ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (21/07/20)

ယူနိုက်တက်ဟာ ဖာနန်ဒက်စ် ကို ဝယ်ယူစဉ်က နောက်ဆက်တွဲ သဘောတူညီမှုတွေကြောင့် စပို့တင်းလစ္စဘွန်း အသင်းထံ ပေါင် ၉ သန်း ထပ်မံ ပေးချေရဖို့ ရှိနေပါတယ်။ ဖာနန်ဒက်စ် ပွဲကစားတာ ပွဲ ၂၀ ပြည့်ရင် ပေါင် ၄.၅ သန်း ပေးရမှာ ဖြစ်ပြီး ပြည့်ဖို့ကလည်း ၂ ပွဲသာ လိုတော့တာ ဖြစ်ပါတယ်။ နောက်ထပ် ပေါင် ၄.၅ သန်း ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရင် ပေးရမှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ မန်ချက်စတာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ရဲ့ တိုက်စစ်သမားဖြစ်သူ ဆန်းချက်ကို ခေါ်ယူလိုနေတယ်လို့ ချီလီ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဆန်းချက်ကို အင်တာကလည်း အလိုရှိနေပြီး ယူနိုက်တက်က ချီလီသားအတွက် ပေါင် ၁၇ သန်း ဝန်းကျင် ရဖို့ အလိုရှိနေပါတယ်။

ဒီတစ်ပတ် ဝက်စ်ဟမ်းနဲ့ တွေ့မယ့် ပွဲစဉ် အတွက် ပွဲကြို ရှင်းလင်းပွဲ ပြုလုပ်ရာမှာ သတင်းသမားတွေက ဒီဂီယာ အကြောင်းသာ မေးမြန်းနေကြတာကြောင့် နည်းပြ ဆိုးရှားက ဒီပွဲဟာ ဒီဂီယာ အကြောင်း သတင်းစာ ရှင်းလင်းပွဲ မဟုတ်ကြောင်း ဆိုလိုက်ပြီး ကစားသမား တစ်ဦးချင်းစီ အတွက် ဖြေကြားပေးမှာ မဟုတ်ကြောင်း ငြင်းပယ်ခဲ့ပါတယ်။

ချယ်ဆီးနဲ့ အက်ဖ်အေပွဲမှာ ဦးခေါင်း ဒဏ်ရာ ရခဲ့တဲ့ ယူနိုက်တက် ခံစစ်မှူး အဲရစ်ဘိုင်လီက ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရပေမယ့် အခြေအနေ မပြင်းထန်တာကြောင့် နောက်ရက်မှာပဲ ဆေးရုံက ပြန်ဆင်းခွင့် ရခဲ့ပါတယ်။ ဘိုင်လီကလည်း လူမှုကွန်ယက်ကနေ သူ့ကို စိတ်မပူကြဖို့ သတင်းစကား ပါးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ သူ့ကို လုံလောက်တဲ့ အချိန်ကာလ တစ်ခု မပေးခဲ့ပေမယ့် လက်ရှိနည်းပြ ဆိုးရှားကတော့ စိတ်ရှည်စွာ အချိန်ပေးနေခဲ့တာ ဖြစ်ကြောင်း လက်ရှိ ဝက်စ်ဟမ်းကို ကိုင်တွယ်နေပြီ ဖြစ်တဲ့ ယူနိုက်တက် နည်းပြဟောင်း ဒေးဗစ် မိုယက်စ်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်ဂိုးသမား ဟန်ဒါဆင် ဟာ လက်ရှိ ဖိအားတွေ ရင်ဆိုင်နေရတဲ့ ဒီဂီယာနဲ့ ယူနိုက်တက်ရဲ့ ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မယ်လို့ ဘလက်လန်းအသင်းဂိုးနည်းပြ ဘင်ဆန်က ပြောဆိုခဲ့ပါတယ်။

မေဂျာလိဂ်မှာ အင်တာမီယာမီအသင်းကို ပိုင်ဆိုင်နေတဲ့ ဒေးဗစ်ဘက်ခမ်းကတော့ ဥရောပ ဘောလုံးလောကမှာ နာမည်ကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်လို အသင်းတွေဟာ ခမ်းနားမှုတွေကို တစ်ရက်တည်း နေ့ချင်းပြီး တည်ဆောက်ခဲ့တာ မဟုတ်ကြောင်း နမူနာပြ ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ဟာ ဖာနန္ဒက္စ္ ကို ၀ယ္ယူစဥ္က ေနာက္ဆက္တြဲ သေဘာတူညီမႈေတြေၾကာင့္ စပို႔တင္းလစၥဘြန္း အသင္းထံ ေပါင္ ၉ သန္း ထပ္မံ ေပးေခ်ရဖို႔ ရွိေနပါတယ္။ ဖာနန္ဒက္စ္ ပြဲကစားတာ ပြဲ ၂၀ ျပည့္ရင္ ေပါင္ ၄.၅ သန္း ေပးရမွာ ျဖစ္ျပီး ျပည့္ဖို႔ကလည္း ၂ ပြဲသာ လိုေတာ့တာ ျဖစ္ပါတယ္။ ေနာက္ထပ္ ေပါင္ ၄.၅ သန္း ကေတာ့ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရရင္ ေပးရမွာ ျဖစ္ပါတယ္။

မန္စီးတီးဟာ မန္ခ်က္စတာ ျမိဳ႔ခံျပိဳင္ဘက္ ယူႏုိက္တက္ရဲ႕ တိုက္စစ္သမားျဖစ္သူ ဆန္းခ်က္ကို ေခၚယူလိုေနတယ္လို႔ ခ်ီလီ သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။ ဆန္းခ်က္ကို အင္တာကလည္း အလိုရွိေနျပီး ယူႏုိက္တက္က ခ်ီလီသားအတြက္ ေပါင္ ၁၇ သန္း ဝန္းက်င္ ရဖို႔ အလိုရွိေနပါတယ္။

ဒီတစ္ပတ္ ၀က္စ္ဟမ္းနဲ႕ ေတြ႔မယ့္ ပြဲစဥ္ အတြက္ ပြဲၾကိဳ ရွင္းလင္းပြဲ ျပဳလုပ္ရာမွာ သတင္းသမားေတြက ဒီဂီယာ အေၾကာင္းသာ ေမးျမန္းေနၾကတာေၾကာင့္ နည္းျပ ဆိုးရွားက ဒီပြဲဟာ ဒီဂီယာ အေၾကာင္း သတင္းစာ ရွင္းလင္းပြဲ မဟုတ္ေၾကာင္း ဆိုလိုက္ျပီး ကစားသမား တစ္ဦးခ်င္းစီ အတြက္ ေျဖၾကားေပးမွာ မဟုတ္ေၾကာင္း ျငင္းပယ္ခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႕ အက္ဖ္ေအပြဲမွာ ဦးေခါင္း ဒဏ္ရာ ရခဲ့တဲ့ ယူနုိက္တက္ ခံစစ္မွဴး အဲရစ္ဘိုင္လီက ေဆးရံုသို႔ ပို႔ေဆာင္ခံခဲ့ရေပမယ့္ အေျခအေန မျပင္းထန္တာေၾကာင့္ ေနာက္ရက္မွာပဲ ေဆးရံုက ျပန္ဆင္းခြင့္ ရခဲ့ပါတယ္။ ဘိုင္လီကလည္း လူမႈကြန္ယက္ကေန သူ႔ကို စိတ္မပူၾကဖို႔ သတင္းစကား ပါးခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ သူ႔ကို လံုေလာက္တဲ့ အခ်ိန္ကာလ တစ္ခု မေပးခဲ့ေပမယ့္ လက္ရွိနည္းျပ ဆိုးရွားကေတာ့ စိတ္ရွည္စြာ အခ်ိန္ေပးေနခဲ့တာ ျဖစ္ေၾကာင္း လက္ရွိ ၀က္စ္ဟမ္းကို ကိုင္တြယ္ေနျပီ ျဖစ္တဲ့ ယူနုိက္တက္ နည္းျပေဟာင္း ေဒးဗစ္ မိုယက္စ္က ေထာက္ျပ ေျပာဆိုခဲ့ပါတယ္။

ရွက္ဖီးယူႏိုက္တက္ဂိုးသမား ဟန္ဒါဆင္ ဟာ လက္ရွိ ဖိအားေတြ ရင္ဆိုင္ေနရတဲ့ ဒီဂီယာနဲ႕ ယူႏိုက္တက္ရဲ႕ ဖိအားေတြကို ကိုင္တြယ္ေျဖရွင္းေပးႏိုင္မယ္လို႔ ဘလက္လန္းအသင္းဂိုးနည္းျပ ဘင္ဆန္က ေျပာဆိုခဲ့ပါတယ္။

ေမဂ်ာလိဂ္မွာ အင္တာမီယာမီအသင္းကို ပိုင္ဆိုင္ေနတဲ့ ေဒးဗစ္ဘက္ခမ္းကေတာ့ ဥေရာပ ေဘာလံုးေလာကမွာ နာမည္ၾကီးေတြ ျဖစ္တဲ့ မန္ခ်က္စတာ ယူနုိက္တက္နဲ႕ ရီးရဲလ္မက္ဒရစ္လို အသင္းေတြဟာ ခမ္းနားမႈေတြကို တစ္ရက္တည္း ေန႔ခ်င္းျပီး တည္ေဆာက္ခဲ့တာ မဟုတ္ေၾကာင္း နမူနာျပ ေျပာဆိုခဲ့ပါတယ္။