ဂန်းနားတို့ ပစ်မှတ် ဟာလန်းလက်သစ်၊ တိုရေးရဲ့ အကြံပေးချက်၊ ရော်နယ်ဒိုကို စံပြထားတဲ့ အသင်းသားနဲ့ အာဆင်နယ် သတင်းများ

ဟာလန်းလက်သစ်လို့ နာမည်ကြီးနေတဲ့ အတ္တလန္တာ တိုက်စစ်မှုး ရာမက်စ် ဟိုဂျ်လန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ အာဆင်နယ်လည်း ပါဝင်ပါတယ်။ ဒိန်းမတ် လူငယ်လေး ကို လာမယ့်နွေမှာ ပေါင် ၃၅ သန်းလောက်နဲ့ ရနိုင်ပါတယ်။

အာဆင်နယ် အနေနဲ့ ဆာကာ ကို နောက်ထပ် ၁ဝ နှစ်စာ စာချုပ် ချုပ်ထားလိုက်ဖို့ အာဆင်နယ်၊ မန်စီးတီးနဲ့ လီဗာပူးတို့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ခံလူဟောင်းကြီး ကိုလို တိုရေးက တိုက်တွန်းလိုက်ပါတယ်။

” ကျနေ်ာ အကြံပေးရမယ် ဆိုရင် အာဆင်နယ်က ဆာကာကို ၁ဝနှစ် စာချုပ်သာ ချုပ်ထားလိုက်၊ ဒီနှစ်တွေ အတွင်း အာဆင်နယ် လုပ်ခဲ့တဲ့ အမှားတစ်ခုက အသင်းကို ချစ်တဲ့ အဓိက ကစားသမားတွေကို စာချုပ် သက်တမ်း အကုန်ခံပြီး ထွက်ခွာခွင့် ပြုခဲ့တာပဲ။ ” လို့ တိုရေးက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ကို မန်စီးတီး ကွင်းလယ်ကစားသမား ရိုဒရီက နိုင်ငံအသင်းပွဲမှာ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှု ပြုလုပ်ခဲ့တာကြောင့် ဂန်းနား ပရိသတ်တွေကတော့ များစွာ အမျက်ထွက် နေကြပါတယ်။

ရှာကာနဲ့ စမစ်ရိုဝီတို့ဟာ စနေနေ့က နိုင်ငံအသင်းနဲ့ ပွဲတွေမှာ ကိုယ်စီ ဂိုးပေါက်တွေ့ခဲ့ကြပါတယ်။ ရှာကာ က ဘီလာရုစ်ကို ဆွစ်စ်က ၅-ဝ နဲ့ နိုင်တဲ့ပွဲမှာ ဂိုးသွင်းခဲ့သလို တစ်ဂိုးလည်း ဖန်တီးခဲ့ပါတယ်။

အာဆင်နယ် လူငယ်တိုက်စစ်မှုး ဖိုလာရင် ဘာလိုဂန်က သူ့ရဲ့ အိုင်ဒေါလ် စံပြ ကစားသမား အဖြစ် ဘရာဇီးသားကြီး ရော်နယ်ဒို ကို ကြည့်ပြီး ကြီးပြင်းလာတာ ဖြစ်ကြောင်း ဖွင့်ဟလာပါတယ်။ လတ်တလော မှာတော့ ပီအက်စ်ဂျီမှ အမ်ဘတ်ပီကိုလည်း နမူနာယူကြောင်း ၎င်းက ဆိုပါတယ်။

အာဆင်နယ်ရဲ့ မေလထဲမှာ နယူးကာဆယ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် အရေးကြီးပွဲစဉ်က တစ်ရက် ရွှေ့ဆိုင်းလိုက်ပါတယ်။ အစောပိုင်းက မေ ၆ ရက်နေ့မှာ ကစားဖို့ စီစဉ်ထားပေမယ့် ပရီးမီးယားလိဂ် က မေ ၇ ရက်သို့ ပြောင်းလဲလိုက်တာပါ။