ကွင်းလယ် ပစ်မှတ်၊ ပရီးမီးယားလိဂ် ဘက်လိုက်မှု၊ စိုးရိမ်ရတဲ့ ထရော့ဆက်နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

အာဆင်နယ် အသင်းဟာ ဒေါ့မွန် ကွင်းလယ်တိုက်စစ်သမား ဂျူလီယန် ဘရန့်ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။ ဘရန့်ရဲ့ လက်ရှိ စာချုပ်က ၂၀၂၄ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး သက်တမ်းတိုး သဘောတူညီမှု မရသေးပါဘူး။

အာဆင်နယ်အသင်းရဲ့ ဘုန်းမောက်ကို နိုင်တဲ့ ပွဲမှာ အချိန်ပိုက ၆ မိနစ်သာ ပေးခဲ့ပေမယ့် နယ်ဆန်ရဲ့ အနိုင်ဂိုးက ၉၇ မိနစ်မှာ သွင်းယူခဲ့တာပါ။

နည်းပြ အာတီတာရဲ့ ဒိုင်တွေကို လက် ၇ ချောင်း ထောင်ပြတဲ့ ပုံရိပ်တွေကလည်း ထွက်ပေါ်နေပြီးနောက် ပရီးမီးယားလိဂ်နဲ့ ဒိုင်တွေက အာဆင်နယ် အသာရအောင် ကူညီပေးနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

အာဆင်နယ် နည်းပြ အာတီတာကတော့ ဘုန်းမောက်ကို နိုင်တဲ့ ပွဲဟာ သူ့ နည်းပြဘဝ အကောင်းဆုံး နိုင်ပွဲ ဖြစ်တယ်လို့ ပွဲအပြီးမှာ ဝမ်းမြောက်စွာ ဆိုခဲ့ပါတယ်။

ဝါရင့် ဘောလုံးပွဲ သုံးသပ်သူတွေ ဖြစ်တဲ့ ပေါမာဆန်နဲ့ ခရစ်ဆက်တန်တို့ကတော့ မနေ့ညက ပွဲ အပြီးမှာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံက အာဆင်နယ် ပဲ လို့ တညီတည်း လေသံထွက်လာပါတယ်။

ဘုန်းမောက်နဲ့ ပွဲမှာ ထရော့ဆက် ဒဏ်ရာ ရသွားတာက စိုးရိမ်ဖွယ် ဖြစ်ပြီး ကစားသမားက သူ ဘယ်လိုမှ ဆက် မကစားနိုင်တော့တဲ့ အကြောင်းကိုလည်း အသိပေးခဲ့တယ်လို့ နည်းပြ အာတီတာက ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် အသင်း ပရိသတ်တွေကတော့ စနေနေ့က ပွဲမှာ ရှာကာနဲ့ ဝှိုက်ကို လူစားလဲခဲ့တဲ့ အာတီတာရဲ့ အပြုအမူ ကို နားမလည်နိုင် ဖြစ်နေပြီး ပြိုင်ဘက်က ဘယ်လောက် အားနည်းပါစေ လျှော့မတွက်ဖို့ သတိပေး ထောက်ပြနေကြပါတယ်။