မန်ချက်စတာ ယူနိုက်တက်ရဲ့ ဆီဗီလာ အသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပထမ အကျော့ ပွဲကတော့ ထင်သလို မဖြစ်ခဲ့ဘဲ ၂-၂ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဆီမီးဖိုင်နယ် တက်ဖို့ အဆုံးအဖြတ်ဟာ နောက်တစ်ပတ် စပိန်မြေမှာမှ အဖြေပေါ်လာမှာပါ။
သရဲနီဟောင်းကြီး ပေါစခိုးလ်ကတော့ ညက ပွဲအပြီး သူ စိုးရိမ်မိတာတွေကို ဖွင့်ဟခဲ့သလို ယူနိုက်တက် ဆီမီးတက်နိုင်ခြေ ဘယ်လောက် ရှိမလဲ ဆိုတာကိုလည်း သုံးသပ်လာခဲ့ပါတယ်။

” နောက်ပွဲ အတွက် နည်းနည်း စိုးရိမ်မိတာက လင်ဒီလော့ဖ်နဲ့ မက်ဂွဲရား အတွဲပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ပွဲ မကစားရတာ ကြာပြီလေ။ ဒါပေမယ့် ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။
တိုက်စစ်ပိုင်း အရ ကြည့်မယ် ဆိုရင် ကျနေ်ာတို့ အဆင်ပြေမှာပါ။ ဘရူနို ဖာနန်ဒက်စ် က ပွဲပယ်ခံရမှာ ဆိုပေမယ့် အဲရစ်ဆန် ပြန်လာနေပြီဆိုတာ သတိရပါဦး။ သူသာ ပွဲထွက် ကစားရင် ဖန်တီးမှုတွေက ရှိနေလိမ့်မယ်။
ယူနိုက်တက်က စပိန်မြေမှာ ဂိုးတွေ သွင်းနိုင်လိမ့်မယ် ထင်ပါတယ်။ မာရှယ်ကလည်း ကြံ့ခိုင်မှု ပြည့်နေရင် အသင့် ရှိနေမှာပါ။ အန်တိုနီလည်း ဒီညပွဲမှာ သက်ဝင်လှုပ်ရှားနိုင်ခဲ့တယ်။
အဲဒီတော့ အဝေးကွင်းကို သွားပြီး နိုင်ပွဲ ယူနိုင်စွမ်းကတော့ ရှိနေတယ်။ ဒါပေမယ့် ဆီဗီလာက ယူရိုပါလိဂ်မှာ လုပ်ဆောင်ပြထားတာတွေကို လေးစားဖို့တော့ လိုတယ်။ ဒီတော့ ခုကနေ ပြောမယ် ဆိုရင် နောက်တစ်ကျော့က ယူနိုက်တက် အတွက် အခွင့်အရေး ၅၀-၅၀ ရှိမယ့် ပွဲပါ။ ” လို့ စခိုးလ်က သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးဖို့ နာရီဝက်လောက် အလိုမှ လူစားဝင် ကစားခဲ့တဲ့ တိုက်စစ်မှုး ဗက်ဟောက်စ်ကိုတော့ ပေါစခိုးလ်က စိတ်တိုင်း မကျဘဲ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ တိုက်စစ်မှုး တစ်ဦးဟာ မှန်ကန်တဲ့ ဂိုးပေါက် ကန်ချက်တွေတော့ လုပ်ရမယ်လေ လို့ သရဲနီဟောင်းကြီးက အားမရစွာ ဆိုခဲ့တာပါ။
