လက်ရှိကလပ်မှာ ဆက်ရှိဖို့ မသေချာကြောင်း ဝန်ခံခဲ့တဲ့ ယူနိုက်တက် ပစ်မှတ် ဂျက်ဂရေးလစ်ချ်
မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ချ် က ဗီလာမှာပဲ ဆက်ရှိသွားဖို့ သေချာ မပြောနိုင်သေးကြောင်း ညက အာဆင်နယ်ကို နိုင်တဲ့ ပွဲအပြီး အင်တာဗျူးမှာ ဝန်ခံ ပြောကြားခဲ့ပါတယ်။
အက်စတွန်ဗီလာဟာ ညက ဗီလာပါ့ခ်ကွင်းမှာ ကစားတဲ့ပွဲမှာ အာဆင်နယ်ကို ၁-၀ နဲ့ အနိုင်ယူပြီး တန်းဆင်းဇုန်ကနေ လွတ်မြောက်ခဲ့ပြီး လက်ကျန်တစ်ပွဲ ကျန်ရှိနေပါတယ်။
ဂရေးလစ်ချ်ဟာ ဒီရာသီ ရုန်းကန်နေရတဲ့ ဗီလာ အသင်းမှာ တောက်ပတဲ့ အလင်းတစ်စ ဖြစ်နေပြီး အင်္ဂလန်သားရဲ့ ထူးချွန်တဲ့ ခြေစွမ်းတွေကြောင့် ယူနိုက်တက် နည်းပြ ဆိုးရှားက အသက် ၂၄ နှစ် အရွယ် ကွင်းလယ်သမားကို ဒီနွေမှာ ခေါ်ယူဖို့ စိတ်အား ထက်သန်နေပါတယ်။
ဂရေးလစ်ချ်ဟာ အက်စတွန်ဗီလာ အသင်း ပရီးမီးယားလိဂ်မှာ တင်ကျန်သည် ဖြစ်စေ မတင်ကျန်သည် ဖြစ်စေ အသင်းကနေ ထွက်ခွာ ဖြစ်ဖို့ များနေပြီး ၎င်း အနေနဲ့ ဗီလာပါ့ခ်မှာ နောက်ဆုံးပွဲ ကစားလိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။ ဗီလာပါ့ခ်မှာ အက်စတွန်ဗီလာ ဝတ်စုံနဲ့ ကစားတဲ့ နောက်ဆုံးပွဲ ဖြစ်ခဲ့ပြီလား အမေးကိုလည်း မသေချာသေးကြောင်း ၎င်းက ဖြေဆိုခဲ့ပါတယ်။
” (နောက်ဘာဖြစ်မလဲ) ကျနော်လည်း လောလောဆယ်တော့ သေချာ မပြောနိုင်သေးပါဘူး။ လောလောဆယ် ကျနော် အာရုံစိုက်ထားတာက ဒီအသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ပါပဲ။ ကျနော်တို့ တစ်ခုတည်းသော ရည်မှန်းချက်က ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ပါ။ ကလပ်အသင်းရော အသင်းပရိသတ်တွေရော က ဒီမှာ ဆက်ရှိနေဖို့ ထိုက်တန်ပါတယ်။ ” လို့ ဆိုခဲ့ပါတယ်။
အက်စတွန်ဗီလာဟာ ဒီရာသီ နောက်ဆုံးပွဲ အဖြစ် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ အခြေအနေ ကောင်းနေပါတယ်။ ဂရေးလစ်ချ်ရဲ့ မရေရာတဲ့ စကားတွေကြောင့် ယူနိုက်တက်တို့ အခွင့်အရေး ပိုသာနေပြီလို့ ယူဆရဖွယ် ရှိပါတယ်။
Zawgyi – မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ခ်ျ က ဗီလာမှာပဲ ဆက်ရှိသွားဖို့ သေချာ မပြောနိုင်သေးကြောင်း ညက အာဆင်နယ်ကို နိုင်တဲ့ ပွဲအပြီး အင်တာဗျူးမှာ ၀န်ခံ ပြောကြားခဲ့ပါတယ်။
ဂရေးလစ်ခ်ျဟာ ဒီရာသီ ရုန်းကန်နေရတဲ့ ဗီလာ အသင်းမှာ တောက်ပတဲ့ အလင်းတစ်စ ဖြစ်နေပြီး အင်္ဂလန်သားရဲ့ ထူးချွန်တဲ့ ခြေစွမ်းတွေကြောင့် ယူနိုက်တက် နည်းပြ ဆိုးရှားက အသက် ၂၄ နှစ် အရွယ် ကွင်းလယ်သမားကို ဒီနွေမှာ ခေါ်ယူဖို့ စိတ်အား ထက်သန်နေပါတယ်။
ဂရေးလစ်ခ်ျဟာ အက်စတွန်ဗီလာ အသင်း ပရီးမီးယားလိဂ်မှာ တင်ကျန်သည် ဖြစ်စေ မတင်ကျန်သည် ဖြစ်စေ အသင်းကနေ ထွက်ခွာ ဖြစ်ဖို့ များနေပြီး ၄င်း အနေနဲ့ ဗီလာပါ့ခ်မှာ နောက်ဆုံးပွဲ ကစားလိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ၀န်ခံ ပြောဆိုခဲ့ပါတယ်။ ဗီလာပါ့ခ်မှာ အက်စတွန်ဗီလာ ၀တ်စုံနဲ့ ကစားတဲ့ နောက်ဆုံးပွဲ ဖြစ်ခဲ့ပြီလား အမေးကိုလည်း မသေချာသေးကြောင်း ၄င်းက ဖြေဆိုခဲ့ပါတယ်။