ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (23/07/20)

နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး အဖြစ် သူ တင်ထားတဲ့ စံချိန်ကို ယူနိုက်တက် လူငယ်ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်က ကျော်ဖြတ်သွားနိုင်ကြောင်း ထောက်ခံ လိုက်ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးလ်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ စီးတီး၊ လီဗာပူးတို့ကို မှီဖို့ လုံလောက်တဲ့ လူစာရင်း တောင့်တင်းမှုမျိုး မရှိသေးဘူးလို့ ဝက်စ်ဟမ်းနဲ့ ပွဲအပြီးမှာ မှတ်ချက်ပြုခဲ့ပါတယ်။

ဝက်စ်ဟမ်းဘက် ပင်နယ်တီ ပေးခဲ့ရတဲ့ ပေါ့ဘာရဲ့ လက်ထိဘော ဖြစ်ခဲ့တဲ့ အပြုအမူ အပေါ် ဝေဖန်မှုတွေ ပြင်းထန်စွာ ခံနေရပြီး နဗီးလ်နဲ့ အီဗရာ တို့ကတော့ ပေါ့ဘာ အတွက် စိတ်မကောင်းပေမယ့် ပြင်သစ်သား လုပ်ရပ်ဟာ အမှားကြီး ကျူးလွန်တာပဲလို့ ဆိုခဲ့ကြပါတယ်။

ပေါ့ဘာဟာ သူ့ကြောင့် ပင်နယ်တီ ပေးခဲ့ရတဲ့ ဖြစ်ရပ် အပေါ် အသင်းဖော်တွေအား ပြန် တောင်းပန်ခဲ့ကြောင်း အသင်းခေါင်းဆောင် မက်ဂွဲရားက ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်အတွက် အသင်းဟောင်း စပို့တင်းလစ္စဘွန်းထံ ထပ်တိုး ပြောင်းရွှေ့ကြေးတွေ ပေးချေရဦးမှာဖြစ်တာကြောင့် လာမဲ့နွေဈေးကွက်အတွက် အသုံးစားရိတ် နည်းပါးနိုင်ကြောင်း သိရပါတယ်။

အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ် ဟာ ယူနိုက်တက်နဲ့ စပါးအသင်းတို့ ဆီကသာ ကမ်းလှမ်းမှုတွေ ရောက်လာရင် ငြင်းဆန်နိုင်စွမ်း ရှိမှာ မဟုတ်ဘူးလို့ ဗီလာ တိုက်စစ်ကစားသမားဟောင်း အဘွန်လဟောက မှတ်ချက်ပြုခဲ့ပါတယ်။

ယူနိုက်တက်ဟာ အသင်းရဲ့ လက်ရှိ တိုက်စစ်မှူး မာရှယ်ကို မရောင်းချသင့်ပေမယ့် တိုက်စစ်မှူးသစ် ခေါ်ယူအားဖြည့်ဖို့တော့ လိုအပ်ကြောင်း ဂယ်ရီ နဗီးလ်က တိုက်တွန်းခဲ့ပါတယ်။

Zawgyi – နယူးကာဆယ္ တိုက္စစ္မွဴးေဟာင္း အလန္ရွီးယားက ပရီးမီးယားလိဂ္ ဂိုးသြင္း အမ်ားဆံုး အျဖစ္ သူ တင္ထားတဲ့ စံခ်ိန္ကို ယူနုိက္တက္ လူငယ္ၾကယ္ပြင့္ ေမဆန္ ဂရင္း၀ုဒ္က ေက်ာ္ျဖတ္သြားနုိင္ေၾကာင္း ေထာက္ခံ လိုက္ပါတယ္။

ယူနိုက္တက္ ကစားသမားေဟာင္း ဂယ္ရီနဗီးလ္ကေတာ့ မန္ခ်က္စတာ ယူနုိက္တက္ဟာ စီးတီး၊ လီဗာပူးတို႔ကို မွီဖို႔ လံုေလာက္တဲ့ လူစာရင္း ေတာင့္တင္းမႈမ်ိဳး မရွိေသးဘူးလို႔ ၀က္စ္ဟမ္းနဲ႕ ပြဲအျပီးမွာ မွတ္ခ်က္ျပဳခဲ့ပါတယ္။

၀က္စ္ဟမ္းဘက္ ပင္နယ္တီ ေပးခဲ့ရတဲ့ ေပါ့ဘာရဲ႕ လက္ထိေဘာ ျဖစ္ခဲ့တဲ့ အျပဳအမူ အေပၚ ေ၀ဖန္မႈေတြ ျပင္းထန္စြာ ခံေနရျပီး နဗီးလ္နဲ႕ အီဗရာ တို႔ကေတာ့ ေပါ့ဘာ အတြက္ စိတ္မေကာင္းေပမယ့္ ျပင္သစ္သား လုပ္ရပ္ဟာ အမွားၾကီး က်ဴးလြန္တာပဲလို႔ ဆိုခဲ့ၾကပါတယ္။

ေပါ့ဘာဟာ သူ႔ေၾကာင့္ ပင္နယ္တီ ေပးခဲ့ရတဲ့ ျဖစ္ရပ္ အေပၚ အသင္းေဖာ္ေတြအား ျပန္ ေတာင္းပန္ခဲ့ေၾကာင္း အသင္းေခါင္းေဆာင္ မက္ဂြဲရားက ဖြင့္ဟခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ကြင္းလယ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္အတြက္ အသင္းေဟာင္း စပို႔တင္းလစၥဘြန္းထံ ထပ္တိုး ေျပာင္းေ႐ႊ႕ေၾကးေတြ ေပးေခ်ရဦးမွာျဖစ္တာေၾကာင့္ လာမဲ့ေႏြေဈးကြက္အတြက္ အသုံးစားရိတ္ နည္းပါးႏိုင္ေၾကာင္း သိရပါတယ္။

အက္စ္တြန္ဗီလာ အသင္းေခါင္းေဆာင္ ဂ်က္ဂရီးလစ္ရွ္ ဟာ ယူနုိက္တက္နဲ႕ စပါးအသင္းတို႔ ဆီကသာ ကမ္းလွမ္းမႈေတြ ေရာက္လာရင္ ျငင္းဆန္ႏိုင္စြမ္း ရွိမွာ မဟုတ္ဘူးလို႔ ဗီလာ တိုက္စစ္ကစားသမားေဟာင္း အဘြန္လေဟာက မွတ္ခ်က္ျပဳခဲ့ပါတယ္။

ယူနိုက္တက္ဟာ အသင္းရဲ႕ လက္ရွိ တိုက္စစ္မွဴး မာရွယ္ကို မေရာင္းခ်သင့္ေပမယ့္ တိုက္စစ္မွဴးသစ္ ေခၚယူအားျဖည့္ဖို႔ေတာ့ လိုအပ္ေၾကာင္း ဂယ္ရီ နဗီးလ္က တိုက္တြန္းခဲ့ပါတယ္။