UNICODE – မန်စီးတီးဟာ မန်ချက်စတာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ရဲ့ တိုက်စစ်သမားဖြစ်သူ ဆန်းချက်ကို ခေါ်ယူလိုနေတယ်လို့ ချီလီ သတင်းဌာနတွေက ဖော်ပြသွားကြောင်း သိရပါတယ်။
အသက် ၃၁ နှစ်အရွယ် တိုက်စစ်သမားကို ခေါ်ယူဖို့ မန်စီးတီးနဲ့ ယူနိုက်တက်တို့ အပြိုင် ကြိုးစားခဲ့ကြတဲ့ ၂၀၁၈ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်က မီခီတာရန် အလဲအထပ်နဲ့အတူ ဆန်းချက်ကို ခေါ်ယူခွင့် ရသွားခဲ့တာပါ။ ဒါပေမယ့် အိုထရတ်ဖိုဒ့်မှာ ဆန်းချက်ဟာ မအောင်မြင်တဲ့ ကစားသမား ဘဝကိုပဲ ပိုင်ဆိုင်ခဲ့ပြီး ပွဲပေါင်း ၄၅ ပွဲအတွင်း သွင်းဂိုး ၅ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။
ဒီရာသီမှာတော့ စီးရီးအေကလပ် အင်တာမီလန်ထံ အငှားထွက်ခဲ့ပြီး ဒဏ်ရာ ပြဿနာတွေကြောင့် တစ်ရာသီလုံး ပွဲထွက် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ယူနိုက်တက်က ဒီနွေမှာ ကစားသမားအတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် သက်သာတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်သွားမှာဖြစ်ပါတယ်။
ချီလီသတင်းဌာနတွေကတော့ မန်စီးတီး တာဝန်ရှိသူတွေက ဆန်းချက်ရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံထားတယ်လို့ ဖော်ပြပါတယ်။ ယူနိုက်တက်က တောင်းဆိုမယ့် ပြောင်းရွှေ့ကြေးက ပေါင် ၁၇ သန်း ဝန်းကျင်ဖြစ်ပြီး အင်တာနဲ့ မန်စီးတီးတို့က ဆန်းချက်ကို ခေါ်ယူဖို့ အရေးအတွက် ညိနှိုင်းမှုတွေ လုပ်ကြမည့် သဘောဖြစ်တယ်။
နှစ်သင်းလုံးက ဆန်းချက်ကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် ဆန်းချက်အတွက် ယူနိုက်တက်တောင်းတဲ့ ပြောင်းရွှေ့ကြေးကို မပေးလိုသလို ကစားသမားရဲ့ တစ်ပတ်လုပ် ပေါင် ၄ သိန်းကလည်း များပြားလွန်းတာကြောင့် ညိနှိုင်းမှုတွေ လုပ်လိုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ZAWGYI – မန္စီးတီးဟာ မန္ခ်က္စတာ ျမိဳ႔ခံျပိဳင္ဘက္ ယူႏုိက္တက္ရဲ႕ တိုက္စစ္သမားျဖစ္သူ ဆန္းခ်က္ကို ေခၚယူလိုေနတယ္လို႔ ခ်ီလီ သတင္းဌာနေတြက ေဖာ္ျပသြားေၾကာင္း သိရပါတယ္။
အသက္ ၃၁ ႏွစ္အရြယ္ တိုက္စစ္သမားကို ေခၚယူဖို႔ မန္စီးတီးနဲ႔ ယူႏုိက္တက္တို႔ အျပိဳင္ ၾကိဳးစားခဲ့ၾကတဲ့ ၂၀၁၈ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ယူႏုိက္တက္က မီခီတာရန္ အလဲအထပ္နဲ႔အတူ ဆန္းခ်က္ကို ေခၚယူခြင့္ ရသြားခဲ့တာပါ။ ဒါေပမယ့္ အိုထရတ္ဖိုဒ့္မွာ ဆန္းခ်က္ဟာ မေအာင္ျမင္တဲ့ ကစားသမား ဘဝကိုပဲ ပိုင္ဆိုင္ခဲ့ျပီး ပြဲေပါင္း ၄၅ ပြဲအတြင္း သြင္းဂိုး ၅ ဂိုးပဲ သြင္းႏုိင္ခ့ဲပါတယ္။
ဒီရာသီမွာေတာ့ စီးရီးေအကလပ္ အင္တာမီလန္ထံ အငွားထြက္ခဲ့ျပီး ဒဏ္ရာ ျပႆနာေတြေၾကာင့္ တစ္ရာသီလံုး ပြဲထြက္ ကစားႏုိင္ခဲ့ျခင္း မရွိပါဘူး။ ယူႏုိက္တက္က ဒီေႏြမွာ ကစားသမားအတြက္ ကမ္းလွမ္းမႈေတြ ရွိလာခဲ့ရင္ သက္သာတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာင္းထုတ္သြားမွာျဖစ္ပါတယ္။
ခ်ီလီသတင္းဌာနေတြကေတာ့ မန္စီးတီး တာဝန္ရွိသူေတြက ဆန္းခ်က္ရဲ႕ ကိုယ္စားလွယ္နဲ႔ ေတြ႔ဆံုထားတယ္လို႔ ေဖာ္ျပပါတယ္။ ယူႏုိက္တက္က ေတာင္းဆိုမယ့္ ေျပာင္းေရႊ႔ေၾကးက ေပါင္ ၁၇ သန္း ဝန္းက်င္ျဖစ္ျပီး အင္တာနဲ႔ မန္စီးတီးတို႔က ဆန္းခ်က္ကို ေခၚယူဖို႔ အေရးအတြက္ ညိႏိႈင္းမႈေတြ လုပ္ၾကမည့္ သေဘာျဖစ္တယ္။
ႏွစ္သင္းလံုးက ဆန္းခ်က္ကို ေခၚယူဖို႔ စိတ္ဝင္စားေပမယ့္ ဆန္းခ်က္အတြက္ ယူႏုိက္တက္ေတာင္းတဲ့ ေျပာင္းေရႊ႔ေၾကးကို မေပးလိုသလို ကစားသမားရဲ႕ တစ္ပတ္လုပ္ ေပါင္ ၄ သိန္းကလည္း မ်ားျပားလြန္းတာေၾကာင့္ ညိႏိႈင္းမႈေတြ လုပ္လိုေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။