အာဆင်နယ်မှာ ဗိုင်းရပ်စ် လက္ခဏာတွေ ပြခဲ့တဲ့ အသင်းသားတွေ ရှိကြောင်း ဆီးဘယ်လော့ ဖွင့်ချ

အာဆင်နယ် နည်းပြ အာတီတာ ကိုရိုနာဗိုင်းရပ်စ် ရှိကြောင်း စစ်ချက် ထွက်လာပြီးနောက်မှာ အသင်းသားတွေထဲမှာလည်း ဗိုင်းရပ်စ် လက္ခဏာတွေ ပြသခဲ့တဲ့ အသင်းသားတွေ ရှိခဲ့ကြောင်း အာဆင်နယ် ကွင်းလယ်ကစားသမား ဆီးဘယ်လော့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် အာတီတာကလွဲလို့ အသင်းသားတွေက ဗိုင်းရပ်စ် ရှိ မရှိ စမ်းသပ်ခြင်း မခံခဲ့ရပါဘူး။

ပရီးမီးယားလိဂ် အသိုင်းအဝိုင်းမှာတော့ အာတီတာက ပထမဆုံး ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုခံရသူ ဖြစ်ခဲ့ပြီး အဲဒီနောက်မှာ ချယ်ဆီး အသင်းသား အိုဒွိုင်း ဖြစ်ခဲ့ပါတယ်။ မတ်လထဲမှာ အတည်ပြုခြင်း ခံရပြီးနောက် လောလောဆယ်မှာတော့ အပြည့်အ၀ ပြန် ကောင်းမွန်နေကြပြီ ဆိုရမှာပါ။

နှစ်ပတ်ကြာ ကွာရန်တင်း ကာလပြီးနောက် အာဆင်နယ်က ပထမဆုံးအကြိမ် ထရိန်နင် ပြန်စတဲ့ ပရီးမီးယားလိဂ် အသင်းလည်း ဖြစ်လာပါတယ်။ အာဆင်နယ်အသင်း ထရိန်နင်က မနေ့က ပြန်လည် စတင်ခဲ့တာပါ။ ဆီးဘယ်လော့ကတော့ အသင်းသားတွေထဲ ဗိုင်းရပ်စ် ကူးစက်ခံရဖွယ် ရှိတဲ့ အသင်းသားတွေ ရှိတယ်လို့ စပိန်သတင်းဌာနတစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။

” တစ်မနက် ကျနော် နိုးလာတော့ နည်းပြ အာတီတာ Positive ဖြစ်နေပြီ ဆိုတဲ့ သတင်းကို တွေ့လိုက်ရတယ်။ အသင်းသားတွေ အားလုံးလည်း ကွာရန်တင်း လုပ်ခံလိုက်ရတယ်။ အဲဒီအချိန်မှာ ဗိုင်းရပ်စ် လက္ခဏာ ပြနေတဲ့ အသင်းသား တချို့လည်း ရှိတယ်။ ဒါပေမယ့် နေကောင်းနေကြတယ်ပေါ့။ သူတို့က ကျနော်တို့ ဗိုင်းရပ်စ် ရှိ မရှိ မစစ်ပေးခဲ့ပါဘူး။

ကျနော်ကတော့ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်တယ်။ မိသားစုနဲ့ အဝေးမှာနေရတာ တော်တော် ခက်ခဲပါတယ်။ အင်္ဂလန်မှာက လမ်းတွေပေါ်တော့ အေးအေးဆေးဆေးထွက်ပြီး တစ်ရက် တစ်ကြိမ်လောက် လေ့ကျင့်ခန်း လုပ်လို့ရတယ်။ ” လို့ ဆီးဘယ်လော့က ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေကို အစောဆုံး ဇွန်လ ၈ ရက်နေ့မှာ စတင်ဖို့ လျာထားနေကြပြီး အာဆင်နယ် ကစားသမားတွေကတော့ တနင်္လာနေ့က စလို့ လန်ဒန် ကိုနေးလေ့ကျင့်ရေးကွင်းကို ပြန်လာနေကြပြီ ဖြစ်ပါတယ်။ အာဆင်နယ်က ကစားသမားတွေကို အုပ်စုလိုက် အချိန် အလိုက် ခွဲခြားပြီးတော့ တင်းကြပ်စွာ စောင့်ကြည့်မှုတွေနဲ့ လေ့ကျင့်နေစေပါတယ်။

Zawgyi – အာဆင္နယ္ နည္းျပ အာတီတာ ကိုရိုနာဗိုင္းရပ္စ္ ရွိေၾကာင္း စစ္ခ်က္ ထြက္လာျပီးေနာက္မွာ အသင္းသားေတြထဲမွာလည္း ဗိုင္းရပ္စ္ လကၡဏာေတြ ျပသခဲ့တဲ့ အသင္းသားေတြ ရွိခဲ့ေၾကာင္း အာဆင္နယ္ ကြင္းလယ္ကစားသမား ဆီးဘယ္ေလာ့က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ဒါေပမယ့္ အာတီတာကလြဲလို႔ အသင္းသားေတြက ဗိုင္းရပ္စ္ ရွိ မရွိ စမ္းသပ္ျခင္း မခံခဲ့ရပါဘူး။

ပရီးမီးယားလိဂ္ အသိုင္းအ၀ိုင္းမွာေတာ့ အာတီတာက ပထမဆံုး ဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း အတည္ျပဳခံရသူ ျဖစ္ခဲ့ျပီး အဲဒီေနာက္မွာ ခ်ယ္ဆီး အသင္းသား အုိဒြိဳင္း ျဖစ္ခဲ့ပါတယ္။ မတ္လထဲမွာ အတည္ျပဳျခင္း ခံရျပီးေနာက္ ေလာေလာဆယ္မွာေတာ့ အျပည့္အ၀ ျပန္ ေကာင္းမြန္ေနၾကျပီ ဆိုရမွာပါ။

နွစ္ပတ္ၾကာ ကြာရန္တင္း ကာလျပီးေနာက္ အာဆင္နယ္က ပထမဆံုးအၾကိမ္ ထရိန္နင္ ျပန္စတဲ့ ပရီးမီးယားလိဂ္ အသင္းလည္း ျဖစ္လာပါတယ္။ အာဆင္နယ္အသင္း ထရိန္နင္က မေန႔က ျပန္လည္ စတင္္ခဲ့တာပါ။ ဆီးဘယ္ေလာ့ကေတာ့ အသင္းသားေတြထဲ ဗိုင္းရပ္စ္ ကူးစက္ခံရဖြယ္ ရွိတဲ့ အသင္းသားေတြ ရွိတယ္လို႔ စပိန္သတင္းဌာနတစ္ခုမွာ ဖြင့္ဟခဲ့ပါတယ္။

” တစ္မနက္ က်ေနာ္ နိုးလာေတာ့ နည္းျပ အာတီတာ Positive ျဖစ္ေနျပီ ဆိုတဲ့ သတင္းကို ေတြ႔လိုက္ရတယ္။ အသင္းသားေတြ အားလံုးလည္း ကြာရန္တင္း လုပ္ခံလိုက္ရတယ္။ အဲဒီအခ်ိန္မွာ ဗိုင္းရပ္စ္ လကၡဏာ ျပေနတဲ့ အသင္းသား တခ်ိဳ႕လည္း ရွိတယ္။ ဒါေပမယ့္ ေနေကာင္းေနၾကတယ္ေပါ့။ သူတို႔က က်ေနာ္တုိ႔ ဗိုင္းရပ္စ္ ရွိ မရွိ မစစ္ေပးခဲ့ပါဘူး။

က်ေနာ္ကေတာ့ တတ္နုိင္သေလာက္ အေကာင္းဆံုး လုပ္ေဆာင္တယ္။ မိသားစုနဲ႕ အေ၀းမွာေနရတာ ေတာ္ေတာ္ ခက္ခဲပါတယ္။ အဂၤလန္မွာက လမ္းေတြေပၚေတာ့ ေအးေအးေဆးေဆးထြက္ျပီး တစ္ရက္ တစ္ၾကိမ္ေလာက္ ေလ့က်င့္ခန္း လုပ္လို႔ရတယ္။ ” လို႔ ဆီးဘယ္ေလာ့က ေျပာၾကားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ပြဲေတြကို အေစာဆံုး ဇြန္လ ၈ ရက္ေန႔မွာ စတင္ဖို႔ လ်ာထားေနၾကျပီး အာဆင္နယ္ ကစားသမားေတြကေတာ့ တနလၤာေန႔က စလို႔ လန္ဒန္ ကိုေနးေလ့က်င့္ေရးကြင္းကို ျပန္လာေနၾကျပီ ျဖစ္ပါတယ္။ အာဆင္နယ္က ကစားသမားေတြကို အုပ္စုလိုက္ အခ်ိန္ အလိုက္ ခြဲျခားျပီးေတာ့ တင္းၾကပ္စြာ ေစာင့္ၾကည့္မႈေတြနဲ႕ ေလ့က်င့္ေနေစပါတယ္။