ကာတာသန်းကြွယ်တွေရဲ့ အသင်းဝယ်ယူမှု အောင်မြင်သွားရင် မန်ချက်စတာ ယူနိုက်တက်ဟာ ပီအက်စ်ဂျီကြယ်ပွင့် နေမာကို ပထမဆုံး ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကို တန်းတက် လာတဲ့ ပထမရာသီအတွင်း အခြေအနေကောင်းသွားတဲ့နောက် ဖူလ်ဟမ်အတွက် နွေရာသီမှာ ရင်းနှီးမြုပ်နှံမှုတွေ ဆက်လုပ်ဖို့ မာကိုဆေးဗားက ထောက်ခံခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးဟာ ဒီနွေမှာ လိုင်လီတိုက်စစ်မှူး ဂျော်နသန်ဒေးဗစ်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
လက်စတာရဲ့ ကယ်လီချီဟာ ကြွက်သား စုတ်ပြဲဒဏ်ရာ ရသွားတဲ့နောက် ရက်သတ္တပတ်များစွာ အနားယူရတော့မှာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းအပေါ် စိတ်ဝင်စားမှုတွေက ဒီနွေမှာ အားကောင်းလာဖို့ရှိတာနဲ့အတူ ကိန်းဟာ သူ့ရဲ့ ရွေးချယ်စရာ တစ်ခုအဖြစ် စပါးနဲ့ စာချုပ်ကုန်တဲ့အထိ ဆက်နေဖို့ တံခါးဖွင့်ထားပါတယ်။
အဲဗာတန် တန်းဆင်းရမယ် ဆိုရင် လစာအများကြီး လျှော့ခံရမယ့် ကစားသမားတွေနဲ့၊ လစာလျှော့ခံရဖို့ ပူစရာမလိုတဲ့ ကစားသမားတွေကြား ကွဲလွဲမှု ရှိနေပါတယ်။
ချယ်ဆီးရဲ့ ဒဏ်ရာပြဿနာတွေနဲ့ ညံ့ဖျင်းတဲ့ရာသီမှာ ကလပ်ရဲ့ ဆေးအဖွဲ့နဲ့ သက်ဆိုင်တယ်လို့ တချို့က ယုံကြည်နေတာနဲ့ အတူ တော့ဒ်ဘိုးလီကြောင့် အသင်းကနေ ထွက်ခွာသွားရတဲ့ အရိုးအကြောကုထုံးဆရာဝန် ကယ်ဗာရိုကို ၇လကြာ ပြီးနောက် ပြန်လည်ခန့်အပ်ခဲ့ပါတယ်။

စပါးဟာ ချယ်ဆီးထံကနေ ဟယ်ရီကိန်းအတွက် ကြီးမားများပြားတဲ့ ကမ်းလှမ်းမှုတစ်ခုကို မျှော်လင့်နေပါတယ်။
ဟယ်ရီ မက်ဂွိုင်းယားဟာ တန်ဟက်ရဲ့ ယုံကြည်မှုကို မရရှိခဲ့တာကြောင့် ဒီနွေမှာ ယူနိုက်တက်ကနေ ထွက်ခွာရနိုင်တဲ့ စိုးရိမ်မှုတွေ ပိုတိုးလာနေပါတယ်။
နယူးကာဆယ်ဟာ သူတို့ရဲ့ အဓိက ရှပ်စပွန်ဆာအသစ်အဖြစ် အရှေ့အလယ်ပိုင်းကုမ္ပဏီတစ်ခုနဲ့ တစ်နှစ်ကို ပေါင် ၂၅သန်းတန် စာချုပ်သဘောတူညီမှု ရခဲ့ပါတယ်။
ယူနိုက်တက်နဲ့ အာဆင်နယ်ဟာ ၂၀၂၃-၂၄ ရာသီကြို ပြင်ဆင်မှုတွေရဲ့ တစိတ်တပိုင်းအနေနဲ့ ဒီနွေရာသီ နယူးယောက် မှာ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
