အာဆင်နယ်အသင်းဟာ အသင်း ဘဏ္ဍာရေး ထိခိုက်မှုတွေ ရှိလာတဲ့အပြင် အသုံးစရိတ်လည်း နည်းပါးတာကြောင့် လာမယ့် အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရမယ့် ကစားသမားတွေနဲ့ အလဲအထပ်လုပ် ခေါ်လို့ ရမယ့် ကစားသမားတွေကိုသာ ပစ်မှတ်ထားတော့မှာ ဖြစ်ကြောင်း အင်္ဂလန် သတင်းဌာနတွေက ဖော်ထုတ်လိုက်ပါတယ်။
ဂန်းနားတွေရဲ့ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ပိုမို ခက်ခဲသွားပြီး ကလပ်အသင်းဟာ ကစားသမားတွေနဲ့ နည်းပြ အဖွဲ့တွေကို တစ်နှစ် လစာရဲ့ ၁၂.၅ % ထိ လျှော့ချ ဖြတ်တောက်တော့မှာ ဖြစ်ပါတယ်။
နည်းပြ အာတီတာက လာမယ့်နွေမှာ ကစားသမား အင်အားဖြည့်တာတွေ လုပ်နိုင်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် အခုလို ဘဏ္ဍာရေး အခက်အခဲ ရှိလာတာကြောင့် အပြောင်းအရွှေ့မှာ အသင်း အဆင်ပြေစေမယ့် ဗျူဟာမျိုးကိုသာ သုံးစွဲရဖို့ ဖြစ်လာပါတယ်။ ကစားသမားတွေနဲ့ လစာ လျှော့ဖို့ ညှိနှိုင်းစဉ်ကလည်း အသင်းသားတွေက အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေကို သိရှိလိုနေကြပါတယ်။
လုပ်ခလစာတွေ လျှော့ပေးတာက ကစားသမားသစ်တွေ ခေါ်ယူရာမှာ ငွေပိုသုံးဖို့ ရှိသလား ဂန်းနားတွေက သိလိုခဲ့ကြတာပါ။ ဒါပေမယ့် ဒေးလီးမေးလ် ဖော်ထုတ်မှု အရတော့ အာဆင်နယ်ဟာ ၂၀၁၈ က မီခီတာရန်ကို ဆန်းချက်နဲ့ အလဲအထပ်လုပ် ခေါ်ယူခဲ့စဉ်ကလိုပဲ အိတ်ထဲက ငွေမထုတ်ရဘဲ အလဲအထပ် လုပ်နိုင်တာမျိုးကိုသာ ပို အာရုံစိုက် လုပ်ေ်ဆာင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ကစားသမား အလဲ အထပ်ဟာ နာမည်ကျော် ကြယ်ပွင့် ကစားသမားတွေနဲ့တော့ လုပ်ဆောင်နိုင်တာက ရှားပါးတယ် ဆိုရမှာပါ။ ဒါကြောင့် အာဆင်နယ် အနေနဲ့ လက်ရှိကလပ်တွေနဲ့ စာချုပ် ကုန်လို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရနိုင်မယ့် ကစားသမားတွေကိုလည်း ပစ်မှတ်ထားနိုင်မှာ ဖြစ်ပါတယ်။
ချယ်ဆီး တောင်ပံတိုက်စစ်သမား ဝီလီယံတို့လို ဝါရင့်ပြီး စာချုပ်ကုန်တော့မယ့် ကစာသမားတွေက အာဆင်နယ် အကြိုက် ဖြစ်ပါတယ်။ လီဗာပူး ကွင်းလယ် ကစားသမား အဒမ် လယ်လာနာကိုလည်း ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရနိုင်တာ ဖြစ်လို့ အာဆင်နယ်တို့ မျက်စိကျနေပါတယ်။
အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေက လက်ရှိ ကစားသမားတွေနဲ့ ဆွေးနွေးမှုမှာလည်း သက်ရောက်မှု ရှိနိုင်ပါတယ်။ တိုက်စစ်မှူး အူဘာမီးယန်းဟာ အာဆင်နယ်နဲ့ သက်တမ်းတိုးဖို့ သဘောတူညီမှု မပေးသေးဘဲ အသင်းရဲ့ ရည်မှန်းချက်နဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်လိုကြောင်း ဆိုထားပါတယ်။
Zawgyi – အာဆင္နယ္အသင္းဟာ အသင္း ဘ႑ာေရး ထိခိုက္မႈေတြ ရွိလာတဲ့အျပင္ အသံုးစရိတ္လည္း နည္းပါးတာေၾကာင့္ လာမယ့္ အေျပာင္းအေရႊ႕မွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရမယ့္ ကစားသမားေတြနဲ႕ အလဲအထပ္လုပ္ ေခၚလို႔ ရမယ့္ ကစားသမားေတြကိုသာ ပစ္မွတ္ထားေတာ့မွာ ျဖစ္ေၾကာင္း အဂၤလန္ သတင္းဌာနေတြက ေဖာ္ထုတ္လိုက္ပါတယ္။
ဂန္းနားေတြရဲ႕ အေျပာင္းအေရႊ႕ အသံုးစရိတ္ဟာ ကိုရုိနာဗိုင္းရပ္စ္ ရိုက္ခတ္မႈေၾကာင့္ ပိုမို ခက္ခဲသြားျပီး ကလပ္အသင္းဟာ ကစားသမားေတြနဲ႕ နည္းျပ အဖြဲ႕ေတြကို တစ္နွစ္ လစာရဲ႕ ၁၂.၅ % ထိ ေလွ်ာ့ခ် ျဖတ္ေတာက္ေတာ့မွာ ျဖစ္ပါတယ္။
နည္းျပ အာတီတာက လာမယ့္ေႏြမွာ ကစားသမား အင္အားျဖည့္တာေတြ လုပ္နုိင္ဖို႔ ေမွ်ာ္လင့္ထားခဲ့ေပမယ့္ အခုလို ဘ႑ာေရး အခက္အခဲ ရွိလာတာေၾကာင့္ အေျပာင္းအေရႊ႕မွာ အသင္း အဆင္ေျပေစမယ့္ ဗ်ဴဟာမ်ိဳးကိုသာ သံုးစြဲရဖို႔ ျဖစ္လာပါတယ္။ ကစားသမားေတြနဲ႕ လစာ ေလွ်ာ့ဖို႕ ညွိနိႈင္းစဥ္ကလည္း အသင္းသားေတြက အာဆင္နယ္ရဲ႕ အေျပာင္းအေရႊ႕ အစီအစဥ္ေတြကို သိရွိလိုေနၾကပါတယ္။
လုပ္ခလစာေတြ ေလွ်ာ့ေပးတာက ကစားသမားသစ္ေတြ ေခၚယူရာမွာ ေငြပိုသံုးဖို႔ ရွိသလား ဂန္းနားေတြက သိိလုိခဲ့ၾကတာပါ။ ဒါေပမယ့္ ေဒးလီးေမးလ္ ေဖာ္ထုတ္မႈ အရေတာ့ အာဆင္နယ္ဟာ ၂၀၁၈ က မီခီတာရန္ကို ဆန္းခ်က္နဲ႕ အလဲအထပ္လုပ္ ေခၚယူခဲ့စဥ္ကလိုပဲ အိတ္ထဲက ေငြမထုတ္ရဘဲ အလဲအထပ္ လုပ္နုိင္တာမ်ိဳးကိုသာ ပို အာရံုစိုက္ လုပ္ေ္ဆာင္ေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။
ကစားသမား အလဲ အထပ္ဟာ နာမည္ေက်ာ္ ၾကယ္ပြင့္ ကစားသမားေတြနဲ႕ေတာ့ လုပ္ေဆာင္နုိင္တာက ရွားပါးတယ္ ဆိုရမွာပါ။ ဒါေၾကာင့္ အာဆင္နယ္ အေနနဲ႕ လက္ရွိကလပ္ေတြနဲ႕ စာခ်ဳပ္ ကုန္လို႔ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရနိုင္မယ့္ ကစားသမားေတြကိုလည္း ပစ္မွတ္ထားနုိင္မွာ ျဖစ္ပါတယ္။
ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား ၀ီလီယံတို႔လို ၀ါရင့္ျပီး စာခ်ဳပ္ကုန္ေတာ့မယ့္ ကစာသမားေတြက အာဆင္နယ္ အၾကိဳက္ ျဖစ္ပါတယ္။ လီဗာပူး ကြင္းလယ္ ကစားသမား အဒမ္ လယ္လာနာကိုလည္း ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရနုိင္တာ ျဖစ္လို႔ အာဆင္နယ္တို႔ မ်က္စိက်ေနပါတယ္။
အာဆင္နယ္ရဲ႕ အေျပာင္းအေရႊ႕ လႈပ္ရွားမႈေတြက လက္ရွိ ကစားသမားေတြနဲ႕ ေဆြးေႏြးမႈမွာလည္း သက္ေရာက္မႈ ရွိနုိင္ပါတယ္။ တိုက္စစ္မွဴး အူဘာမီးယန္းဟာ အာဆင္နယ္နဲ႕ သက္တမ္းတိုးဖို႔ သေဘာတူညီမႈ မေပးေသးဘဲ အသင္းရဲ႕ ရည္မွန္းခ်က္နဲ႕ အေျပာင္းအေရႊ႕ လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္လိုေၾကာင္း ဆုိထားပါတယ္။