နူနက်စ် ကို ချိန်ရွယ်ခြင်း၊ အင်္ဂလန်က ခွာချင်တဲ့ ဂရင်းဝုဒ်၊ ဆန်ကာတင် ဝင်တဲ့ အသင်းသား ၄ဦးနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အပတ်က နောက်ခံလူ ၉ ဦးရှိပြီး ဒီတပတ်မှာ ၄ ဦးသာ ကျန်တော့ကာ ပြိုင်ပွဲ ၃ ခုမှာ ပါဝင် ယှဉ်ပြိုင် နေရကြောင်း နည်းပြ တန်ဟက်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဝုဗ်ကွင်းလယ် ကစားသမား မက်သီရပ်စ် နူနက်စ် ကို မျက်စိကျနေပြီး နွေမှာ ခေါ်ယူဖို့ လှုပ်ရှားဖွယ် ရှိနေပါတယ်။ ၎င်းကို လီဗာပူး၊ နယူးကာဆယ် အပြင် ဘာစီလိုနာကပါ ချိတ်ဆက်နေတာပါ။

ယူနိုက်တက်က စာချုပ်သစ်မှာ လစာကို သိသိသာသာ လျှော့ချထားပေမယ့် ဂိုးသမား ဒီဂီယာဟာ သက်တမ်းတိုး စာချုပ်ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေပါတယ်။

FiveThirtyEight ရဲ့ စူပါကွန်ပျူတာကတော့ ယူရိုပါလိဂ်မှာ ယူနိုက်တက်က ဆီမီးတက်နိုင်ခြေ ၆၀%၊ ဗိုလ်လုပွဲ တက်နိုင်ခြေ ၃၅ % ရှိပေမယ့် ဗိုလ်စွဲနိုင်ခြေကတော့ ၁၉% သာ ရှိတယ်လို့ ဆိုထားပါတယ်။

ယူရိုပါလိဂ် ဗိုလ်စွဲနိုင်ခြေ အများဆုံး အဖြစ် ဖီယွန်နု အသင်းက ရွေးချယ်ခံထားရပြီး ၂၁% ချန်ပီယံ ဖြစ်နိုင်ခြေ ရှိတယ် ဆိုထားတာကြောင့် ယူနိုက်တက်နဲ့တော့ သိပ် မကွာဘူး ဖြစ်နေပါတယ်။

ယူနိုက်တက်ဟာ ဆန်းဒါးလန်းထံ အငှားချထားတဲ့ အာမက် ဒီယာလို ကို ပြန်ခေါ်ပြီး နောက်ရာသီမှာ တန်ဟက်က နေရာပေးဖို့ ရည်ရွယ်ထားကြောင်း မန်ချက်စတာ ညနေခင်းသတင်းက ဆိုပါတယ်။

မေဆန် ဂရင်းဝုဒ် က အင်္ဂလန်ကို စွန့်ခွာပြီး တခြား နိုင်ငံမှာ ကစားသမားဘဝ ပြန်လည် စတင်ဖို့ စိတ်အား ထက်သန်နေပါတယ်။ ယူနိုက်တက် ကြယ်ပွင့်လေးကို အေစီမီလန်က စိတ်ဝင်စားနေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဒီရာသီ အကောင်းဆုံး ၁၁ ယောက် အသင်း အတွက် ဆန်ကာတင်ထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းသား ၄ဦး ထိ ပါဝင်နေပါတယ်။ ၎င်းတို့ကတော့ ရက်ဖို့ဒ်၊ မာတီနက်ဇ်၊ ကာစီမီရိုနဲ့ လုခ်ရှော တို့ ဖြစ်ပါတယ်။