လက္စတာ Vs မန္ခ်က္စတာ ယူနိုက္တက္ ပြဲ အတြက္ မိုက္ကယ္အို၀င္ သံုးသပ္ခန္႔မွန္းခ်က္

ချန်ပီယံလိဂ် ဝင်ခွင့် အဆုံးအဖြတ် ဖြစ်သွားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ မှာ ယူနိုက်တက်က လက်စတာနဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး ကင်းပါဝင် ကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။

ပွဲချိန် ကတော့ ဇူလိုင် ၂၆ ရက် (တနင်္ဂနွေနေ့) ည ၉း၃၀ နာရီ မှာ ဖြစ်ပြီး ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” လက်စတာက အခုဆို နောက်ဆုံး ကစားထားတဲ့ ၈ ပွဲမှာ နှစ်ပွဲသာ အနိုင်ရရှိထားပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေတဲ့ လက်စတာဟာ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ကန်မှသာ နောက်ရာသီ ချန်ပီယံလိဂ် ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။ သရေ ဆိုရင်လည်း ရကောင်း ရမှာ ဖြစ်ပေမယ့် ချယ်ဆီးက ဝုဗ်ကိုရှုံုးမှသာ လက်စတာ အခွင့်အရေး ရနိုင်မှာပါ။

မန်ချက်စတာ ယူနိုက်တက် အတွက်တော့ သရေဖြစ်ဖြစ် အနိုင် ရရင် ဖြစ်ဖြစ် ချန်ပီယံလိဂ် ဝင်ခွင့် ရမှာ ဖြစ်ပါတယ်။ အရှုံး ရလဒ် ဆိုရင်တော့ ဝုဗ်က ချယ်ဆီးကို အနိုင် ကန်မလား ကို စောင့်ကြည့်ရမှာ ဖြစ်ပြီး ကမ္ဘာ့ဘောလုံးလောကမှာ အကြီးကျယ်ဆုံး ပြိုင်ပွဲ ဝင်ခွင့်ကို လက်လွှတ်သွားရ နိုင်ပါတယ်။

ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ကစားထားတဲ့ လေးပွဲမှာ နှစ်ပွဲ သရေ၊ တစ်ပွဲ ရှုံးထားသော်လည်း ယုံကြည်မှု လျော့နည်းနေတဲ့ လက်စတာ အတွက်တော့ သူတို့က အစွမ်းထက်လွန်းတဲ့ ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ အိုလေ ဂန်းနား ဆိုးရှားရဲ့ အသင်းသားတွေက ဇယားထိပ်ကို တက်ဖို့ ၃-၁ လောက်နဲ့ အနိုင်ယူနိုင်လောက်ပါတယ်။ ” လို့ အိုဝင်က ဆိုပါတယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ နှစ်သင်းလုံး ဂိုးသွင်းပြီး ယူနိုက်တက် အနိုင် (သို့) လက်စတာ ၁-၃ ယူနိုက်တက်

Zawgyi – ခ်န္ပီယံလိဂ္ ၀င္ခြင့္ အဆံုးအျဖတ္ ျဖစ္သြားမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၈ မွာ ယူနိုက္တက္က လက္စတာနဲ႕ ထိပ္တိုက္ေတြ႕ဆံုေနျပီး ကင္းပါ၀င္ ကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရမွာပါ။

ပြဲခ်ိန္ ကေတာ့ ဇူလိုင္ ၂၆ ရက္ (တနဂၤေႏြေန႔) ည ၉း၃၀ နာရီ မွာ ျဖစ္ျပီး ဒီပြဲ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” လက္စတာက အခုဆို ေနာက္ဆံုး ကစားထားတဲ့ ၈ ပြဲမွာ နွစ္ပြဲသာ အနုိင္ရရွိထားပါတယ္။ ဒီလို ေျခစြမ္းေကာင္းေတြ ေပ်ာက္ဆံုးေနတဲ့ လက္စတာဟာ မန္ခ်က္စတာ ယူနိုက္တက္ကို အနုိင္ကန္မွသာ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ကစားခြင့္ ရရွိမွာ ျဖစ္ပါတယ္။ သေရ ဆိုရင္လည္း ရေကာင္း ရမွာ ျဖစ္ေပမယ့္ ခ်ယ္ဆီးက ၀ုဗ္ကိုရွံုဳးမွသာ လက္စတာ အခြင့္အေရး ရနုိင္မွာပါ။

မန္ခ်က္စတာ ယူနိုက္တက္ အတြက္ေတာ့ သေရျဖစ္ျဖစ္ အနုိင္ ရရင္ ျဖစ္ျဖစ္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရမွာ ျဖစ္ပါတယ္။ အရွံုး ရလဒ္ ဆိုရင္ေတာ့ ၀ုဗ္က ခ်ယ္ဆီးကို အနုိင္ ကန္မလား ကို ေစာင့္ၾကည့္ရမွာ ျဖစ္ျပီး ကမၻာ့ေဘာလံုးေလာကမွာ အၾကီးက်ယ္ဆံုး ျပိဳင္ပြဲ ၀င္ခြင့္ကို လက္လႊတ္သြားရ နုိင္ပါတယ္။

ယူနိုက္တက္ဟာ ျပိဳင္ပြဲစံု ေနာက္ဆံုး ကစားထားတဲ့ ေလးပြဲမွာ နွစ္ပြဲ သေရ၊ တစ္ပြဲ ရွံဳးထားေသာ္လည္း ယံုၾကည္မႈ ေလ်ာ့နည္းေနတဲ့ လက္စတာ အတြက္ေတာ့ သူတို႔က အစြမ္းထက္လြန္းတဲ့ ျပိဳင္ဘက္ေတြ ျဖစ္ပါတယ္။ အိုေလ ဂန္းနား ဆိုးရွားရဲ႕ အသင္းသားေတြက ဇယားထိပ္ကို တက္ဖို႔ ၃-၁ ေလာက္နဲ႕ အနုိင္ယူနိုင္ေလာက္ပါတယ္။ ” လို႔ အို၀င္က ဆိုပါတယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ နွစ္သင္းလံုး ဂိုးသြင္းျပီး ယူနိုက္တက္ အနိုင္ (သို႔) လက္စတာ ၁-၃ ယူႏုိက္တက္