ချယ်ဆီးဟာ ဘာစီလိုနာကွင်းလယ်လူ ဂါဗီကို ခေါ်ယူဖို့အတွက် သူ့ကို ပရီးမီးယားလိဂ်မှာ လုပ်ခအများဆုံး ကစားသမား စာရင်းဝင်အောင် လုပ်ခပေးဖို့ ပြင်ဆင်ထားပါတယ်။
လီဗာပူးအသင်း ဟာ ဘရိုက်တန်ကွင်းလယ်လူ မက် အလစ်စတာကို ဒီနွေရာသီ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ် ခဲ့ပါတယ်။
တိုက်စစ်မှုး ဟယ်ရီကိန်းဟာ ယူနိုက်တက်နဲ့ ဘိုင်ယန်တို့ဆီက စိတ်ဝင်စားမှုကို ရနေပေမယ့်လည်း စပါးက နည်းပြသစ် ခန့်အပ်လိုက်တာနဲ့ အသင်းမှာ စာချုပ်သစ်ကိစ္စကို ပြန်သုံးသပ်ဖို့ စောင့်ဆိုင်းသွားမှာဖြစ်ပါတယ်။

ချယ်ဆီးဟာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရပဲနဲ့တောင် နာပိုလီ တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူနိုင်တယ်လို့ ယုံကြည်မှု ရှိနေပါတယ်။
ပဲလေ့စ် တိုက်စစ်မှူး ဇာဟာက ရာသီကုန်မှာ ဖရီးအေးဂျင့် ဖြစ်လာတဲ့အခါ ဆော်ဒီကိုသွားဖို့ အခွင့်အရေး ရှိပေမယ့် ငြင်းပယ်ပြီး ဥရောပမှာပဲ ဆက်ကစားသွားမှာ ဖြစ်ပါတယ်။ ဇာဟာ ကို ရော်နယ်ဒို ကစားနေတဲ့ အယ်နာဆာ ကလပ် က ခေါ်ယူလိုနေတာပါ။
စီးတီးနဲ့ လီဗာပူးဟာ လက်ရှိ ဘရိုက်တန်မှာ အငှားချထားတဲ့ ချယ်ဆီး နောက်ခံလူ လက်ဗီ ကိုလ်ဝဲကို ခေါ်ဖို့ အပြိုင် မျက်စိကျနေပါတယ်။
ကိုလ်ဝဲ အပြင် လီဗာပူးဟာ ချယ်ဆီးရဲ့ အင်္ဂလန်ကွင်းလယ်လူတွေဖြစ်တဲ့ ဂယ်လာဂါနဲ့ မေဆန်မောင့်တို့ကိုလဲ စိတ်ဝင်စားနေတာပါ။ ဒါပေမယ့် ချယ်ဆီးကတော့ မောင့်ကို စာချုပ်သစ်ချုပ်ဖို့အတွက် နောက်ဆုံးအကြိမ် ထပ်ကြိုးစားဦးမှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ သူတို့ရဲ့ ဘဏ္ဍာရေးစာရင်းကို မျှတစေဖို့အတွက် အသင်းကြီးကစားသမား ၉ယောက်လောက်ကို ရောင်းချနိုင်ဖွယ်ရှိပြီး အဲ့ထဲမှာ ပူလီဆစ်လဲ ပါဝင်နေပါတယ်။
မန်စီးတီးဟာ ပို့စ်မောက်ရဲ့ ၁၆နှစ်သား တောင်ပံနောက်ခံလူ ကိုဘီမော့တိုကို စောင့်ကြည့်နေတဲ့ ကလပ်များစွာထဲ ပါဝင်နေပါတယ်။
ဘာစီလိုနာဟာ ဂန်ဒိုဂမ်အတွက် မန်စီးတီးနဲ့ အပြောင်းအရွှေ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ရိုးမားအသင်းဟာ ဒီနွေရာသီမှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် ဖာမင်နိုကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
ဖူလ်ဟမ်ဟာ ယူနိုက်တက်အတွက် ပစ်မှတ်ဖြစ်တဲ့ ကွင်းလယ်လူ ပါလင်ညာအတွက် တန်ကြေးကို ပေါင်သန်း ၆၀ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ မန်စိးတီးဟာ အင်တာမီလန် ဗဟိုနောက်ခံလူ ဘာစတိုနီကို နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
