနျပီး လန္ဒန္မွာ ဆက္ေနဖို႔ အခြင့္အေရး ေပးနုိင္တာက အာဆင္နယ္အသင္းပဲ ရွိေနပါတယ္။ ဒါေၾကာင့္ လန္ဒန္ ျမိဳ႔ခံ ျဖစ္တာနဲ႕ ေဒးဗစ္လူး၀စ္ ရွိေနတာက ၀ီလီယံ အေျပာင္းအေရႊ႕မွာ အာဆင္နယ္ အတြက္ ေသာ့ခ်က္ ျဖစ္လာနိုင္ပါတယ္။