ယူနိုက်တက် Vs ဝက်စ်ဟမ်း ပွဲ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာယူနိုက်တက်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲမှာတော့ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဇူလိုင် ၂၂ ရက် (ဗုဒ္ဓဟူးနေ့) ည ၁၁း၃၀ နာရီ မှာပါ။

ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ ပွဲစဉ် အတွက် နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းသွားပါတယ်။

” ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အညှာအတာကင်းကင်း ကစားနေပြီး ကြားရက်တုန်းက ပဲလေစ့်ကို ၂-၀ နဲ့ ထပ်ပြီး အနိုင်ယူခဲ့ပြန်ပါတယ်။ အဲ့သည် အနိုင်က လက်စတာနဲ့ ရမှတ်တူ သွင်းဂိုးကွာ အနေအထားကို ရောက်ရှိသွားစေခဲ့တယ်။ ဝက်ဟမ်းနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲမှာ ယူနိုက်တက်က နောက်ထပ် အနိုင်သုံးမှတ်ကို ရယူဖို့ ဆန္ဒရှိနေပါလိမ့်မယ်။

ဒီပွဲက ရာသီ နောက်ဆုံးပွဲအဖြစ် လက်စတာကို ယှဉ်ပြိုင်ရတဲ့ ပွဲအတွက် အရေးပါလာလိမ့်မယ်။ နောက်ဆုံး ယှဉ်ပြိုင်ထးတဲ့ ပွဲတွေမှာ ဝက်ဟမ်းကလည်း သူတို့ရဲ့ ပုံစံကောင်းကို ပြသနေတယ်။ တန်းဆင်းဇုန် ယှဉ်ပြိုင်ဘက်ဖြစ်တဲ့ ဝတ်ဖိုဒ့်ကို အနိုင်ယူခဲ့တာက သူတို့အတွက် အရေးပါတဲ့ အနိုင် သုံးမှတ် ဖြစ်ခဲ့တယ်။

နောက်ဆုံး ထိပ်တိုက်တွေ့မှုတုန်းက ဝက်ဟမ်းက ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရခဲ့တာဖြစ်တယ်။ သို့ပေမယ့်လည်း ယူနိုက်တက် ပြသလာတဲ့ ပုံစံကောင်းတွေအရ ခြားနားတဲ့ အခြေအနေတွေ ဖြစ်လာမှာဖြစ်ပြီး သရဲနီတွေက သက်သောင့်သက်သာပဲ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရသွားမယ်လို့ ထင်ပါတယ်။ ” လို့ အိုဝင်က ဆိုပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်ကတော့ နှစ်သင်းလုံး ဂိုးသွင်းပြီး ယူနိုက်တက် အနိုင် (သို့မဟုတ်) ယူနိုက်တက် ၃-၁ ဝက်ဟမ်း ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲမွာေတာ့ ၀က္စ္ဟမ္းနဲ႕ ရင္ဆိုင္ရမွာ ျဖစ္ျပီး အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၂၂ ရက္ (ဗုဒၶဟူးေန႔) ည ၁၁း၃၀ နာရီ မွာပါ။

ယူနုိက္တက္နဲ႕ ၀က္စ္ဟမ္းတို႔ ပြဲစဥ္ အတြက္ နာမည္ေက်ာ္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းသြားပါတယ္။

” ယူႏုိက္တက္ဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ အညွာအတာကင္းကင္း ကစားေနျပီး ၾကားရက္တုန္းက ပဲေလစ့္ကို ၂-၀ နဲ႔ ထပ္ျပီး အႏုိင္ယူခဲ့ျပန္ပါတယ္။ အဲ့သည္ အႏုိင္က လက္စတာနဲ႔ ရမွတ္တူ သြင္းဂိုးကြာ အေနအထားကို ေရာက္ရွိသြားေစခဲ့တယ္။ ဝက္ဟမ္းနဲ႔ ယွဥ္ျပိဳင္ရတဲ့ပြဲမွာ ယူႏုိက္တက္က ေနာက္ထပ္ အႏုိင္သံုးမွတ္ကို ရယူဖို႔ ဆႏၵရွိေနပါလိမ့္မယ္။

ဒီပြဲက ရာသီ ေနာက္ဆံုးပြဲအျဖစ္ လက္စတာကို ယွဥ္ျပိဳင္ရတဲ့ ပြဲအတြက္ အေရးပါလာလိမ့္မယ္။ ေနာက္ဆံုး ယွဥ္ျပိဳင္ထးတဲ့ ပြဲေတြမွာ ဝက္ဟမ္းကလည္း သူတို႔ရဲ႕ ပံုစံေကာင္းကို ျပသေနတယ္။ တန္းဆင္းဇုန္ ယွဥ္ျပိဳင္ဘက္ျဖစ္တဲ့ ဝတ္ဖိုဒ့္ကို အႏုိင္ယူခဲ့တာက သူတို႔အတြက္ အေရးပါတဲ့ အႏုိင္ သံုးမွတ္ ျဖစ္ခဲ့တယ္။

ေနာက္ဆံုး ထိပ္တိုက္ေတြ႔မႈတုန္းက ဝက္ဟမ္းက ယူႏုိက္တက္ကို ၂-၀ နဲ႔ အႏုိင္ရခဲ့တာျဖစ္တယ္။ သို႔ေပမယ့္လည္း ယူႏုိက္တက္ ျပသလာတဲ့ ပံုစံေကာင္းေတြအရ ျခားနားတဲ့ အေျခအေနေတြ ျဖစ္လာမွာျဖစ္ျပီး သရဲနီေတြက သက္ေသာင့္သက္သာပဲ ၃-၁ ဆိုတဲ့ ရလဒ္နဲ႔ အႏုိင္ ရသြားမယ္လို႔ ထင္ပါတယ္။ ” လို႔ အို၀င္က ဆိုပါတယ္။

မိုက္ကယ္အိုဝင္ ခန္႔မွန္းရလဒ္ကေတာ့ နွစ္သင္းလံုး ဂိုးသြင္းျပီး ယူနိုက္တက္ အနုိင္ (သို႔မဟုတ္) ယူႏုိက္တက္ ၃-၁ ဝက္ဟမ္း ျဖစ္ပါတယ္။