အလွန်ကျွံ ကစားနေရတဲ့ အသင်းသား၊ အိုဇေးလ် အနားယူခြင်း၊ အိပ်မပျော်နိုင်တဲ့ မာတင်နယ်လီနဲ့ အာဆင်နယ် သတင်းတိုများ

အာဆင်နယ် ကစားသမားဟောင်း မီဆွတ် အိုဇေးလ်ဟာ ဘောလုံး ကစားခြင်းမှ အနားယူပြီ ဖြစ်ကြောင်း ကြေညာ သွားပါတယ်။ အိုဇေးလ်က လက်ရှိ အသက် ၃၄ နှစ် ဖြစ်ပြီး အစ္စတန်ဘူလ် ဘက်ရှီးယားအသင်းမှာ ကစားနေခဲ့တာပါ။

အိုဇေးလ်ဟာ ၂၀၁၃ မှာ အာဆင်နယ်သို့ ရောက်လာခဲ့တာ ဖြစ်ပြီး ၈ နှစ်ကြာ ကစားခဲ့ပါတယ်။ အာဆင်နယ် အသင်းနဲ့ အတူ ၁၈၄ ပွဲ ကစားခဲ့ရာမှာ ၃၃ ဂိုး သွင်း၊ ၅၄ ဂိုး ထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။

ရော့ဘ်ဟိုးဒင်း ဟာ နောက်ခံလူ တစ်ယောက် အနေနဲ့ ပျော့လွန်းတယ်လို့ အာဆင်နယ် ကစားသမားဟောင်းကြီး ပီတစ်က အားမရစွာ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ် ကစားသမား ရှာကာ ဟာ ဒီရာသီ အသင်းအတွက် ပြိုင်ပွဲစုံ ၃၆၂၈ မိနစ် ကစားထားပြီး ဒီရာသီ လုပ်အား အလွန်ကျွံ အားထုတ်ထားရတဲ့ ကစားသမား စာရင်းရဲ့ နံပါတ် ၈ နေရာမှာ ရှိနေပါတယ်။

မန်စီးတီး တိုက်စစ်မှုး ဟာလန်းဟာ ပေါင်ခြံ ဒဏ်ရာကြောင့် နော်ဝေလက်ရွေးစင် အသင်းကနေ နှုတ်ထွက် သွားပါတယ်။ ဟာလန်း ဒဏ်ရာ ပြင်းထန်ရင် မန်စီးတီးပွဲစဉ် ၈ ပွဲလောက်ထိ လွဲနိုင်တယ်လို့ သိရပြီး ဒါဟာ ပရီးမီးယား လိဂ် ပြိုင်ဘက် အာဆင်နယ် အတွက်တော့ အခွင့်ကောင်း ဖြစ်လာနိုင်ပါတယ်။

အာဆင်နယ်၊ ချယ်ဆီးနဲ့ မန်စီးတီး အသင်းတို့ဟာ လိဒ်စ် ယူနိုက်တက် တိုက်စစ်သမား Wilfried Gnonto ကို အပြိုင် စိတ်ဝင်စားနေတယ် လို့ သတင်းထွက်လာပါတယ်။

မာတင်နယ်လီက စပို့တင်းလစ္စဘွန်းနဲ့ ပွဲက အဆုံးအဖြတ် ပင်နယ်တီကို လွဲချော်ခဲ့တဲ့နောက် အိပ်မပျော်နိုင် ဖြစ်ခဲ့ရတယ် လို့ ထုတ်ဖော် ဝန်ခံလာပါတယ်။