ကြေးမြင့်မယ့် ယူနိုက်တက် လူငယ်၊ မက်ဂွဲရားကို မကျေနပ်မှု၊ မာရှယ် အနာဂတ်နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မနေ့ညက ပွဲမှာ မက်ဂွဲရား လက်ထိဘော ကျူးလွန်ခဲ့တာ အတွက် အနီကတ်ပြ မထုတ်ပယ်တဲ့ အပေါ် ဖောရက်စ် နည်းပြ စတိကူးပါးက ပေါက်ကွဲ ပြစ်တင်နေပါတယ်။

ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းမှာ အငှားသွား ကစားရင်း ဂိုးသွင်းခြေစွမ်းပြနေတဲ့ အာမက် ဒီယာလို ကို ယူနိုက်တက် ရောင်းချမယ် ဆိုရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရမှာ ဖြစ်တယ်လို့ ဆန်းဒါးလန် နည်းပြ တိုနီက ဆိုပါတယ်။ ဒါပေမယ့် ၎င်းကတော့ ဒီယာလို ကို နောက်တစ်ရာသီ အငှား ထပ်ခေါ်လိုနေပါတယ်။

အဲရစ်တန်ဟက်က တိုက်စစ်မှုး မာရှယ်ကို နောက်ရာသီမှာလည်း အသင်းမှာ ဆက်ရှိအောင် ထိန်းထားလိုကြောင်း ဝန်ခံလာပါတယ်။ ဒါပေမယ့် မာရှယ်ရဲ့ ကြံ့ခိုင်မှု အနေအထားကြောင့် အခြေအနေ ကို စောင့်ကြည့်ရဖွယ် ရှိပါတယ်။

ဖောရက်စ်နဲ့ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်း လုပ်စဉ် ဆာဘစ်ဇာ ဒဏ်ရာ ရသွားတာကြောင့် ဝင်ကစားရတဲ့ အပေါ် အဲရစ်ဆန်ကတော့ ပြသနာ မရှိကြောင်းနဲ့ ဘယ်အချိန်မဆို ပါဝင် ကစားဖို့ အသင့် ပြင်ထားကြောင်း ဆိုခဲ့ပါတယ်။

မနေ့ညက ဖောရက်စ်နဲ့ ပွဲမှာလည်း ယူနိုက်တက်က ဂိုး မပေးခဲ့ရတာကြောင့် ဒီဂီယာရဲ့ ဒီရာသီ clean sheet ရတဲ့ ပွဲက ၁၄ ပွဲ ထိ ရှိနေပြီး ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု အတွက် ထိပ်ဆုံးကနေ အလားအလာကောင်းနေပါတယ်။

ယူနိုက်တက် အငှား ခေါ်ထားတဲ့ တိုက်စစ်မှုး ဗက်ဟောက်စ်ဟာ လုံလောက် ကောင်းမွန်မှု မရှိသလို ဆက် ခေါ်ထားဖို့လည်း အရည်အသွေး သက်သေပြနိုင်ခြင်း မရှိဘူးလို့ တိုက်စစ်သမားဟောင်းကြီး ဆာဟာ က သုံးသပ် ခဲ့ပါတယ်။