အာဆင်နယ် ကစားသမားတွေ ဖြစ်တဲ့ ဆာကာနဲ့ ထရော့ဆက်တို့ဟာ ပရီးမီးယားလိဂ် မတ်လ အတွက် အကောင်းဆုံး ကစားသမား ဆု ဆန်ကာတင် စာရင်းမှာ ပါဝင်နေပါတယ်။
ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုရဲ့ အေးဂျင့် ဖြစ်သူ ဂျွာအို ဆန်တိုစ် က အီတလီအသင်း အများစုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ဈေးကွက်မှာ ကွင်းလယ် ကစားသမား မလိုခဲ့ဘူးလို့ မှတ်ချက်ပြုခဲ့ပြီး သူ့ ကစားသမားဟာ လာမယ့်နွေမှာ ဘယ်အသင်းကို မဆို ပြောင်းရွှေ့သွားနိုင်တယ်လို့ ပြောဆိုလာပါတယ်။

အာဆင်နယ် နည်းပြ အာတီတာကလည်း မတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာဆု ဆန်ကာတင်ထဲ ပါဝင်နေပါတယ်။
အခြားနည်းပြတွေ ဖြစ်တဲ့ ဒီဇာဘီ၊ အူနိုင်း အမ်မရီနဲ့ ပက် ဂွာဒီယိုလာ တို့လည်း ဆန်ကာတင်ထဲ ပါဝင်ပေမယ့် အာတီတာ တစ်ယောက်သာ မတ်လထဲ ပရီးမီးယားလိဂ် ၄ပွဲ လုံး နိုင်ထားတာပါ။
မန်စီးတီး ကြယ်ပွင့် ဖီးလ် ဖိုဒန် က အာဆင်နယ် ကစားသမား ဆာကာ ထံကနေ သင်ယူမှုတွေ ပြုလုပ်ခဲ့ကြောင်း ဖွင့်ဟလာပြီး ဆာကာ ဟာ ကလပ်အတွက်ရော နိုင်ငံ အသင်း အတွက် ပါ အပြောင်းအလဲတွေ ပြုလုပ်ပေးနိုင်သူ လို့ ချီးကျူးခဲ့ပါတယ်။

ပြင်သစ်ကလပ် Reims မှာ အငှား ကစားရင်း ခြေစွမ်းပြနေတဲ့ တိုက်စစ်မှုး ဘာလိုဂန် အာဆင်နယ် အသင်းနဲ့ အနာဂတ် ကိစ္စကို နည်းပြ အာတီတာနဲ့ ဆွေးနွေးလိုနေပါတယ်။
စပို့တင်းနဲ့ ပွဲက ဒဏ်ရာ ရသွားတဲ့ တိုမီယာဆု ဟာ ရာသီကုန်ထိ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေ လွဲချော်ပြီ ဖြစ်ကြောင်း ကလပ်အသင်းဘက်က အတည်ပြု သတင်းထုတ်ပြန်သွားပါတယ်။
