နီးစပ်လာတဲ့ ကာတာအဖွဲ့၊ အီလန်ဂါ မကျေနပ်မှု၊ တိုက်စစ် ပစ်မှတ်သစ်၊ ၂ဂိုးသွင်းတဲ့ တော်မီနေးနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မနေ့ညက ကစားခဲ့တဲ့ စကော့တလန်ရဲ့ ဆိုက်ပရပ်စ်ကို ၃-ဝ နဲ့ နိုင်ခဲ့တဲ့ ယူရို ခြေစစ်ပွဲမှာ ယူနိုက်တက် ကစားသမား စကော့ မက် တော်မီနေးက ၂ဂိုး သွင်းယူခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ ကာတာ Qatari အုပ်စုက နောက်ထပ် ကမ်းလှမ်းမှု အသစ် တစ်ရပ်ကို တင်သွင်းလိုက်ပါတယ်။ ဒီတကြိမ်တော့ ဂလေဇာ မိသားစု တောင်းဆိုထားတဲ့ဈေးနားကို နီးစပ်လာပြီး ၅ ဘီလီယံကျော်နဲ့ ကမ်းလှမ်းတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေမှာ ချယ်ဆီးနဲ့ စာချုပ်ကုန်မယ့် ကွင်းလယ် ကစားသမား ကိုဗာဆစ် ကို ဘယ်လို ခေါ်ယူနိုင်မလဲ ဆိုတာ နည်းလမ်းရှာနေကြောင်း သိရပါတယ်။ ယူနိုက်တက်ကို ဘာစီလိုနာ ကစားသမား ဒီယောင် ကို မရရင် ကိုဗာဆစ်ကို ခေါ်ယူလိုနေတာပါ။

ဘရိုက်တန်မှာ တောက်ပလာနေတဲ့ လူငယ် တိုက်စစ်မှုး အီဗန် ဖာဂူဆန် ကို ခေါ်ယူဖို့ ယူနိုက်တက်က ပစ်မှတ်ထား ကြံရွယ်နေပါတယ်။

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ စပါးတိုက်စစ်မှုး ကိန်းကို ဘိုင်ယန်မြူးနစ် နည်းပြသစ် ဖြစ်လာတဲ့ တူချယ်ကလည်း ခေါ်ယူဖို့ ချိန်ရွယ်လာပါတယ်။

ယူနိုက်တက် လူငယ်တိုက်စစ်သမား အီလန်ဂါက အသင်းမှာ ပွဲကစားချိန် နည်းပါးနေတဲ့အပေါ် စိတ်တို စိတ်ပျက်မိကြောင်း ထုတ်ဖော် ဝန်ခံလာပါတယ်။

” ဒါကတော့ စိတ်ပျက်စရာကြီးပေါ့ဗျာ။ ကျနေ်ာ့ အတွက် က ပွဲကစားရဖို့ အရေးကြီးပါတယ်။ လက်ရှိ မှာတော့ ယူနိုက်တက် အတွက်ပဲ အာရုံစိုက်ထားတယ်၊ ပြီးရင် ကလပ်နဲ့ စကားပြောမှာပါ။ ကျနော် အသင်းကို သဘောကျတယ်၊ ဒါပေမယ့် ပွဲကစားဖို့ကလည်း ကျနော့် အတွက် အရေးကြီးတယ်လေ။

ကျေနာ် အဲရစ်တန်ဟက်နဲ့လည်း ပြောဆိုထားပါတယ်။ သူက ဘာလုပ်စေချင်သလဲ ကျနော် သိထားပြီးပါပြီ၊ ဒီတော့ ကြိုးစား လေ့ကျင့်မှုတွေ ဆက်လုပ်သွားမှာပါ။ ” လို့ အီလန်ဂါက ပြောဆိုခဲ့ပါတယ်။