အားထားရတဲ့ ဗဟို နောက်ခံလူ ဆာလီဘာက မကြာခင် ထရိန်နင် ပြန်ဆင်းတော့မှာ ဖြစ်လို့ အာဆင်နယ် အားတက်နေပေမယ့် ပြင်သစ် လက်ရွေးစင်ဟာ မန်စီးတီးနဲ့ပွဲမှာ ပါဝင် ကစားနိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။
အာဆင်နယ်အသင်း ဟာ ဒဏ်ရာကြောင့် ဝက်စ်ဟမ်းနဲ့ပွဲမှာ ထွက်လိုက်ရတဲ့ ဇင်ချန်ကို ကို ဆောက်သမ်တန်နဲ့ ပွဲအတွက် လူစာရင်းမှာ ပြန်ထည့်သွင်းနိုင်ဖို့ ယုံကြည်မှု ရှိနေပါတယ်။
ပင်နယ်တီ လွဲလို့ စိတ်ပျက်နေခဲ့တဲ့ ဆာကာ ဟာ ငယ်ရွယ်ပြီး စိတ်ဓာတ်ပိုင်း သန်မာသူ ဖြစ်လို့ ပြန် ရုန်းထ လာနိုင်လိမ့်မယ် ယုံကြည်ကြောင်း အသင်းဖော် ရှာကာ က အားပေးလိုက်ပါတယ်။

အက်စ်တွန်ဗီလာဟာ အမ်မရီလက်အောက် လွန်ခဲ့တဲ့ ၄နှစ်က အမ်းမရိတ်စ်ကနေ ထွက်ခွာခွင့် မရခဲ့တဲ့ ရစ်နယ်ဆန်ကို ဒီနွေမှာ ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ အဲ့အတွက် သူတို့ဟာ ဘရိုက်တန်၊ ဝက်စ်ဟမ်းတို့နဲ့ ပြိုင်ဆိုင်ရနိုင်ပါတယ်။
ဒဏ်ရာကြောင့် ကွင်းဘေးမှာပဲ အချိန်ကုန်နေရပေမယ့် ဒီရာသီ အစောပိုင်းမှာ အာဆင်နယ်က တစ်နှစ် သက်တမ်းတိုး ခဲ့တဲ့အတွက် ကျေးဇူးတင် ကျေနပ်ခဲ့ရကြောင်း အယ်နီနီက ထုတ်ဖော် ပြောဆိုလာပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ နည်းပြ အန်ဆယ်လော့တီ နေရာ အာတီတာနဲ့ အစားထိုးဖို့ ရေပန်းစားနေပြီ လို့ ရီယို ဖာဒီနန်က သုံးသပ် ပြောဆိုလာခဲ့ပြီး အာဆင်နယ်က ၎င်းတို့ နည်းပြကို ဆက်ထိန်းထားမယ် ယုံကြည်ကြောင်းလည်း သရဲနီဟောင်းကြီးက ဆိုခဲ့ပါတယ်။
မန်စီးတီးနဲ့ အာဆင်နယ် ပွဲစဉ်ကို ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ က ကိုင်တွယ်မယ်လို့ သိရပြီး အိုလီဗာ ကိုင်တဲ့ ပွဲတွေမှာ အာဆင်နယ်က ၁၆ ပွဲ ရှုံးဖူးကာ မန်စီးတီးက ၃၁ ပွဲ ထိ နိုင်ဖူးကြောင်း သိရပါတယ်။
