တော်မီနေး ဈေးသတ်မှတ်ခြင်း၊ အပြီး ပြောင်းချင်နေတဲ့ ဆာဘစ်ဇာ၊ ဒေးဗစ် ရာယာ တန်ကြေးနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

လိဂ်တူးကလပ် နယူးပို့တ် ကောင်တီအသင်းမှာ ကစားနေတဲ့ မန်ချက်စတာ ယူနိုက်တက် လူငယ်လေး ချာလီ မက်နေးလ် ဟာ သောကြာနေ့ က ပွဲမှာလည်း ဂိုး သွင်းခဲ့ပြန်ပါတယ်။ ယူနိုက်တက် ကြယ်ပွင့်လေးက နောက်ဆုံး ကစားထားတဲ့ ၃ ပွဲမှာ ၂ဂိုး ထိ သွင်းထားပြီ ဖြစ်ပါတယ်။

ဟယ်ရီ ကိန်းကို အရ ခေါ်ယူမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြေးလမ်းထဲမှာ ဘိုင်ယန်မြူးနစ်ကတော့ ဝင်မပါဘူးလို့ သိရပါတယ်။ စပါး တိုက်စစ်မှုးကို နွေမှာ အရ ခေါ်ယူဖို့ နည်းပြ တန်ဟက်က စိတ်ပိုင်းဖြတ်ထားတာပါ။

အင်္ဂလန် သတင်းတွေ အဆိုအရ မန်ချက်စတာ ယူနိုက်တက် ဟာ ကွင်းလယ် ကစားသမား တော်မီနေးကို ပေါင် သန်း ၅ဝ လို့ ဈေးသတ်မှတ်လိုက်ကြောင်း သိရပါတယ်။ နယူးကာဆယ် အသင်းက တော်မီနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

စပိန်ဘက်က သတင်းတွေ အဆိုအရ ဘာစီလိုနာ အသင်းဟာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ အန်ဆု ဖာတီ ကို နွေမှာ ရောင်းချတော့မယ် လို့ သိရပါတယ်။

ဘရန့်ဖို့ဒ် အသင်းဟာ သက်တမ်းတိုး စာချုပ်ကို ငြင်းပယ်နေတဲ့ ဂိုးသမား ဒေးဗစ် ရာယာ အား ယူရို သန်း ၄ဝ ရရင် ရောင်းချတော့မယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။ ၎င်းကို ယူနိုက်တက်က ပစ်မှတ်ထားနေပါတယ်။

ကွင်းလယ် ကစားသမား ဆာဘစ်ဆာ က ယူနိုက်တက်ထံ အပြီး ပြောင်းရွှေ့လိုနေပြီး ဘိုင်ယန်ကတော့ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း – သန်း ၃ဝ ကြားလောက် ရရင် နွေမှာ ရောင်းချဖွယ် ရှိပါတယ်။