အာဆင်နယ် ပစ်မှတ်တွေထဲက တစ်ဦးဖြစ်တဲ့ ဘရိုက်တန် ကွင်းလယ်သမား မက် အယ်လစ္စတာဟာ ဈေးကွက် အစောပိုင်းမှာတင် သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးသွားမယ်လို့ သိရပါတယ်။
နယူးကာဆယ်ရဲ့ အဓိက အသင်းသား စိန့်မက်ဆီမင်ဟာ အာဆင်နယ် အသင်းနဲ့ ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ၎င်းက တံကောက်ကြော ဒဏ်ရာကြောင့် သီတင်းပတ် အတော်ကြာ နားရတော့မှာပါ။
အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အလားအလာ ကောင်းဆဲ ဖြစ်ပေမယ့် သူတို့ ယှဉ်နေရတာက လိဂ်သမိုင်းမှာ အကောင်းတကာ့ အကောင်းဆုံး ပုံစံ ပြသနေတဲ့ မန်စီးတီး အသင်း ဖြစ်နေတယ် လို့ ရွိုင်ကိန်းက ဆိုခဲ့ပါတယ်။

အာဆင်နယ် ချိန်ရွယ်နေတဲ့ ဝက်စ်ဟမ်း ကွင်းလယ် ဒီကလန်ရိုက်ကို ခေါ်ယူဖို့ လီဗာပူးဘက်က အသေးစိတ် ကိစ္စတွေ လိုက်ပါ စုံးစမ်းနေပြီး ၎င်းတို့ဟာ ဘယ်လင်ဟမ် အစားထိုးအဖြစ် ရိုက်ကို မျက်စိကျလာတာပါ။
ဒဏ်ရာကြောင့် နားနေခဲ့ရတဲ့ တိုက်စစ်မှုး အန်ကတ်တီးယားက ဒီအပတ် ဝက်စ်ဟမ်းနဲ့ ပွဲ အမှီ အာဆင်နယ်နဲ့ အတူ ပြန် ပါဝင်နိုင်ဖွယ် ရှိပါတယ်။
ဗင်နီးဆီးယက်စ်ဟာ လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ဘယ်တောင်ပံ သမားဖြစ်ကြောင်း အွန်နရီက ဝန်ခံခဲ့ပြီး မကြာခင် အဲ့ဂုဏ်ပုဒ်ကို လုယူဖို့ မာတင်နယ်လီကလည်း ထွန်းတောက်လာနေပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။
မန်စီးတီး ကွင်းလယ်လူ ရိုဒရီက သူတို့အသင်းဟာ ပြိုင်ဘက်တိုင်းကို အနိုင်ယူမယ့် ခံယူချက် ရှိနေကြောင်း ပြောဆိုပြီး အမှတ်ပေးဖလား ပြိုင်ဘက် အာဆင်နယ်ကို သတိပေးခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ် တောင်ပံသမား မိုက်ကယ် အိုလစ်စ် ကို နွေမှာ ခေါ်ယူဖို့ အာဆင်နယ်က စောင့်ကြည့်လာပါတယ်။ အလားအလာ ကောင်းတွေ ရှိနေတဲ့ အိုလစ်စ် ကို ဆာကာ နေရာ အရန် အဖြစ် အာတီတာက ရည်ရွယ်နေပါတယ်။
