ဒေးလီးမေးလ် သတင်း အဆိုအရ ဆာလီဘာရဲ့ ဒဏ်ရာက ပြင်းထန်မှု ရှိနေပြီး အလောတကြီး ပြန် ကစားစေမယ် ဆိုရင် ဒဏ်ရာကို ပို ဆိုးသွားစေနိုင်တဲ့ အခြေအနေ ရှိနေကြာင်း သိရပါတယ်။
ဒီည မန်စီးတီးနဲ့ ပွဲမှာ ကွင်းလယ် ကစားသမား ရှာကာ ပါဝင် နိုင်ဖို့ မသေချာကြောင်း အာဆင်နယ် နည်းပြ အာတီတာက ဖွင့်ဟလာပါတယ်။
အာဆင်နယ်က အမှတ်ပေးဖလား ချန်ပီယံ ဖြစ်နိုင်သေးလား ဆိုတဲ့ မေးခွန်းကို အာတီတာက ၁ဝဝ% ဖြစ်နိုင်တယ်လို့ မန်စီးတီးနဲ့ ပွဲကြို အင်တာဗျူးမှာ ယုံကြည်မှု ရှိရှိ ဖြေကြားခဲ့ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ် ပွဲကို ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ ကိုင်တွယ်မှာ ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ အသက် ၃၈ နှစ် အရွယ် ဒိုင်လူကြီး ကိုင်တွယ်တဲ့ ပွဲတွေမှာ အာဆင်နယ်က ၁၇ ပွဲ နိုင်၊ ၁၁ပွဲ သရေ ၁၆ ပွဲ ရှုံးနိမ့်ထားပါတယ်။
လက်ရှိ ဆောက်သမ်တန်မှာ အငှား ထွက်ကစားနေတဲ့ မစ်လန်းနိုင်းစ် က ရာသီကုန်ရင် အာဆင်နယ်က ထွက်ခွာမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ လွဲချော်ခဲ့ရတဲ့ Real Valladolid နောက်ခံလူ Ivan Fresneda က အာဆင်နယ် နည်းပြ အာတီတာရဲ့ စွမ်းဆောင်ချက်တွေကို ချီးကျူးပြီး သဘောကျမိကြောင်း ဖွင့်ဟလာပါတယ်။
အာဆင်နယ်အသင်းဟာ အင်္ဂါနေ့က အမ်းမရိတ်မှာ အက်ဖ်အေ လူငယ်ဖလား ဖိုင်နယ်ပွဲ အဖြစ် ဝက်စ်ဟမ်း အသင်းနဲ့ ယှဉ်ပြိုင်ကစားရာ ဦးဆောင်ဂိုး သွင်းထားနိုင်ပေမယ့် ဝက်စ်ဟမ်းက ၅-၁ နဲ့ အနိုင်ယူ ဗိုလ်စွဲသွားပါတယ်။
စပို့တင်း လစ္စဘွန်း ကွင်းလယ် ကစားသမား Manuel Ugarte ကို လာမယ့်နွေမှာ ခေါ်ယူဖို့ အာဆင်နယ် နည်းပြ အာတီတာက မျက်စိကျနေကြောင်း ပေါ်တူဂီ သတင်းတွေက ဖော်ပြလာပါတယ်။
