ပါတေး ပြန်လာမယ့်ရက်၊ အာဂျင် ကွင်းလယ်ကို ပစ်မှတ်ထားခြင်း၊ ချီးကျူးခံရတဲ့ ဂျော်ဂျင်ဟိုနဲ့ အာဆင်နယ် ထူးခြား သတင်းများ

အာဆင်နယ်အသင်းဟာ လာမယ့်နွေ ထိပ်တန်း ပစ်မှတ် အဖြစ် ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ်ကို ချိန်ရွယ်နေဆဲ ဖြစ်ပြီး ဂန်းနားဟောင်းကြီး Emmanuel Frimpong ဖရင်းပေါင်ကတော့ ပေါင် သန်း ၁ဝဝ ဈေးခေါ်နေတဲ့ ရိုက်စ်ဟာ ဈေးကြီးလွန်းတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

အာဂျင်တီးနား နဲ့ အတူ ကမ္ဘာ့ဖလားမှာ တောက်ပခဲ့တဲ့ ဘရိုက်တန် ကွင်းလယ် ကြယ်ပွင့် မာ့ခ် အယ်လစ္စတာက ဒီတလော လပိုင်းမှာ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေပြီး အာဆင်နယ်နဲ့ ချယ်ဆီးတို့ နှစ်သင်းလုံးက ၎င်းအား စိတ်ဝင်စားနေပါတယ်။

ဇင်ချန်ကို ဦးစားပေး နေရာရလာတဲ့နောက် အာဆင်နယ် ဘယ်စွန် ခံစစ်သမား တီယာနေးဟာ လာမယ့်နွေမှာ အမ်းမရိတ်ကို စွန့်ခွာဖွယ် ရှိပါတယ်။ တီယာနေးကို နယူးကာဆယ် အသင်းက ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ဒဏ်ရာ ရှိနေတဲ့ ကွင်းလယ် ကစားသမား သောမတ်စ် ပါတေးဟာ အာဆင်နယ် အသင်းဖော်တွေနဲ့ အတူ ထရိန်နင်တောင် မဆင်းနိုင်သေးတာ ဖြစ်လို့ နောက်ထပ် တစ်ပတ်လောက် စောင့်ကြည့်ရဦးမယ် လို့ နည်းပြ အာတီတာက ဖွင့်ဟခဲ့ပါတယ်။

အာတီတာက ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဂျော်ဂျင်ဟို ကို ခေါ်ယူခဲ့ပေမယ့် နွေမှာ ကွင်းလယ် တစ်ဦး ခေါ်ယူလိုဆဲ ဖြစ်ပါတယ်။ ဂန်းနားဟောင်း တစ်ဦး ဖြစ်တဲ့ ဆက်ဂ်နာကတော့ အီတလီသားဟာ အတွေ့အကြုံတွေ စုံနေပြီး အာဆင်နယ် အတွက် ပြီးပြည့်စုံတဲ့ ကစားသမားပဲ လို့ ချီးကျူးသွားခဲ့ပါတယ်။

အက်စတွန်ဗီလာဘက် ဂိုးမဝင်ခင်တည်းက ကြို စောစော အောင်ပွဲခံလိုက်တဲ့ မာတင်နယ်လီ လုပ်ရပ်ဟာ လေးစားမှု မရှိတာပဲ လို့ ဗီလာ တိုက်စစ်မှုးဟောင်း အဘွန်လဟောက ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ် က ဒီအပတ်မှာ အမှတ်ပေးဇယား ပထမ နေရာကို ပြန်ယူလိုက်ပေမယ့် နိုင်ပွဲ ဆက်တိုက် ရနေတဲ့ မန်ချက်စတာ ယူနိုက်တက် ကလည်း ချန်ပီယံ အခွင့်အရေး ရှိနေကြောင်း ဂရေမီဆောင်းနက်နဲ့ ရော်ဘီကိန်း တို့က သုံးသပ်လိုက်ပါတယ်။

အက်စတွန်ဗီလာနဲ့ ပွဲမှာ အာဆင်နယ် ပရိသတ်တွေ ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမား ဆု ကို ဂျော်ဂျင်ဟို က ရရှိခဲ့ပါတယ်။