ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (20/07/20)

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက ညက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမှာ ချယ်ဆီးတိုက်စစ်မှူး ဂျီရူးရဲ့ သွင်းဂိုး ခွင့်ပြုလိုက်ရတဲ့ အပေါ် ခံစစ်က ဒိထက် ပိုပြီး ကောင်းကောင်း ကာကွယ်ခဲ့သင့်တယ်လို့ ဆိုလိုက်ကာ လင်ဒီအော့ဖ်အား ဝေဖန် ပြစ်တင်လိုက်ပါတယ်။

ချယ်ဆီးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ဒီဂီယာက အမှား ၂ ကြိမ်လောက် လုပ်ခဲ့ပြီး အဆိုပါ အမှားတွေက ပေးဂိုးတွေ ဖြစ်စေခဲ့ပါတယ်။ ဒီဂီယာ တစ်ယောက် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံရတော့မယ်ဆိုတာကို ကြိုသိခဲ့တဲ့ လမ်းပတ်ကတော့ ပွဲအပြီးမှာပဲ ဂိုးသမားတစ်ယောက် အမှားတွေလုပ်မိရင် ဝေဖန်ခံရမှာဖြစ်ပေမယ့် ဒီဂီယာကို လေးစားမှုပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ယူနိုက်တက် ပစ်မှတ်ထားခဲ့ပေမယ့် အင်္ဂလန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟန်ဟာ ဒေါ့မွန်အသင်းထံ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး ၎င်းဟာ ကွင်းလယ်ကြယ်ပွင့်တွေ များပြားနေတဲ့ ယူနိုက်တက်မှာ နေရာရဖို့ ခက်မှာ စိုးရွံ့တာကြောင့် ဘွန်ဒစ်လီဂါကလပ်ကို ရွေးချယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ယူနိုက်တက်မှာ ပွဲကစားခွင့် နည်းပါးပြီး အမေ့လျော့ခံ ဖြစ်နေတဲ့ ခံစစ်မှူး ဒါလော့ကို အဲဗာတန်က မျက်စိကျနေပြီး အငှားနဲ့ ခေါ်ယူလိုနေပါတယ်။

ယူနိုက်တက် ကစားသမားဟောင်းကြီး ဖီးလ် နဗီးလ်ကတော့ ညက အသင်းရဲ့ ရှုံးပွဲမှာ အဓိက တာဝန်ရှိတာက နည်းပြ ဆိုးရှားပဲ ဖြစ်တယ်လို့ ပေါ်တင် ထုတ်ဖော် ဝေဖန်သွားခဲ့ပါတယ်။

ဂိုးသမား ဒီဂီယာကတော့ ညကပွဲ အပြီးမှာ ဝေဖန်မှုတွေ အလူးအလဲ ခံနေရပြီး ယူနိုက်တက် နည်းပြဟောင်း မော်ရင်ညိုကတော့ ဒီဂီယာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တာ ကံကောင်းလို့ ဖြစ်ကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ်။

ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ဟာ ဒီပွဲမတိုင်ခင်ကလည်း အကောင်းဆုံး ဆိုတဲ့ အနေအထား မဟုတ်သလို အခုကလည်း အဆိုးဆုံး အနေအထား မဟုတ်ကြောင်း ဆိုလိုက်ပါတယ်။

နယ်သာလန် လက်ရွေးစင်ဟောင်းကြီး ဗန်ဒါဗတ်ကတော့ မက်ဂွဲရားသာ သန်း ၈၀ တန် ကစားသမား ဆိုရင် ဗန်ဒိုက်က သန်း ၃၀၀ လောက် တန်နေပြီလို့ ပြောဆိုလိုက်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားက ညက အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲမွာ ခ်ယ္ဆီးတိုက္စစ္မွဴး ဂ်ီရူးရဲ႕ သြင္းဂိုး ခြင့္ျပဳလိုက္ရတဲ့ အေပၚ ခံစစ္က ဒိထက္ ပိုျပီး ေကာင္းေကာင္း ကာကြယ္ခဲ့သင့္တယ္လို႔ ဆိုလိုက္ကာ လင္ဒီေအာ့ဖ္အား ေ၀ဖန္ ျပစ္တင္လိုက္ပါတယ္။

ခ်ယ္ဆီးကို ရင္ဆိုင္ကစားတဲ့ပြဲမွာ ဒီဂီယာက အမွား ၂ ၾကိမ္ေလာက္ လုပ္ခဲ့ျပီး အဆိုပါ အမွားေတြက ေပးဂိုးေတြ ျဖစ္ေစခဲ့ပါတယ္။ ဒီဂီယာ တစ္ေယာက္ ေ၀ဖန္မႈေတြ ျပင္းျပင္းထန္ထန္ ခံရေတာ့မယ္ဆိုတာကို ၾကိဳသိခဲ့တဲ့ လမ္းပတ္ကေတာ့ ပြဲအျပီးမွာပဲ ဂိုးသမားတစ္ေယာက္ အမွားေတြလုပ္မိရင္ ေဝဖန္ခံရမွာျဖစ္ေပမယ့္ ဒီဂီယာကို ေလးစားမႈေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ယူနိုက္တက္ ပစ္မွတ္ထားခဲ့ေပမယ့္ အဂၤလန္ လူငယ္ၾကယ္ပြင့္ ဘယ္လင္ဟန္ဟာ ေဒါ့မြန္အသင္းထံ ေရာက္ရွိသြားခဲ့ျပီ ျဖစ္ျပီး ၄င္းဟာ ကြင္းလယ္ၾကယ္ပြင့္ေတြ မ်ားျပားေနတဲ့ ယူနုိက္တက္မွာ ေနရာရဖို႔ ခက္မွာ စိုးရြံ႕တာေၾကာင့္ ဘြန္ဒစ္လီဂါကလပ္ကို ေရြးခ်ယ္ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိ ယူနုိက္တက္မွာ ပြဲကစားခြင့္ နည္းပါးျပီး အေမ့ေလ်ာ့ခံ ျဖစ္ေနတဲ့ ခံစစ္မွဴး ဒါေလာ့ကို အဲဗာတန္က မ်က္စိက်ေနျပီး အငွားနဲ႕ ေခၚယူလိုေနပါတယ္။

ယူနုိက္တက္ ကစားသမားေဟာင္းၾကီး ဖီးလ္ နဗီးလ္ကေတာ့ ညက အသင္းရဲ႕ ရွံဳးပြဲမွာ အဓိက တာ၀န္ရွိတာက နည္းျပ ဆိုးရွားပဲ ျဖစ္တယ္လို႔ ေပၚတင္ ထုတ္ေဖာ္ ေ၀ဖန္သြားခဲ့ပါတယ္။

ဂိုးသမား ဒီဂီယာကေတာ့ ညကပြဲ အျပီးမွာ ေ၀ဖန္မႈေတြ အလူးအလဲ ခံေနရျပီး ယူနုိက္တက္ နည္းျပေဟာင္း ေမာ္ရင္ညိဳကေတာ့ ဒီဂီယာဟာ အသင္းနဲ႕ စာခ်ဳပ္သက္တမ္းတိုးနုိင္ခဲ့တာ ကံေကာင္းလို႔ ျဖစ္ေၾကာင္း သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ကြင္းလယ္ကစားသမား ဘရူနို ဖာနန္ဒက္စ္ကေတာ့ ယူနိုက္တက္ဟာ ဒီပြဲမတိုင္ခင္ကလည္း အေကာင္းဆံုး ဆုိတဲ့ အေနအထား မဟုတ္သလို အခုကလည္း အဆိုးဆံုး အေနအထား မဟုတ္ေၾကာင္း ဆိုလိုက္ပါတယ္။

နယ္သာလန္ လက္ေရြးစင္ေဟာင္းၾကီး ဗန္ဒါဗတ္ကေတာ့ မက္ဂြဲရားသာ သန္း ၈၀ တန္ ကစားသမား ဆိုရင္ ဗန္ဒိုက္က သန္း ၃၀၀ ေလာက္ တန္ေနျပီလို႔ ေျပာဆိုလိုက္ပါတယ္။