ယူနိုက်တက်ဟာ လီဗာကူဆင် ညာစွန် နောက်ခံလူ ဖရင်းပေါင် ကို ဒီတလော လတွေ အတွင်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
လီဗာပူး ကွင်းလယ် ကစားသမား နာဘီ ကိတ်တာ က ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာတော့မှာပါ။ ကိတ်တာ က စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ ကမ်းလှမ်းမှုတွေ လက်ခံစဉ်းစားတော့မှာ ဖြစ်တယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ခဲ့ပါတယ်။
လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီ အသင်း ကမ်းလှမ်းတဲ့ စာချုပ်သစ်က ကြီးမားတဲ့ လစာ လျှော့ချမှုကို လက်မခံရင် အလွတ်နဲ့ အသင်းပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လုခ်ရှောဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်ထိ အတူ ရှိစေမယ့် စာချုပ်သစ် တစ်ရပ် လက်မှတ်ရေးထိုး သက်တမ်းတိုးလိုက်ပါပြီ။
အာဆင်နယ်နဲ့ ချယ်ဆီးတို့ ချိန်ရွယ်နေတဲ့ အသက် ၂၁ နှစ် အရွယ် ကွင်းလယ် ကစားသမား အိုနာနာ ကို အဲဗာတန် အသင်းက ပေါင် သန်း ၇ဝ လို့ ဈေး သတ်မှတ်လိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ် ဟာ အန်ဆယ်လော့တီ နေရာ ဆက်ခံဖို့ လီဗာပူးနည်းပြ ယာဂင်ကလော့ပ် ကို ပစ်မှတ် ထားနေကြောင်း သတင်းကြီးလာပါတယ်။ အခြား ပစ်မှတ်တွေကတော့ ပိုချက်တီနို၊ ဇာဗီ အလွန်ဆိုနဲ့ အသင်း ဂန္တဝင် ရာအူးလ်တို့ပါ။

ချယ်ဆီးအသင်းရဲ့ နည်းပြလောင်း စာရင်းမှာ လက်ရှိ ဘရိုက်တန် နည်းပြ ဒီဇာဘီ ကို ထည့်သွင်း မထားပါဘူး။ ချယ်ဆီးက ဘရိုက်တန် အသင်း အပေါ် လေးစားမှုထားတဲ့ အနေနဲ့ ဒီလို ရည်ရွယ်တာ ဖြစ်တယ် လို့ သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြလာပါတယ်။
ဘိုင်ယန် ဘုတ်အဖွဲ့ဟာ ဧပြီ-မေ လထဲမှာ ကန်ဆယ်လို ကိစ္စ အတွက် နည်းပြ တူချယ်နဲ့ ဆွေးနွေးမှာပါ။ လက်ရှိ စာချုပ် ပါ အတိုင်း ယူရို သန်း ၇ဝ နဲ့တော့ ကန်ဆယ်လို ကို လုံးဝ ခေါ်ယူမှာ မဟုတ်ဘဲ မန်စီးတီးနဲ့ ဈေး ညှိနှိုင်းဖွယ်သာ ရှိပါတယ်။
အက်စတွန်ဗီလာ ကွင်းလယ်လူ ဖိလစ် ကော်တင်ညို ကို ခေါ်ယူဖို့ ဆော်ဒီကလပ် တစ်သင်းက များပြားတဲ့ ပမာဏနဲ့ ကမ်းလှမ်းဖွယ် ရှိပါတယ်။
