လီဗာပူးနဲ့ပွဲမှာ လူချန်တာ မဟုတ်ဘဲ ပွဲထွက်မှာ ပူလီဆစ် ဘာလို့ မပါနိုင်ခဲ့လဲ လမ်းပတ် ရှင်းလင်း

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ညက လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ပွဲထွက်လူစာရင်းကနေ ပူလီဆစ် မပါဝင်နိုင်ခဲ့တာ အတွက် ပွဲ အပြီးမှာ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ ပူလီဆစ်ဟာ ဒုတိယပိုင်း ၄-၁ နဲ့ ချယ်ဆီး ရှုံးနေချိန်မှ လူစားဝင် ကစားခဲ့တာ ဖြစ်ပြီး အမေရိကန်သားဟာ အတိုးအလှုပ်တွေနဲ့ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ပူလီဆစ်ကို ချန်လှပ်ခဲ့တာက ပရိသတ်တွေ မေးခွန်းထုတ်ခံခဲ့ရပြီး နောက်ဆုံးပွဲ အနိုင်သေချာအောင် ဝုဗ်နဲ့ပွဲမှ ဝင်ကစားဖို့ လူချန်တာလား လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း ပူလီဆစ် မပါနိုင်ခဲ့တာက ပေါင်ခြံမှာ ဒဏ်ရာ ရှိနေလို့ ဖြစ်ကြောင်း နည်းပြ လမ်းပတ်က ပွဲအပြီးမှာ ဖြေကြားခဲ့ပါတယ်။

ပူလီဆစ် ဝင်လာပြီး အသင်းကို ပိုအသက်ဝင်စေခဲ့တာနဲ့ ပတ်သတ်ပြီး လမ်းပတ်က – ” တကယ်ကို အလန်းစားပါပဲ။ ခရစ္စတီယန်က အသင်းနဲ့ အတူ ဝင်ကစားနေချင်ခဲ့တာပါ။ ဒါပေမယ့် သူ့ ပေါင်ခြံမှာ အသေးစား ဒဏ်ရာ ရှိနေခဲ့တယ် ဒါကြောင့်လည်း ယူနိုက်တက်နဲ့ ပွဲတည်း က မပါဝင်နိုင်ခဲ့တာပါ။

ဒီနေ့မှာလည်း သူ့ကို မိနစ် ၉၀ လုံး သုံးမယ်ဆို စွန့်စားရာ ကျမယ်လို့ ကျနော် ခံစားမိတယ်။ ကျနော်တို့မှာ အဆုံးအဖြတ် ပွဲကြီး နှစ်ပွဲ ကစားဖို့လည်း ရှိသေးတယ် မဟုတ်လား။ သူ ဝင်လာ ကစားတော့ အခြေအနေ တော်တော် ကောင်းမွန်ပုံပါ။ သူ့ရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ကို ကျေနပ် သဘောကျမိပါတယ်။

လော့ဒ်ဒေါင်းပြီး ပွဲတေါ ပြန်စတည်းက သူ က ကစားသမားသစ် တစ်ယောက်လို ထူးချွန်စွာ အစွမ်းပြနေခဲ့တာပါ။ ကျနော်တို့ နောက်ဆုံး ကစားထားတဲ့ နှစ်ပွဲလုံးမှာ သူ့ကို မထည့်နိုင်တော့ ကျနော်လည်း စိတ်ပျက်မိပါတယ်။ ဒါပေမယ့် လာမယ့် ပွဲတွေ ရှိပါသေးတယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ချန်ပီယံ လီဗာပူးဆီက အမှတ်မယူနိုင်ခဲ့တာကြောင့် ချယ်ဆီးအသင်းဟာ နောက်ဆုံးပွဲ ဝုဗ်နဲ့ ပွဲမှာ အနည်းဆုံး သရေ တစ်မှတ်တော့ ရအောင် ယူဖို့ လိုအပ်နေပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က ညက လီဗာပူးကို အေရးနိမ့္ခဲ့တဲ့ ပြဲမွာ ပြဲထြက္လူစာရင္းကေန ပူလီဆစ္ မပါ၀င္နုိင္ခဲ့တာ အတြက္ ပြဲ အျပီးမွာ ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။ ပူလီဆစ္ဟာ ဒုတိယပိုင္း ၄-၁ နဲ႕ ခ်ယ္ဆီး ရွံဳးေနခ်ိန္မွ လူစား၀င္ ကစားခဲ့တာ ျဖစ္ျပီး အေမရိကန္သားဟာ အတိုးအလႈပ္ေတြနဲ႕ ျပိဳင္ဘက္ကို ဒုကၡေပးနုိင္ခဲ့ပါတယ္။

ပူလီဆစ္ကို ခ်န္လွပ္ခဲ့တာက ပရိသတ္ေတြ ေမးခြန္းထုတ္ခံခဲ့ရျပီး ေနာက္ဆံုးပြဲ အနုိင္ေသခ်ာေအာင္ ၀ုဗ္နဲ႕ပြဲမွ ၀င္ကစားဖို႔ လူခ်န္တာလား လို႔ ယူဆခဲ့ၾကပါတယ္။ ဒါေပမယ့္ တကယ္တမ္း ပူလီဆစ္ မပါနုိင္ခဲ့တာက ေပါင္ျခံမွာ ဒဏ္ရာ ရွိေနလို႔ ျဖစ္ေၾကာင္း နည္းျပ လမး္ပတ္က ပြဲအျပီးမွာ ေျဖၾကားခဲ့ပါတယ္။

ပူလီဆစ္ ၀င္လာျပီး အသင္းကို ပိုအသက္၀င္ေစခဲ့တာနဲ႕ ပတ္သတ္ျပီး လမ္းပတ္က – ” တကယ္ကို အလန္းစားပါပဲ။ ခရစၥတီယန္က အသင္းနဲ႕ အတူ ၀င္ကစားေနခ်င္ခဲ့တာပါ။ ဒါေပမယ့္ သူ႔ ေပါင္ျခံမွာ အေသးစား ဒဏ္ရာ ရွိေနခဲ့တယ္ ဒါေၾကာင့္လည္း ယူနုိက္တက္နဲ႕ ပြဲတည္း က မပါ၀င္နုိင္ခဲ့တာပါ။

ဒီေန႔မွာလည္း သူ႔ကို မိနစ္ ၉၀ လံုး သံုးမယ္ဆို စြန္႔စားရာ က်မယ္လို႔ က်ေနာ္ ခံစားမိတယ္။ က်ေနာ္တို႔မွာ အဆံုးအျဖတ္ ပြဲၾကီး နွစ္ပြဲ ကစားဖို႔လည္း ရွိေသးတယ္ မဟုတ္လား။ သူ ၀င္လာ ကစားေတာ့ အေျခအေန ေတာ္ေတာ္ ေကာင္းမြန္ပံုပါ။ သူ႔ရဲ႕ တစ္ဦးခ်င္း စြမ္းေဆာင္ရည္ကို ေက်နပ္ သေဘာက်မိပါတယ္။

ေလာ့ဒ္ေဒါင္းျပီး ပြဲေတါ ျပန္စတည္းက သူ က ကစားသမားသစ္ တစ္ေယာက္လို ထူးခၽြန္စြာ အစြမ္းျပေနခဲ့တာပါ။ က်ေနာ္တို႔ ေနာက္ဆံုး ကစားထားတဲ့ နွစ္ပြဲလံုးမွာ သူ႔ကို မထည့္နုိင္ေတာ့ က်ေနာ္လည္း စိတ္ပ်က္မိပါတယ္။ ဒါေပမယ့္ လာမယ့္ ပြဲေတြ ရွိပါေသးတယ္။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ခ်န္ပီယံ လီဗာပူးဆီက အမွတ္မယူနုိင္ခဲ့တာေၾကာင့္ ခ်ယ္ဆီးအသင္းဟာ ေနာက္ဆံုးပြဲ ၀ုဗ္နဲ႕ ပြဲမွာ အနည္းဆံုး သေရ တစ္မွတ္ေတာ့ ရေအာင္ ယူဖို႔ လိုအပ္ေနပါတယ္။