ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (24/07/20)

မန်ချက်စတာ ယူနိုက်တက်ဟာ မြို့ခံ ပြိုင်ဘက် မန်စီးတီးမှ အသက် ၁၆ နှစ် အရွယ် အံ့ဖွယ် လူငယ်တိုက်စစ်သမားလေး ချာလီ မက်နေးလ် ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ အင်္ဂလန် လူငယ်လေးဟာ စီးတီးအကယ်ဒမီအသင်းတွေ အတွက် သွင်းဂိုး ၆၀၀ ကျော်ခဲ့ပြီ ဖြစ်ပြီး ၎င်းကို ဝုဗ်နဲ့ လိဒ် ယူနိုက်တက်တို့ကလည်း စောင့်ကြည့်နေပါတယ်။

ဒီတစ်ပတ် ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် လက်စတာအသင်းမှ ဂိုးသမား ကပ်စပါ ရှမိုက်ကယ်ကတော့ ဝေဖန်မှုတွေ ခံနေရတဲ့ ယူနိုက်တက် ဂိုးသမား ဒီဂီယာ ကို စာနာမိကြောင်း ကာကွယ် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်မှာ ကွင်းလယ်ကစားသမား ပေါ့ဘာ အမှားလုပ်မိရင် ဝိုင်းပြောဆိုကြပေမယ့် ဒီတလော ခြေစွမ်းကျဆင်းနေတဲ့ တိုက်စစ်မှူး ရက်ဖို့ဒ် ကိုတော့ ဘယ်သူမှ ဝေဖန်ထောက်ပြမှု မရှိကြောင်း ယူနိုက်တက် ခံစစ်မှူးဟောင်း အီဗရာက ပြောဆိုခဲ့ပါတယ်။

အင်တာမီလန် အသင်းသား ဖြစ်ပြီး ဘိုင်ယန်မှာ အငှား သွားရောက် ကစားနေခဲ့တဲ့ ခရိုအေးရှား တောင်ပံတိုက်စစ်သမား အိုင်ဗန် ပါရီဆစ်ကို ခေါ်ဖို့ ယူနိုက်တက်တို့ ထပ်မံ စိတ်ဝင်စားဟန် ပြသလာပါတယ်။

ယူနိုက်တက် အရန် ဂိုးသမား အာဂျင်တီးနား လက်ရွေးစင် ဆာဂျီယို ရိုမဲရိုး ကို ခေါ်ယူဖို့ အဲဗာတန်နဲ့ လိဒ်တို့ က စိတ်ဝင်စားနေကြောင်း အင်္ဂလန် သတင်းဌာန်တွေက ဖော်ထုတ်လိုက်ပါတယ်။

ကိုဗစ်ကာလ အလွန် ဘောလုံးပွဲတွေ ပြန်လည် စတင်ချိန်မှာ ယူနိုက်တက်မှ အငှားထွက် ကစားနေတဲ့ ချီလီတိုက်စစ်သမား ဆန်းချက်က ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် အင်တာမီလန်က ဆန်းချက်ကို အပြီးခေါ်ဖို့ စိတ်အားထက်သန်လာပါတယ်။

လက်ရှိ မန်ချက်စတာ ယူနိုက်တက်ဟာ လီဗာပူး၊ မန်စီးတီး တို့နဲ့တော့ အလှမ်းဝေး ပြတ်ကျနေဆဲ ဖြစ်ပြီး ၎င်းတို့ကို လိုက်မှီဖို့ ခြေလှမ်း ရှေ့တိုး ပြင်ဆင်ရဦးမယ်လို့ နည်းပြ ဆိုးရှားက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Zawgyi – မန်ချက်စတာ ယူနိုက်တက်ဟာ မြို့ခံ ပြိုင်ဘက် မန်စီးတီးမှ အသက် ၁၆ နှစ် အရွယ် အံ့ဖွယ် လူငယ်တိုက်စစ်သမားလေး ချာလီ မက်နေးလ် ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ အင်္ဂလန် လူငယ်လေးဟာ စီးတီးအကယ်ဒမီအသင်းတွေ အတွက် သွင်းဂိုး ၆၀၀ ကျော်ခဲ့ပြီ ဖြစ်ပြီး ၄င်းကို ၀ုဗ်နဲ့ လိဒ် ယူနိုက်တက်တို့ကလည်း စောင့်ကြည့်နေပါတယ်။






လက်ရှိ မန်ချက်စတာ ယူနိုက်တက်ဟာ လီဗာပူး၊ မန်စီးတီး တို့နဲ့တော့ အလှမ်းဝေး ပြတ်ကျနေဆဲ ဖြစ်ပြီး ၄င်းတို့ကို လိုက်မှီဖို့ ခြေလှမ်း ရှေ့တိုး ပြင်ဆင်ရဦးမယ်လို့ နည်းပြ ဆိုးရှားက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။