ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (25/07/20)

ယူနိုက်တက် ကွင်းလယ်ကစားသမား ဖရက်ကချန်ပီယံလိဂ် ဝင်ခွင့်ဟာ ကလပ်အသင်း အတွက်ရော ကစားသမားတွေ အတွက်ပါ အလွန် အရေးကြီးကြောင်း ရှင်းလင်း ပြောဆိုလာခဲ့ပြီး ယူနိုက်တက်ဟာ နောက်ရာသီ ဥရောပထိပ်သီးပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို့ပါ ရည်မှန်းထားကြောင်း ဆိုခဲ့ပါတယ်။

နည်းပြ ဆိုးရှားကတော့ ယူနိုက်တက်ဟာ ပြည်တွင်းမှာ တတိယ အကောင်းဆုံး အသင်း ဖြစ်နေခဲ့တာ ကြာပြီ ဖြစ်ကြောင်းနဲ့ ထိပ်တန်း နှစ်သင်းကို အမှီလိုက်ဖို့ တော်တော် ကြိုးစားရဦးမှာ ဖြစ်တယ်လို့ ဝန်ခံ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် ကွင်းလယ် တိုက်စစ်သမား လင်ဂတ်က ကလပ်အသင်းကို ချစ်မြတ်နိုးပေမယ့် ပွဲကစားခွင့် မရတာကြောင့် မပျော်ရွှင်နိုင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီး ဒီပုံအတိုင်း ဆို အသင်း ပြောင်းရွှေ့ဖို့ ကြိုးစားရတော့မှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

လင်ဂတ် နည်းတူ ပွဲကစားခွင့် မရတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားနေတဲ့ နောက်ထပ် အသင်းသားကတော့ ယူနိုက်တက် အရန် ဂိုးသမား ရိုမဲရိုး ဖြစ်ပြီး အာဂျင်တိုင်းသား အတွက် ယူနိုက်တက်က ပေါင် ၄ သန်း ဈေးသတ်မှတ်ထားပါတယ်။

ယူနိုက်တက်အသင်းဟာ ဂျာမန်ထိပ်တန်းကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ကင်းစလေ ကိုးလ်မန်းကို ခေါ်ဖို့ စိတ်ဝင်စားနေပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ ထိပ်တိုက်တွေ့မယ့် လက်စတာအသင်းရဲ့ နည်းပြ ဘရန်ဒန် ရော်ဂျာ ကတော့ ထိုပွဲမှာ ယူနိုက်တက်ကိုသာ အနိုင် ကစားနိုင်ရင် တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ တဖွဖွ ချီးကျူးမှုကို ခံရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ပို ဖိအားများနေတဲ့ အသင်းက ယူနိုက်တက် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လိုင်လီ ခံစစ်မှူး ဂါဘရီရယ် မာဂယ်ဟေးစ်ကို စောင့်ကြည့်နေဆဲ ဖြစ်ပြီး အသက် ၂၂ နှစ် အရွယ် ကစားသမားကို အဲဗာတန်၊ အင်တာနဲ့ နာပိုလီ တို့ကလည်း ချိတ်ဆက်နေပါတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္ကစားသမား ဖရက္ကခ်န္ပီယံလိဂ္ ၀င္ခြင့္ဟာ ကလပ္အသင္း အတြက္ေရာ ကစားသမားေတြ အတြက္ပါ အလြန္ အေရးၾကီးေၾကာင္း ရွင္းလင္း ေျပာဆိုလာခဲ့ျပီး ယူနုိက္တက္ဟာ ေနာက္ရာသီ ဥေရာပထိပ္သီးျပိဳင္ပြဲၾကီးမွာ ဗိုလ္စြဲဖို႔ပါ ရည္မွန္းထားေၾကာင္း ဆိုခဲ့ပါတယ္။

နည္းျပ ဆိုးရွားကေတာ့ ယူနုိက္တက္ဟာ ျပည္တြင္းမွာ တတိယ အေကာင္းဆံုး အသင္း ျဖစ္ေနခဲ့တာ ၾကာျပီ ျဖစ္ေၾကာင္းနဲ႕ ထိပ္တန္း နွစ္သင္းကို အမွီလိုက္ဖို႔ ေတာ္ေတာ္ ၾကိဳးစားရဦးမွာ ျဖစ္တယ္လို႔ ၀န္ခံ ေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ ကြင္းလယ္ တိုက္စစ္သမား လင္ဂတ္က ကလပ္အသင္းကို ခ်စ္ျမတ္နုိးေပမယ့္ ပြဲကစားခြင့္ မရတာေၾကာင့္ မေပ်ာ္ရႊင္နုိင္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ျပီး ဒီပံုအတိုင္း ဆို အသင္း ေျပာင္းေရႊ႕ဖို႔ ၾကိဳးစားရေတာ့မွာ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

လင္ဂတ္ နည္းတူ ပြဲကစားခြင့္ မရတာေၾကာင့္ အသင္းေျပာင္းဖို႔ စဥ္းစားေနတဲ့ ေနာက္ထပ္ အသင္းသားကေတာ့ ယူနုိက္တက္ အရန္ ဂိုးသမား ရိုမဲရိုး ျဖစ္ျပီး အာဂ်င္တိုင္းသား အတြက္ ယူနိုက္တက္က ေပါင္ ၄ သန္း ေစ်းသတ္မွတ္ထားပါတယ္။

ယူႏိုက္တက္အသင္းဟာ ဂ်ာမန္ထိပ္တန္းကလပ္ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ကင္းစေလ ကိုးလ္မန္းကို ေခၚဖို႔ စိတ္ဝင္စားေနၿပီး ေဆြးေႏြးမႈေတြ ျပဳလုပ္ေနျပီလို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ ေနာက္ဆံုးပြဲမွာ ထိပ္တိုက္ေတြ႔မယ့္ လက္စတာအသင္းရဲ႕ နည္းျပ ဘရန္ဒန္ ေရာ္ဂ်ာ ကေတာ့ ထိုပြဲမွာ ယူနိုက္တက္ကိုသာ အနုိင္ ကစားနိုင္ရင္ တစ္ကမၻာလံုးက ပရိသတ္ေတြရဲ႕ တဖြဖြ ခ်ီးက်ဴးမႈကို ခံရမွာ ျဖစ္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔ ပို ဖိအားမ်ားေနတဲ့ အသင္းက ယူနိုက္တက္ ျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ လိုင္လီ ခံစစ္မွဴး ဂါဘရီရယ္ မာဂယ္ေဟးစ္ကို ေစာင့္ၾကည့္ေနဆဲ ျဖစ္ျပီး အသက္ ၂၂ နွစ္ အရြယ္ ကစားသမားကို အဲဗာတန္၊ အင္တာနဲ႕ နာပိုလီ တို႔ကလည္း ခ်ိတ္ဆက္ေနပါတယ္။