ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (22/07/20)

မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိ အကောင်းဆုံး စွမ်းဆောင်ပြနေတာထက် နောက်ထပ် ၃၀% လောက်သာ ပို ကောင်းနိုင်ရင် ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ အနေအထား ရှိပြီလို့ ဝါရင့် ကွင်းလယ်ကစားသမား မာတစ်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ် လူငယ်ကြယ်ပွင့်လေး မေဆန် ဂရင်းဝုဒ်ဟာ လက်ရှိ အသင်းတိုက်စစ်မှူးတွေ ဖြစ်တဲ့ မာရှယ်၊ ရက်ဖို့ဒ်တို့ကို ကျော်ဖြတ်သွားမယ့် အလားအလာကောင်းတွေ ရှိနေပြီး ၎င်းက ဝိန်းရွန်းနီလို အဆင့် ရောက်မယ့် ကစားသမားလေး ဖြစ်ကြောင်း ယူနိုက်တက် တိုက်စစ်ဟောင်း အန်ဒီကိုးလ်က ဟောကိန်းထုတ်လိုက်ပါတယ်။

ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ အသင်းမှာ ၎င်းရဲ့ ပွဲထွက် နေရာကို ခြိမ်းခြောက်နိုင်မယ့် အရန် ဂိုးသမားမျိုး လိုအပ်နေတာ ဖြစ်ပြီး ဒင်း ဟန်ဒါဆန်ကို ပြန်ခေါ်ထားသင့်ကြောင်း ဘာဘာတော့ဗ်က သုံးသပ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က ဝေဖန်ခံနေရတဲ့ ယူနိုက်တက် ပွဲထွက် ဂိုးသမား ဒီဂီယာဟာ ထိပ်တန်း အဆင့်မှာပဲ ရှိနေသေးပြီး လောလောဆယ် ဘောလုံးလောကမှာ သူ့နေရာ အစားဝင်ကစားနိုင်တဲ့သူ ဆိုလို့ က်သလက်တီကို မက်ဒရစ် မှ အော့ဘလက် တစ်ဦးတည်းသာ ကျန်ရှိကြောင်း ထောက်ပြ ပြောဆိုသွားပါတယ်။

ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန် အသင်းဟာ ယူနိုက်တက် ပစ်မှတ် ဆန်ချိုကို လက်လွှတ်ရရင် အစားထိုးဖို့ ကစားသမား ရှာဖွေနေပြီး ဝါဒါဘရီမင် တိုက်စစ် ကြယ်ပွင့် ရာရှီကာ ကို ပစ်မှတ်ထားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ချ် က ဗီလာမှာပဲ ဆက်ရှိသွားဖို့ သေချာ မပြောနိုင်သေးကြောင်း ညက အာဆင်နယ်ကို နိုင်တဲ့ ပွဲအပြီး အင်တာဗျူးမှာ ဝန်ခံ ပြောကြားခဲ့ပါတယ်။

Zawgyi – မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိ အကောင်းဆုံး စွမ်းဆောင်ပြနေတာထက် နောက်ထပ် ၃၀% လောက်သာ ပို ကောင်းနိုင်ရင် ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ အနေအထား ရှိပြီလို့ ၀ါရင့် ကွင်းလယ်ကစားသမား မာတစ်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ် လူငယ်ကြယ်ပွင့်လေး မေဆန် ဂရင်းဝုဒ်ဟာ လက်ရှိ အသင်းတိုက်စစ်မှူးတွေ ဖြစ်တဲ့ မာရှယ်၊ ရက်ဖို့ဒ်တို့ကို ကျော်ဖြတ်သွားမယ့် အလားအလာကောင်းတွေ ရှိနေပြီး ၄င်းက ၀ိန်းရွန်းနီလို အဆင့် ရောက်မယ့် ကစားသမားလေး ဖြစ်ကြောင်း ယူနိုက်တက် တိုက်စစ်ဟောင်း အန်ဒီကိုးလ်က ဟောကိန်းထုတ်လိုက်ပါတယ်။

ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ အသင်းမှာ ၄င်းရဲ့ ပွဲထွက် နေရာကို ခြိမ်းခြောက်နိုင်မယ့် အရန် ဂိုးသမားမျိုး လိုအပ်နေတာ ဖြစ်ပြီး ဒင်း ဟန်ဒါဆန်ကို ပြန်ခေါ်ထားသင့်ကြောင်း ဘာဘာတော့ဗ်က သုံးသပ်ခဲ့ပါတယ်။



မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ခ်ျ က ဗီလာမှာပဲ ဆက်ရှိသွားဖို့ သေချာ မပြောနိုင်သေးကြောင်း ညက အာဆင်နယ်ကို နိုင်တဲ့ ပွဲအပြီး အင်တာဗျူးမှာ ၀န်ခံ ပြောကြားခဲ့ပါတယ်။