တန်ဟက် ဦးစားပေး ပစ်မှတ်ကို ပေါင် သန်း ၈ဝ နဲ့ ကမ်းလှမ်းမှု လုပ်ဖို့ မန်ယူနိုက်တက် ဘုတ်အဖွဲ့ ခွင့်ပြု

မန်ချက်စတာ ယူနိုက်တက် နည်းပြတန်ဟက်ဟာ နွေဈေးကွက်မှာ တိုက်စစ်သမား တစ်ဦးကို ခေါ်ယူဖို့ ရည်ရွယ်ထားပြီး ယူနိုက်တက်ရဲ့ တိုက်စစ်ရွေးချယ်မှုတွေကို တိုးပွားလာအောင် ပြုပြင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်ဟာ စပါးတိုက်စစ်မှုး ကိန်းကို ပစ်မှတ်ထားနေသလို ဒီရာသီ စီးရီးအေမှာ သွင်းဂိုး ၂၁ ဂိုးထိ သွင်းယူခဲ့တဲ့ အိုဆစ်ဟမ်ကလည်း ပစ်မှတ် စာရင်းထဲ ထည့်သွင်းထားပါတယ်။

တန်ဟက်ကတော့ သူ့အသင်းကို ပရီးမီးယားလိဂ် စိန်ခေါ်သူ တစ်သင်းဖြစ်လာရေး ပြည်တွင်း လိဂ် အတွေ့အကြုံကောင်း ရှိထားပြီး ဖြစ်တဲ့ ဟယ်ရီကိန်းကို ခေါ်ယူအားဖြည့်ရမယ်လို့ ယုံကြည်ထားတယ်။

ဒီအတွက် ဘောလုံးရာသီ မသိမ်းခင် စပါးအသင်းနဲ့ ညိနှိုင်းစကားပြောမှုကို အမြန်ဆုံး လုပ်ဆောင်ဖို့ ယူနိုက်တက်က ပြင်ဆင်ထားပါတယ်။

ယူနိုက်တက်ဟာ ရာသီမကုန်ခင်မှာ စပါးအသင်းနဲ့ စာချုပ် ၁ နှစ်ပဲကျန်တဲ့ တိုက်စစ်သမား ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဖြင့် ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်။ ဒီ ပြောင်းရွှေ့ကြေး ပေးဖို့လည်း ဘုတ်အဖွဲ့ကကို အတည်ပြု ခွင့်ပြုထားတာ လို့ သိရပါတယ်။

နယ်သာလန်သား နည်းပြဟာ ဒီနှစ်တွေအတွင်း နည်းပြတွေကြားမှာ ဖက်ရှင်တစ်ခုလို ဖြစ်နေတဲ့ အလားအလာရှိ လူငယ်တွေကို ခေါ်ယူပြီး လူစာရင်း တည်ဆောက်ခြင်းမျိုးထက် ရေတို၊ ရေရှည် ပလန်တွေကို တွဲလုပ်ရတာကို ပိုသဘောကျပါတယ်။

သူ့ရဲ့ ပထမဆုံး ဘောလုံးရာသီမှာ အန်တိုနီလို ကြယ်ပွင့် ကစားသမားကို ခေါ်ယူခဲ့သလို အဲရစ်ဆန်၊ ကက်စမီရိုတို့လို သမ္ဘာရှိကစားသမားတွေကို ခေါ်ယူကာ ယူနိုက်တက်ကို အသွင်ပြောင်းပြခဲ့ပါတယ်။

ဒီနွေမှာလည်း တိုက်စစ်မှာ ကိန်းလို သမ္ဘာရှိ ကစားသမားကို ခေါ်ယူပြီး ကွင်းလယ်မှာ လူငယ် ကစားသမားကို ခေါ်ယူခြင်းနဲ့အတူ အသင်းလူစာရင်းကို ဟန်ချက်ညီအောင် ဖန်တီးလိုနေတာ ဖြစ်ပါတယ်။