လီယွန်နယ် မက်ဆီက ပီအက်စ်ဂျီ အသင်းနဲ့သာ သက်တမ်းတိုး သဘောတူညီမှု မရရင် ဆော်ဒီ အာရေဗျမှ တစ်နှစ် လုပ်ခ ပေါင် ၁၉၄ သန်း တန် ကမ်းလှမ်းမှု ရောက်လာဖို့ ရှိနေပါတယ်။
မန်စီးတီး တိုက်စစ်သမား ဂျူလီယန် အဲဗာရက်စ်ဟာ လက်ရှိ လုပ်ခကနေ နှစ်ဆ အဖြစ် တစ်ပတ် ပေါင် ၁သိန်း လစာနဲ့ နောက်ထပ် ၅ နှစ် သက်တမ်းရှိ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းထားသူတွေဟာ နောက်ထပ် ကမ်းလှမ်းမှု တင်သွင်းဖို့ ၁ဝ ရက် အချိန်ပေးခံထားရကြောင်း သိရပါတယ်။

ချယ်ဆီးအသင်းဟာ မွန်ချင်ဂလာဘတ် ကွင်းလယ် ကစားသမား Manu Kone ကို ခေါ်ယူဖို့ စုံစမ်း မေးမြန်းခဲ့ကြောင်း သိရပါတယ်။ ချယ်ဆီးက ပီအက်စ်ဂျီထက်တော့ အခွင့်သာနေကြောင်း သတင်းတွေက ဆိုပါတယ်။
ဖရန့်ဖတ်အသင်းဟာ တိုက်စစ်မှုး မူအမ်နီ အတွက် လာမယ့်နွေမှာ မန်ချက်စတာ ယူနိုက်တက် ကမ်းလှမ်းမှုတွေ ရောက်လာမှာကို တောင့်ခံဖို့ ပြင်ဆင်နေကြောင်း ဂျာမနီက သတင်းတွေက ဖော်ပြလာပါတယ်။
စီ ရော်နယ်ဒိုဟာ ဒီလထဲ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေ ကစားမယ့် ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းသားတွေဟာ လက်ကျန် ရာသီမှာ ရှိသမျှ အားကုန် ထုတ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အဆင့် ၄ ထဲ ဝင်အောင်ပဲ ကြိုးစားကြဖို့ နည်းပြ ကလော့ပ်က တောင်းဆိုလိုက်ပါတယ်။
အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက မူဒရစ်ကို ခေါ်ယူရေး မအောင်မြင်ခဲ့တဲ့နောက် ထရော့ဆက် ကို ခေါ်ယူဖြစ်ခဲ့တာက ထီပေါက်သလို ကံကောင်းသွားခဲ့ခြင်းပဲလို့ အီယန်ရိုက်က ပြောဆိုလိုက်ပါတယ်။
ပြင်သစ် လက်ရွေးစင် အသင်းဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို မနိုင်ခဲ့ပေမယ့် ကစားသမားတွေက တစ်ယောက် ဆုကြေး ပေါင် ၄ သိန်းခွဲစီ ရရှိမယ်လို့ သိရပါတယ်။
