ဒီဂီယာကို အပြစ်မတင်ပဲ လေးစားမှု ထားကြပါလို့ တောင်းဆိုလိုက်တဲ့ လမ်းပတ်

UNICODE – ချယ်ဆီးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ဒီဂီယာက အမှား ၂ ကြိမ်လောက် လုပ်ခဲ့ပြီး အဆိုပါ အမှားတွေက ပေးဂိုးတွေ ဖြစ်စေခဲ့ပါတယ်။

ချယ်ဆီးဘက်က သွင်းယူခဲ့တဲ့ သွင်းဂိုးတွေမှာ နောက်တန်း အမှား မကင်းသလို ဒီဂီယာရဲ့ လိုအပ်ချက် များမှုတွေကလည်း အဓိက ကျခဲ့တာပါ။ ဒါကြောင့် အက်ဖ်အေဖလားကနေ ထွက်ခွာရအပြီး ဒီဂီယာအပေါ် ဝေဖန်မှုတွေ အများကြီး ကျရောက်လာခဲ့ပါတယ်။

လမ်းပတ်ကတော့ ဝေဖန်မှုတွေကို ဒီဂီယာ ရတော့မယ်ဆိုတာကို ကြိုသိခဲ့ပြီး ပွဲအပြီးမှာပဲ သူက ဂိုးသမားတစ်ယောက် အမှားတွေလုပ်မိရင် ဝေဖန်မှုတွေ ကျရောက်မှာဖြစ်ပေမယ့် ဒီဂီယာကို လေးစားမှုပေးဖို့ တောင်းဆိုခဲ့ပါတယ်။

လမ်းပတ်က ” ဂိုးသမားတစ်ဦးအဖြစ် ဒီဂီယာအပေါ် ကျနော်က လေးစားမှု အများကြီး ရှိပါတယ်။ လူတွေက ဂိုးသမားတွေကို သူတို့ အမှားလုပ်ချိန်မှာ ဝေဖန်ဖို့ အမြဲတမ်း အာရုံစိုက်ကျတယ်။ မောင့်ကို ဂိုးပေါက်ထဲ များများ ချိန်းခြောက်ဖို့ ကျနော် တောင်းဆိုခဲ့ပါတယ်။ ထိပ်တန်း ဂိုးသမားတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ဂိုးပေါက်ထဲကို အဝေးကန်ချက်တွေ လုပ်ဖို့ လိုပါတယ် ” လို့ ပြောဆိုခဲ့တာပါ။

ယူနိုက်တက်အတွက် ပွဲပေါင်း ၄၀၀ ကျော် ကစားထားတဲ့ ဒီဂီယာဟာ မေဆန်မောင့်ရဲ့ ကန်သွင်းချက်ကို ကာကွယ်ဖို့ ပေါ့လျော့ခဲ့တာကြောင့် ဂိုးပေးခဲ့ရတာပါ။ ဒါ့အပြင် အဖွင့်ဂိုးအဖြစ် ဂျီရူး ဂိုးသွင်းချိန်မှာလည်း သူ့ရဲ့ အမှား မကင်းပါဘူးလို့ ဝေဖန်သူတွေက ထောက်ပြနေကြတာ ဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးကို ရင္ဆိုင္ကစားတဲ့ပြဲမွာ ဒီဂီယာက အမွား ၂ ၾကိမ္ေလာက္ လုပ္ခဲ့ျပီး အဆိုပါ အမွားေတြက ေပးဂိုးေတြ ျဖစ္ေစခဲ့ပါတယ္။

ခ်ယ္ဆီးဘက္က သြင္းယူခဲ့တဲ့ သြင္းဂိုးေတြမွာ ေနာက္တန္း အမွား မကင္းသလို ဒီဂီယာရဲ႕ လိုအပ္ခ်က္ မ်ားမႈေတြကလည္း အဓိက က်ခဲ့တာပါ။ ဒါေၾကာင့္ အက္ဖ္ေအဖလားကေန ထြက္ခြာရအျပီး ဒီဂီယာအေပၚ ေဝဖန္မႈေတြ အမ်ားၾကီး က်ေရာက္လာခဲ့ပါတယ္။

လမ္းပတ္ကေတာ့ ေဝဖန္မႈေတြကို ဒီဂီယာ ရေတာ့မယ္ဆိုတာကို ၾကိဳသိခဲ့ျပီး ပြဲအျပီးမွာပဲ သူက ဂိုးသမားတစ္ေယာက္ အမွားေတြလုပ္မိရင္ ေဝဖန္မႈေတြ က်ေရာက္မွာျဖစ္ေပမယ့္ ဒီဂီယာကို ေလးစားမႈေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

လမ္းပတ္က ” ဂိုးသမားတစ္ဦးအျဖစ္ ဒီဂီယာအေပၚ က်ေနာ္က ေလးစားမႈ အမ်ားၾကီး ရွိပါတယ္။ လူေတြက ဂိုးသမားေတြကို သူတို႔ အမွားလုပ္ခ်ိန္မွာ ေဝဖန္ဖို႔ အျမဲတမ္း အာရံုစိုက္က်တယ္။ ေမာင့္ကို ဂိုးေပါက္ထဲ မ်ားမ်ား ခ်ိန္းေျခာက္ဖို႔ က်ေနာ္ ေတာင္းဆိုခဲ့ပါတယ္။ ထိပ္တန္း ဂိုးသမားေတြနဲ႔ ရင္ဆိုင္ရတဲ့ အခါမွာ ဂိုးေပါက္ထဲကို အေဝးကန္ခ်က္ေတြ လုပ္ဖို႔ လိုပါတယ္ ” လို႔ ေျပာဆိုခဲ့တာပါ။

ယူႏုိက္တက္အတြက္ ပြဲေပါင္း ၄၀၀ ေက်ာ္ ကစားထားတ့ဲ ဒီဂီယာဟာ ေမဆန္ေမာင့္ရဲ႕ ကန္သြင္းခ်က္ကို ကာကြယ္ဖို႔ ေပါ့ေလ်ာ့ခဲ့တာေၾကာင့္ ဂိုးေပးခဲ့ရတာပါ။ ဒါ့အျပင္ အဖြင့္ဂိုးအျဖစ္ ဂ်ီရူး ဂိုးသြင္းခ်ိန္မွာလည္း သူ႔ရဲ႕ အမွား မကင္းပါဘူးလို႔ ေဝဖန္သူေတြက ေထာက္ျပေနၾကတာ ျဖစ္ပါတယ္။