ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး ရံှူးပွဲအတွက် ဖာနန်ဒက်စ်ရဲ့ တုန့်ပြန်မှု

UNICODE – အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ချယ်ဆီးကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တာအတွက် နာကျင် ခံစားရပါတယ်လို့ အင်စတာဂရမ်ကနေ ဖာနန်ဒက်စ်က တုန့်ပြန်သွားပါတယ်။

ဖာနန်ဒက်စ်က “ ဒီပွဲမတိုင်ခင်တုန်းကလည်း ကျနေ်ာတို့က အကောင်းဆုံး မဟုတ်သလို၊ ဆိုးဆိုးရွားရွား ညံ့ဖျင်းနေတာလည်း မဟုတ်ပါဘူး။ အခုချိန်မှာ ရလဒ်အတွက်၊ အက်ဖ်အေဖလားကို အနိုင်ဖို့ အခွင့်အရေး ဆုံးရံှူးသွားတာအတွက် အားလုံးရဲ့ မျှော်လင့်ချက်တွေအတွက် ကျနေ်ာတို့ ဝမ်းနည်းနေတယ်။

အခုချိန်ဟာ အာရုံစူးစိုက်မှုတွေ ပြန်လုပ်ပြီး ပရီးမီးယားလိဂ်မှာ ကျနေ်ာတို့ရဲ့ ပန်းတိုင်အတွက် ပြန်လည် တိုက်ခိုက်ရမယ့် အချိန်ပါပဲ ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီရံှူးပွဲဟာ ဖာနန်ဒက်စ်အတွက် ယူနိုက်တက်ကစားသမားဘဝ ပထမဆုံး ရံှူးပွဲလည်း ဖြစ်ပါတယ်။ ဇန်နဝါရီမှာ စပို့တင်းကနေ မန်ချက်စတာကို ပြောင်းလာပြီးနောက် ကလပ်ရဲ့ ၁၉ ပွဲဆက် အရံှူးမရှိမှုမှာ ဖာနန်ဒက်စ်ရဲ့ သက်ရောက်မှုက ကြီးမားခဲ့တယ်။

ဒီပွဲကို အရေးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်က အက်ဖ်အေဖလား လွဲချော်ခဲ့ပြီ ဖြစ်သော်လည်းပဲ ပရီးမီးယားလိဂ်မှာ အဆင့်လေး ဝင်ခွင့်အတွက် အခြေအနေ ကောင်းနေဆဲဖြစ်တယ်။ ပွဲစဉ် ၃၇ ကို လက်စတာအသင်း အရေးနိမ့်ခဲ့တာကြောင့် ကြားရက် ဝက်ဟမ်းနဲ့ပွဲကို ယူနိုက်တက်က အနိုင်ရထားဖို့ လိုအပ်မှာဖြစ်ပြီး ပွဲစဉ် ၃၈ မှာတော့ လက်စတာကွင်းမှာ ယူနိုက်တက်တို့ သွားကစားရမှာ ဖြစ်ပါတယ်။

ZAWGYI – အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ချယ်ဆီးကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တာအတွက် နာကျင် ခံစားရပါတယ်လို့ အင်စတာဂရမ်ကနေ ဖာနန်ဒက်စ်က တုန့်ပြန်သွားပါတယ်။

ဖာနန်ဒက်စ်က “ ဒီပွဲမတိုင်ခင်တုန်းကလည်း ကျနော်တို့က အကောင်းဆုံး မဟုတ်သလို၊ ဆိုးဆိုးရွားရွား ညံ့ဖျင်းနေတာလည်း မဟုတ်ပါဘူး။ အခုချိန်မှာ ရလဒ်အတွက်၊ အက်ဖ်အေဖလားကို အနိုင်ဖို့ အခွင့်အရေး ဆုံးရှူံးသွားတာအတွက် အားလုံးရဲ့ မျှော်လင့်ချက်တွေအတွက် ကျနော်တို့ ဝမ်းနည်းနေတယ်။

အခုချိန်ဟာ အာရုံစူးစိုက်မှုတွေ ပြန်လုပ်ပြီး ပရီးမီးယားလိဂ်မှာ ကျနော်တို့ရဲ့ ပန်းတိုင်အတွက် ပြန်လည် တိုက်ခိုက်ရမယ့် အချိန်ပါပဲ ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီရှူံးပွဲဟာ ဖာနန်ဒက်စ်အတွက် ယူနိုက်တက်ကစားသမားဘဝ ပထမဆုံး ရှူံးပွဲလည်း ဖြစ်ပါတယ်။ ဇန်နဝါရီမှာ စပို့တင်းကနေ မန်ချက်စတာကို ပြောင်းလာပြီးနောက် ကလပ်ရဲ့ ၁၉ ပွဲဆက် အရှူံးမရှိမှုမှာ ဖာနန်ဒက်စ်ရဲ့ သက်ရောက်မှုက ကြီးမားခဲ့တယ်။
