အာဆင်နယ်က ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ဘရာဟင် ဒီယက်ဇ် ကို လည်း နွေအတွက် ချိတ်ဆက်နေကြောင်း သတင်း ထွက်နေပါတယ်။ ၎င်းက အေစီမီလန်မှာ အငှား ကစားရင်း ခြေစွမ်းပြနေသူပါ။
ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ် ကတော့ ဒီတပတ် ထိပ်တိုက် တွေ့ဆုံမှာ အာဆင်နယ်ကို အခက်တွေ့အောင် လုပ်မှာ ဖြစ်ကြောင်း ပွဲကြို သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ နွေက ခေါ်ယူမှု နှစ်ခု ဖြစ်တဲ့ ဂျေးဆုနဲ့ ဇင်ချန်ကို ဟာ အာဆင်နယ် အသင်းထံ မတူညီတဲ့ ခြားနားမှု ယူဆောင်ပေးကာ ပြောင်းလဲစေခဲ့ကြောင်း နည်းပြ အာတီတာက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမား Ryan Gravenberch ကို လာမယ့်နွေ ခေါ်ယူဖွယ် ရှိတဲ့ အသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်နေပါတယ်။ အလားအလာကောင်းတွေ အများကြီးရှိသူ ဖြစ်ပေမယ့် အသက် ၂ဝ အရွယ် ကွင်းလယ်သမားဟာ လောလောဆယ် ရုန်းကန်နေရသူပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက အာဆင်နယ် ချိတ်ဆက် မေးမြန်းခဲ့တဲ့ ကွင်းလယ်လူ ကန်တေကို ချယ်ဆီးနည်းပြ လမ်းပတ် က စည်းရုံးနေပါတယ်။ ကန်တေဟာ ရာသီကုန်ရင် ချယ်ဆီးနဲ့ စာချုပ် ကုန်ဆုံးပြီ ဖြစ်ပါတယ်။
ဘောလုံးပွဲ သုံးသပ်သူ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ လော်ရိုးကတော့ ဒီအပတ် ဝက်စ်ဟမ်းနဲ့ ကန်မယ့် လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ်က ၁-၁ သရေ ရလဒ်သာ ထွက်ပေါ်မယ်လို့ ခန့်မျန်းထားပါတယ်။
နောက်ခံလူ ဆာလီဘာက ဒီအပတ် ဝက်စ်ဟမ်းနဲ့ ပွဲ ပါဝင်နိုင်မှာ မဟုတ်ပေမယ့် သီတင်းပတ် အနည်းငယ် အတွင်း ပြန် ပါဝင် ကစားနိုင်တော့မယ်လို့ အာတီတက အသိပေးခဲ့ပါတယ်။
