ဂျက် ဝီရှိုင်းယား ကိုင်တွယ်နေတဲ့ အာဆင်နယ် လူငယ် အသင်းဟာ မန်ချက်စတာ စီးတီးကို ၂-၁ နဲ့ အနိုင်ယူပြီး အက်ဖ်အေ လူငယ်ဖလား ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ဗိုလ်လုပွဲမှာ တဖက်က တက်လာမယ့် ဝက်စ်ဟမ်း – ဆောက်သမ်တန် အတွဲမှ နိုင်တဲ့ အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပါ။
လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ကတော့ အန်းဖီးမှာ အာဆင်နယ်ကို အခက်တွေ့အောင် လုပ်မှာ ဖြစ်ကြောင်း ပွဲမတိုင်ခင် ကြိုတင် သတိပေးလိုက်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့ အန်းဖီးမှာ သွားရောက် ကစားရမယ့် လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲကို ဒိုင်လူကြီး ပေါလ် တီယာနေးက ကိုင်တွယ်မှာ ဖြစ်လို့ ဂန်းနားတွေက စိတ်ပျက်နေကြပါတယ်။
အာဆင်နယ်ဟာ ပေါလ် တီယာနေး ကိုင်တွယ်တဲ့ နောက်ဆုံး ၅ ပွဲ ဆက် ရှုံးနိမ့်ထားပြီး အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေလည်း ရင်ဆိုင်ခဲ့ရတာပါ။
အင်္ဂလန်အသင်း မန်နေဂျာ ဆောက်ဂိတ်က လူငယ်တိုက်စစ်မှုး ဘာလိုဂန် အား အာဆင်နယ် အသင်းက စီနီယာ အသင်းမှာ နေရာပေးဖို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
လီဗာပူးနဲ့ ပွဲမှာ အာဆင်နယ် ဘက်မှ အားထားရတဲ့ ဗဟိုခံစစ်မှုး ဝီလျံ ဆာလီဘာ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီရာသီ အာဆင်နယ် အတွက် ၂၇ ပွဲ ပါဝင် ပွဲထွက်ထားတဲ့ ဆာလီဘာ က နောက်ကျော ဒဏ်ရာကြောင့် ဒီတလော ပွဲတွေ လွဲချော်နေရပါတယ်။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ဒီကလန်ရိုက်စ် ဟာ ပေါင် သန်း ၁ဝဝ ပေးရအောင် ထိတော့ မတန်ကြောင်း ဂယ်ရီ နဗီးလ်က ထောက်ပြသွားခဲ့ပါတယ်။
ဖရန့်ဖတ် အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် Jesper Lindstrom ကို အာဆင်နယ် အသင်းက ချိတ်ဆက်နေကြောင်း ဂျာမနီ သတင်းတွေမှာ ဖော်ပြလာပါတယ်။ ဒိန်းမတ်သားဟာ ဒီရာသီ ၃၁ ပွဲ ကစားပြီး ၉ ဂိုး သွင်း ၄ဂိုး ထောက်ပံ့မှု လုပ်ထားပါတယ်။
အာဆင်နယ် အသင်းက နည်းပြ အာတီတာကို လက်လွှတ်ရရင် ဘရိုက်တန် နည်းပြ ဒီဇာဘီ ကို ခေါ်ယူ အစားထိုးဖို့ ပစ်မှတ်ထား ချိန်ရွယ်နေပါတယ်။
