ဘယ်လင်ဟမ်ကို သေချာချင်တဲ့ စီးတီး၊ အလစ်စတာ တန်ကြေး၊ ချူအာမန်နီ၊ ကိုဝဲလ်၊ ဂါဗီ တို့နဲ့ ညပိုင်း အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးအသင်းဟာ ဘရိုက်တန်မှာ အငှားချထားတဲ့ ယူ၂၁နောက်ခံလူ လက်ဗီ ကိုလ်ဝဲကို ရောင်းချဖို့ ဆန္ဒမ ရှိပါဘူး။ သူဟာ နောက်ရာသီမှာ စတန်းဖို့ဒ်ဘရစ်ချ်က အသင်းကြီးလူစာရင်းထဲ ပါဝင်သွားမှာပါ။

ဘာစီလိုနာနဲ့ အင်တာမီလန်ဟာ ဖရန့်ကက်ဆီနဲ့ မာဆယ်လို ဘရိုဇိုဗစ် ပါဝင်တဲ့ အလဲအလှယ် စာချုပ်လုပ်ဖို့ ဆွေးနွေး ခဲ့ပါတယ်။

မန်စီးတီးဟာ ဒီနွေမှာ ဒေါ့မွန်ကနေ ဂျူ့ဒ်ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အနီးစပ်ဆုံး အနေအထား ဖြစ်နေပေမယ့် ၁၉နှစ် သား ကွင်းလယ်လူ ဟာ ပက် ဂွာဒီယိုလာနဲ့ အလုပ် တွဲလုပ်ချင်တာ သေချာစေချင် နေပါတယ်။

ဘရိုက်တန်ဟာ ကွင်းလယ်လူ မက် အလစ်စတာအတွက် တန်ကြေးကို ပေါင် သန်း ၆၀-၇၀ ကြား သတ်မှတ် ထားပေ မယ့် ချယ်ဆီး၊ လီဗာပူး၊ ယူနိုက်တက်တို့က အသည်းအသန် လိုချင်နေတာကြောင့် ဈေးပိုရနိုင်တယ်လို့ မျှော်လင့်နေ ပါတယ်။

ချူအာမန်နီဟာ ရီးရဲလ်မက်ဒရစ်မှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရပေမယ့် ရီးရဲလ်ကတော့ ကမ်းလှမ်းမှုတွေကို စဉ်းစားပေးသွားမှာ မဟုတ်ဘူး။

ဘာစီလိုနာ နည်းပြ ဇာဗီဟာ ချယ်ဆီးနဲ့ ချိတ်ဆက်ခံခဲ့ရတဲ့ ကွင်းလယ်လူ ဂါဗီအနေနဲ့ တခြားကလပ်ထံ ပြောင်းရွှေ့သွားရင် ပျော်မှာ မဟုတ်ဘူး လို့ ယူဆနေပါတယ်။

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်အပေါ် စိတ်ဝင်စားမှုကို အရှိန်မြှင့်တင်လာခဲ့ပါတယ်။

လိုက်ပ်ဇစ်ဟာ ဒီနွေမှာ ချယ်ဆီးထံ ပြောင်းရွှေ့တော့မယ့် အန်ကွန်ကူနေရာကို အစားထိုးဖို့အတွက် ရိမ်းစ်မှာ ခြေစွမ်းပြ နေတဲ့ အာဆင်နယ် အငှားတိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ကို စိတ်ဝင်စားနေပါတယ်။

စပါးအသင်းဟာ အဲရစ်ဒိုင်ယာကို ၂၀၂၆အထိ ၃နှစ်စာချုပ်သစ်ချုပ်ဖို့ စကားပြောဆိုမှု လုပ်ခဲ့ပေမယ့် နည်းပြသစ် ဘယ်သူပဲ ဖြစ်လာလာ ဒီကိစ္စကို မြန်မြန်အပြီးသတ်ချင်နေပါတယ်။

ယူနိုက်တက်ထံ အပြီးသတ်ပြောင်းရွှေ့ဖို့ ဆာဘစ်ဇာရဲ့ အခွင့်အရေးတွေဟာ ဘိုင်ယန်မြူးနစ်ဘက်က သူတို့ခေါ်ဈေးကို ပေါင်၂၅သန်းအထိ လျှော့ချပေးမှရမှာ ဖြစ်ပါတယ်။

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ဟာ ဗဟိုနောက်ခံလူ ဂျိုဝယ် မာတစ်ကို ဒီနွေမှာ ထွက်ခွာခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရတ်က နည်းပြ စတိဗ်ကူးပါးကို ထုတ်ပယ်မယ်ဆိုရင် အစားထိုးခန့်အပ်မယ့် သူတို့ရဲ့ နည်းပြသစ် ဆန်ကာတင်စာရင်းထဲမှာ ပဲလေ့စ် နည်းပြဟောင်း ပက်ထရစ် ဗီအဲရာက ဦးဆောင်နေပါတယ်။