မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေမှာ ကွင်းလယ် ကစားသမား စကော့ မက် တော်မီနေးကို ရောင်းချဖို့ လမ်းဖွင့်ထားပြီး ပေါင် ၂၅ သန်း ဈေးသတ်မှတ်ဖွယ် ရှိတယ်လို့ သိရပါတယ်။
လက်စတာကို ဂိုးပြတ်နိုင်တဲ့ ပွဲအပြီးမှာ သူနဲ့ စံချိန်တူ အဖြစ် clean sheets ပွဲ ၁၈ဝ ပြည့်သွားတဲ့ ဒေးဗစ် ဒီဂီယာအား ယူနိုက်တက် ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်က ဂုဏ်ယူကြောင်း ပြောဆိုသွားခဲ့ပါတယ်။

” ပွဲ ၁၈ဝ ပေးဂိုး မရှိဆိုတာ ခက်ခက်ခဲခဲ ကြိုးစားယူရတာပါ။ ဒီနေ့ပွဲလို ကမ္ဘာ့ ထိပ်တန်း ကာကွယ်မှု ၂ခုနဲ့ အတူ သူ ဒီလို လုပ်နိုင်တာ ထိုက်တန်ပါတယ်။ သိပ်တော်တယ် ဒီဂီယာရေ။ အများကြီး ကွန်ဂရက်ကျူလေးရှင်းကွာ။ သိပ်ကောင်းတဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်တယ်။” လို့ ရှမိုက်ကယ်က လှိုက်လှိုက် လှဲလှဲ ပြောဆိုခဲ့တာပါ။
ယူနိုက်တက်ဟာ အငှားလွှတ်ထားတဲ့ အယ်ဗာရို ဖာနန်ဒက်စ် ရဲ့ ပွဲကစားခွင့် ရတဲ့ အခြေအနေ ကို အားရ ကျေနပ်နေကြောင်း Preston North End နည်းပြ Ryan Lowe က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက် အသင်း ဝန်ထမ်းတွေဟာ အသင်းရဲ့ ရောင်းချမှု လုပ်ငန်းစဉ်မှာ မပါဝင်၊ အသိ မပေးခံရတာကြောင့် အသင်းရဲ့ ကွင်းထဲက ရလဒ်တွေ အပေါ် သက်ရောက်မှု မရှိဘူး လို့ မန်ချက်စတာ ညနေခင်း သတင်းက ဆိုပါတယ်။
WhoScored က ရွေးချယ်တဲ့ ပရီးမီးယားလိဂ် တစ်ပတ်တာ အကောင်းဆုံး အသင်းမှာ ယူနိုက်တက် ကစားသမား ၄ ဦးထိ ရွေးချယ်ခံခဲ့ရပါတယ်။ ထို ၄ဦးကတော့ လင်ဒီလော့ဖ်၊ ရှော၊ ဖာနန်ဒက်စ်နဲ့ ရက်ဖို့ဒ်တို့ပါ။
