ချယ်ဆီး Vs ဝုဗ် ပွဲစဉ် အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီး အသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ နောက်ဆုံးပွဲထိ လှုပ်ရှားရတော့မှာ ဖြစ်ပြီး ခက်ခဲမယ့် ပြိုင်ဘက် ဝုဗ် အသင်းနဲ့ တွေ့ဆုံနေပါတယ်။

ပွဲချိန် ကတော့ ဇူလိုင် ၂၆ ရက် (တနင်္ဂနွေနေ့) ည ၉း၃၀ နာရီ ဖြစ်ပြီး စတန်းဖို့ဘရစ်ချ်မှာ ယှဉ်ပြိုင်ကြမှာပါ။ ဒီပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ချယ်ဆီးဟာ အန်းဖီးလ်မှာ လီဗာပူးတို့နဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ပြီးမှာ ရှုံးနိမ့်ခဲ့ရတာကြောင့် ဒီပွဲကနေ အနည်းဆုံး သရေ တစ်မှတ် ရဖို့ လိုအပ်နေပါတယ်။ ဝုဗ်ကလည်း ယူရိုပါလိဂ် ဝင်ခွင့် အတွက် ကြိုးစားနေတဲ့ အသင်း ဖြစ်တာကြောင့် စတန်းဖို့ ဘရစ်ချ်မှာ အမှတ်ရဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ဟာ တိုက်စစ်မှာ သူ့ အသင်း စွမ်းဆောင်ပြနေတာ အတွက် ကျေနပ်မှာ ဖြစ်ပေမယ့် တည်ကန်ဘောတွေ၊ ထောင့်ကန်ဘောတွေ ကနေ ဂိုးတွေ ဆက်တိုက်ဆိုသလို ပေးနေရတာ အတွက် စိုးရိမ်နေမှာပါ။ ဒီရာသီ ထောင့်ကန်ဘောတွေ ကနေ ချယ်ဆီး ပေးဂိုး ၁၀ ဂိုး ထိ ရှိသွားခဲ့ပါပြီ။ ချယ်ဆီးထက် ပိုပေးထားရတာ ဆိုလို့ နောဝစ်ချ်သာ ရှိပြီး ၁၂ ဂိုး ပေးထားရပါတယ်။

ဝုဗ် ကတော့ ဒီပွဲမှာ အနိုင်ရရင် အဆင့် ၆ နေရာ အတွက် အာမခံချက် ရမှာ ဖြစ်ပြီး ယူရိုပါလိဂ် ဝင်ခွင့် ရမှာပါ။ စပါးကတော့ သူတို့နောက် တစ်မှတ် အကွာမှာ ရှိနေတာကြောင့် နည်းနည်း ခြေချော်တာနဲ့ အခွင့်အရေး လက်လွှတ်ရမှာ ဖြစ်ပါတယ်။ ဒီပွဲက ခက်ခဲပြီး စိတ်လှုပ်ရှားစရာ ပွဲ ဖြစ်မှာပါ။ အပြာရောင်တပ်သားတွေပဲ နိုင်မှာပါ။ ” လို့ အိုဝင်က ဆိုပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်က ချယ်ဆီး 2-1 ဝုဗ် ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္းဟာ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔ ေနာက္ဆံုးပြဲထိ လႈပ္ရွားရေတာ့မွာ ျဖစ္ျပီး ခက္ခဲမယ့္ ျပိဳင္ဘက္ ၀ုဗ္ အသင္းနဲ႕ ေတြ႔ဆံုေနပါတယ္။

ပြဲခ်ိန္ ကေတာ့ ဇူလိုင္ ၂၆ ရက္ (တနဂၤေႏြေန႔) ည ၉း၃၀ နာရီ ျဖစ္ျပီး စတန္းဖို႔ဘရစ္ခ်္မွာ ယွဥ္ျပိဳင္ၾကမွာပါ။ ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ခ်ယ္ဆီးဟာ အန္းဖီးလ္မွာ လီဗာပူးတို႔နဲ႕ ခက္ခက္ခဲခဲ ယွဥ္ျပိဳင္ျပီးမွာ ရွံဳးနိမ့္ခဲ့ရတာေၾကာင့္ ဒီပြဲကေန အနည္းဆံုး သေရ တစ္မွတ္ ရဖို႔ လိုအပ္ေနပါတယ္။ ၀ုဗ္ကလည္း ယူရိုပါလိဂ္ ၀င္ခြင့္ အတြက္ ၾကိဳးစားေနတဲ့ အသင္း ျဖစ္တာေၾကာင့္ စတန္းဖို႔ ဘရစ္ခ်္မွာ အမွတ္ရဖို႔ ၾကိဳးစားမွာ ျဖစ္ပါတယ္။

ဖရန္႔လမ္းပတ္ဟာ တိုက္စစ္မွာ သူ႔ အသင္း စြမ္းေဆာင္ျပေနတာ အတြက္ ေက်နပ္မွာ ျဖစ္ေပမယ့္ တည္ကန္ေဘာေတြ၊ ေထာင့္ကန္ေဘာေတြ ကေန ဂိုးေတြ ဆက္တိုက္ဆိုသလို ေပးေနရတာ အတြက္ စိုးရိမ္ေနမွာပါ။ ဒီရာသီ ေထာင့္ကန္ေဘာေတြ ကေန ခ်ယ္ဆီး ေပးဂိုး ၁၀ ဂိုး ထိ ရွိသြားခဲ့ပါျပီ။ ခ်ယ္ဆီးထက္ ပိုေပးထားရတာ ဆိုလို႕ ေနာ၀စ္ခ်္သာ ရွိျပီး ၁၂ ဂိုး ေပးထားရပါတယ္။

၀ုဗ္ ကေတာ့ ဒီပြဲမွာ အနိုင္ရရင္ အဆင့္ ၆ ေနရာ အတြက္ အာမခံခ်က္ ရမွာ ျဖစ္ျပီး ယူရိုပါလိဂ္ ၀င္ခြင့္ ရမွာပါ။ စပါးကေတာ့ သူတို႔ေနာက္ တစ္မွတ္ အကြာမွာ ရွိေနတာေၾကာင့္ နည္းနည္း ေျခေခ်ာ္တာနဲ႕ အခြင့္အေရး လက္လႊတ္ရမွာ ျဖစ္ပါတယ္။ ဒီပြဲက ခက္ခဲျပီး စိတ္လႈပ္ရွားစရာ ပြဲ ျဖစ္မွာပါ။ အျပာေရာင္တပ္သားေတြပဲ နုိင္မွာပါ။ ” လို႔ အို၀င္က ဆိုပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္က ခ်ယ္ဆီး 2-1 ဝုဗ္ ျဖစ္ပါတယ္။